brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Vomiting (အန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vomiting (အန်ခြင်း) ကဘာလဲ။

Vomiting (အန်ခြင်း) ဆိုတာ အစာအိမ်တွင်းမှ အရာများကို ပါးစပ်မှ မထိန်းနိုင်ပဲ အားနှင့်ထွက်စေတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။ ပျို့ခြင်းဆိုတာ အန်ခြင်းနဲ့တွဲပြီးလာတတ်တဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ တခါတရံမှာခန္ဓါကိုယ်တွင်းမှ အဆိပ်တွေကို စွန့်ထုတ်တဲ့အနေနဲ့ အန်တာလဲဖြစ်နိုင်ပါတယ်။ အန်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာများစွာရှိပါတယ်။ အန်ခြင်းဖြစ်စေတဲ့ အရာကို ကုခြင်းဟာ အန်ခြင်းအတွက် အကောင်းဆုံး ကုထုံးဖြစ်ပါတယ်။

Vomiting (အန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အန်ခြင်းဟာ အသက်အရွယ် ကျားမ မရွေးဖြစ်တဲ့ အလွန်အဖြစ်များတဲ့ လက္ခဏာဖြစ်ပါတယ်။ အန်ခြင်းဟာ ပျို့ခြင်းနဲ့အတူ ဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ရှိစ အချိန်မှာ၊ ခေါင်းတစ်ခြမ်းကိုက်တဲ့ လူနာတွေမှာ သို့ အစာအဆိပ်သင့်ချိန်တွေမှာ အန်တတ်ပါတယ်။ ကင်ဆာရောဂါသည်တွေမှာ ကင်ဆာဆေးပေးခြင်းကြောင့်လဲ အန်တတ်ပါတယ်။

လက္ခဏာများ

Vomiting (အန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အန်ခြင်းဟာ အခြေအနေတော်တော်များများရဲ့ လက္ခဏာအနေနဲ့ လာတတ်ပါတယ်။ တချို့လက္ခဏာတွေဟာ အန်ခြင်းနှင့် ဒွန်တွဲပြီးလာတတ်ပါတယ်။၎င်းတို့မှာ

• ပျို့ခြင်း

• ဗိုက်အောင့်ခြင်း

• ဝမ်းလျှောခြင်း

• ဖျားခြင်း

• ခေါင်းမကြည်ခြင်း

• မူးဝေခြင်း

• သွေးခုန်နှုန်းမြန်ခြင်း

• ချွဲထွက်လွန်ခြင်း

• အာခြောက်ခြင်း

• ဆီးသွားနည်းခြင်း

အန်ခြင်းနဲ့ ဒွန်တွဲပြီးလာတတ်တဲ့ အရေးကြီးတဲ့လက္ခဏာတွေကတော့

• ရင်ဘတ်အောင့်ခြင်း

• ဗိုက်အောင့်ခြင်း

• သတိလစ်ခြင်း

• စိတ်ရှုပ်ထွေးခြင်း

• အအိပ်လွန်ခြင်း

• သွေးအန်ခြင်း တို့ဖြစ်ကြပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အန်ခြင်းဟာ အဖြစ်များတဲ့ လက္ခဏာဖြစ်သော်လည်း တခြားမြုပ်နေတဲ့ ရောဂါတစ်ခုခုကြောင့်လဲ ဖြစ်တတ်ပါတယ်။ တကယ်လို့ အန်ခြင်းဟာ အောက်ပါအရာတွေနဲ့ တွဲလာခဲ့မယ်ဆိုလျှင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

• ရင်ဘတ်အောင့်ခြင်း

• ဗိုက် ပြင်းပြင်းထန်ထန်အောင့်ခြင်း

• မျက်လုံးေဝဝါးခြင်း

• သတိလစ်ခြင်း

• စိတ်ရှုပ်ထွေးခြင်း

• အေးစက်ပြီး အသားရောင်ဖျော့လာခြင်း

• အပြင်းဖျားခြင်း

• လည်ပင်းတောင့်တင်းခြင်း

• အန်စဉ် မစင်နံ့ သို့ မစင်အရစသာမျိုးရခြင်း

ဖြစ်ပွားမှုအကြောင်းရင်းများ။

အကြောင်းရင်းများ

Vomiting (အန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

vomiting ဖြစ်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• Gastroenteritis: အစာအိမ်အူနံရံများရောင်ခြင်းကြောင့် အန်ခြင်းကို ဖြစ်စေပါတယ်။ ဝမ်းဗိုက်ရောဂါတွေဖြစ်တဲ့ အူပိတ်ခြင်း၊သည်းခြေအိတ်ထိခိုက်ခြင်း၊အစာအိမ်အနာများနှင့် အူအတက်ရောင်ခြင်းတို့တွေဟာ စိုးရိမ်ရတဲ့ ရောဂါတွေဖြစ်ပါတယ်။

• Drug-induced: ကင်ဆာဆေး၊ codeine၊ morphine၊ နှင့် ပဋိဇီဝဆေးတွေကြောင့် ပျို့ခြင်း အန်ခြင်းတွေကို ဖြစ်စေပါတယ်။

• Stress-related psychological problems: bulimia nervosa၊ အစားမမှန်ခြင်း တို့ပါဝင်ပါတယ်။ တခါတရံ ပိန်ချင်တာကြောင့် စားထားတဲ့ အစာတွေကို အားသုံးပြီးပြန်အန်ထုတ်တာလဲ ရှိပါတယ်။

