မူးလဲစေတတ်တဲ့ အကြောင်းရင်း (၈) ခု
ရုတ်တရက် မူးလဲတယ်၊ သတိလစ်တယ်ဆိုတာ အဖြစ်များကြပါတယ်။ ဦးနှောက်ကိုသွေးရောက်ရှိမှုနည်းတဲ့အခါ(အောက်ဆီဂျင်မလုံလောက်တဲ့အခါ) ရုတ်တရက်သတိမေ့သွားတာဖြစ်ပါတယ်။ စိတ်ထိခိုက်သွားလို့လား၊ အားနည်းသွားလို့လား၊ ဘာလို့မူးလဲရတာလဲ ဆိုတဲ့မေးခွန်းကို ဒီဆောင်းပါးက အဖြေပေးပါလိမ့်မယ်။ မူးလဲရတဲ့အကြောင်းရင်းက –

(၁) ရေဓါတ်မလုံလောက်လို့
ရေလုံလောက်အောင်မသောက်ရင်၊ အရည်ဓါတ်တွေအများကြီးဆုံးရှုံးထားရရင်ရေဓါတ်ခန်းခြောက်နိုင်ပါတယ်။ ဒါဆိုသွေးပေါင်တွေကျပြီး အာရုံကြောစနစ်ကကောင်းကောင်းမထိန်းချုပ်နိုင်တော့ သတိလစ်မေ့မျောသွားနိုင်ပါတယ်။ အကောင်းဆုံးကရေကို လုံလောက်အောင်သောက်ပါ၊ အထူးသဖြင့် အပြင်မှာ အပူချိန်ပြင်းတဲ့အခါ ပိုဂရုစိုက်ပါ။ ဆီးက မကြည်ဘဲနောက်နေတယ်ဆိုရင်ရေပိုသောက်သင့်တဲ့ လက္ခဏာပါ။
ဆီးချိုတက်တဲ့အခါမှာလည်းမူးတတ်တာကြောင့် မူးမေ့တဲ့အခါသွေးဖိအားကိုပုံမှန်ထိန်းပေးတဲ့ အာရုံကြောတွေကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့်မူးလဲတဲ့အခါသွေးပေါင်တအားကျသွားတာမျိုးဖြစ်စေနိုင်လို့ အန္တရာယ်ရှိပါတယ်။
နှလုံးကြွက်သားပျက်စီးခြင်း၊ သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းနဲ့ တခြားနှလုံးနဲ့ဆိုင်တဲ့ရောဂါတွေက ဦးနှောက်ကိုအောက်ဆီဂျင်ပမာဏ အလုံအလောက်မရောက်ရှိနိုင်တဲ့နေအထားတွေဖြစ်စေပါတယ်။ ဒါတွေကို နှလုံးခုန်မူမမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောဟိုက်ခြင်းနဲ့တခြားလက္ခဏာတွေနဲ့ သတိထားမိနိုင်ပါတယ်။
အသက်ရှူမဝဘူး၊လှောင်ပိတ်နေတယ်လို့ခံစားရတဲ့အခါ ပိုပြီးမြန်မြန်အသက်ရှူဖို့ကြိုးစားပါတယ်။ အဲဒီအခါ ဦးနှောက် သွေးကြောတွေက ကျုံ့သွားပြီးအောက်ဆီဂျင်မလုံလောက်တော့ဘဲ မူးမေ့လဲတဲ့အထိဖြစ်စေနိုင်ပါတယ်။ တချို့ဆို ဘတ်စ်ကားကျပ်ရင် မူးလဲသွားတာမျိုးဖြစ်ကြပါတယ်။