ဖြစ်နိုင်ခြေများ

ဘယ်အရာတွေက vomiting ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

သင့်မှာ ကိုယ်ဝန်ရှိနေလျှင် သို့ အစာအိမ်ရောဂါတစ်ခုခု၇ျိနေပြီဆိုလျှင် အန်ခြင်းကို ဖြစ်ပွားနိုင်ချေများပါတယ်။ အစာအဆိပ်သင့်တာ၊ အစာမကြေတာ၊ သို့ သည်းခြေကျောက်ရောဂါတွေလဲ ပါဝင်ပါတယ်။ ကင်ဆာရောဂါသည်တွေဟာလည်း ဆေးရှိန်၊ ဓါတ်ရောင်ခြည်ဒဏ်တွေကြောင့် အန်နိုင်ပါတယ်။ ကားမူးတတ်တယ့် သူတွေမှာလည်း အန်ဖို့ ဖြစ်နိုင်ချေမြင့်မားပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချမယ်၊ ကြိုတင်ပြီးဆေးသောက်ထားမာ်ဆိုလျှင် အန်တာကို လျော့နည်းစေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vomiting (အန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ လက်တွေ့စမ်းသပ်မှုတွေ၊ သွေးစစ်ခြင်း၊ဆီးစစ်ခြင်းနှင့် ဓါတ်မှန်ရိုက်ခြင်းတို့ဖြင့် အဖြေရှာနိုင်ပါလိမ့်မယ်။ တချို့ဆရာဝန်တွေက သင့်အန်ဖတ်နမူနာယူပြီး စစ်ဆေးပါလိမ့်မယ်။

Vomiting (အန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အန်ခြင်းကို ကုသခြင်းဟာ ဖြစ်ပွားမှုအကြောင်းအရင်းကို ကုသမှုအပေါ်မူတည်ပါတယ်။ အဓိကအားဖြင့်တော့ ကိုယ့်ကိုယ်ကို ရေဓါတ်နှင့် ဓါတ်စားဓါတ် မခန်းခြောက်အောင် ဂရုစိုက်ရမှာ ဖြစ်တယ်။ clear broth သို့မဟုတ် အထူးပြုလုပ်ထားတဲ့ ဓါတ်ဆားထုတ်တွေကို သုံးနိုင်ပါတယ်။ ဆိုးရွားတဲ့ လက္ခဏာတွေ အတွက် ဆေးရုံတက်ပြီး အကြောဆေးသွင်းခြင်းများလိုအပ်ပါတယ်။ ပဋိဇီဝဆေးတွေက ဘက်တီးရီးယားရောဂါတွေကို ကုပေးနိုင်သော်လည်း virus ရောဂါတွေတော့ မကုနိုင်ပါ။ အစာအိမ်ဆေးတွေဖြစ်တဲ့ antacids, histamine-2(H2) blockers, proton pump inhibitors(PPI)တွေဟာလည်း အစာအိမ်ရောဂါနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ သည်းခြေအိတ်ရောဂါ၊ အူအတက်ပေါက်ခြင်းနှင့် အူပိတ်တာတွေဟာ ဆေးရုံတက်ပြီး ခွဲစိပ်သင့်ပါတယ်။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက vomiting ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် vomiting ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• သင်ခဏခဏ အန်နေမယ်ဆိုလျှင် အရည်ပဲသောက်ပါ။ စားနိုင်လျှင် အစာပျောပျော့စစားကြည့်ပါ။ နောက်မှပုံမှန်ပြန်စားပါ။

• သင့်ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင် ညွှန်ကြားတဲ့အတိုင်းဆေးသောက်ပါ။

• သင် ကား၊လှေ၊လေယာဉ်ပျံစီးတဲ့အခါ မူးတတ်လျှင် ထိုင်ခုံမှာ သက်တောင့်သက်သာ မှီထားပြီး အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ရှူပါ။

• ရေချိုးခန်းအိမ်သာနှင့်တွဲရက်အခန်းမှာ နားပါ သို့မဟုတ် အန်ဖို့ဇလုံကြီးကြီးယူထားပါ။

• အကယ်လို့ စားသောက်ပွဲတစ်ခုမှာ တူတူစားမိပြီးနောက်ပိုင်း အန်နေလျှင် ရောဂါဇစ်မြစ်ကို သိနိုင်ဖို့အတွက် ဒေသခံ ကျန်းမာရေးဌာနကို ဆက်သွယ်ပါ။

• အစားအစာတွေကို သေချာ သိုလှောင်၊ ချက်ပြုတ်၊ ကိုင်တွယ် စားသောက်ပါ။

• အိမ်သာတက်ပြီး လက်ဆေးခြင်း အစားအစာမပြင်မှီလက်ဆေးခြင်းတို့ ပြုမူပါ။ မီးဖိုချောင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်စင်အောင်ထားပါ။

ဆရာဝန်ခေါ်သင့်သည့် အချက်များ

• ကုသမှုခံယူပြီးနောက် ၄၈ နာရီ အတွင်း မသက်သာလျှင် သို့ ပိုဆိုးလာခြင်း။

• အန်ပြီးနောက် အနေအထားရုတ်တရက် ပြောင်းလိုက်ချိန်တွင် မိုက်ခနဲ ဖြစ်ခြင်း သို့ မူးဝေခြင်း

• အရည်တောင် မသောက်နိုင်လောက်အောင် အန်တာ ဆိုးရွားခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။