backup og meta

ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။

ကိုယ်တွင်းမှာ အရည်စုပြီး ဖောရောင်လာတယ်ဆိုတဲံ ကိစ္စမျိုးကို လူတိုင်းကြားဖူးကြမှာပါ။ ကိုယ်ပေါ်က တစ်နေရာရာ ဖောင်းလာပြီဆိုတာနဲ့ ဖောနေတာပဲ လို့သာ လွယ်လွယ်ပြောလိုက်ကြတာပါ။ ဖောရောင်ခြင်းမှာလည်း သူ့ အမျိုးအစားသူ ရှိပါတယ်။ ဖြစ်တဲ့အကြောင်းအရာနဲ့ နေရာတွေပေါ်လိုက်ပြီး ဖောရောင်ခြင်း အမျိုးအစားတွေ ကွဲပြားသွားရတာဖြစ်ပါတယ် ။ ဒီတော့ ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိသလဲ ။ ။

ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။

ကွဲပြားခြားနားသော ဖောရောင်ခြင်း အမျိုးအစားများ ။။

( ၁ ) Peripheral edema ကိုယ်ခန္ဓါရဲ့ အပြင်ဘက်ဆုံ အပိုင်းများတွင် ဖောရောင်ခြင်း ။ ။

ကိုယ်ခန္ဓါရဲ့ အပြင်ဘက်ဆုံး အပိုင်းတွေဆိုတာ ခြေထောက်၊ ခြေဖဝါး၊ ခြေကျင်းဝတ်တို့ကို ဆိုလိုချင်တာပါ။ ဒီလိုနေရာတွေမှာ ဖောရောင်တာဖြစ်ရခြင်းကတော့ သွေးလည်ပတ်မှုနဲ့ ပြန်ရည်ကြော လည်ပတ်မှု စနစ်မှာ ပြဿနာတက်တာကြောင့် နဲ့ ကျောက်ကပ်ရောဂါကြောင့် ဖြစ်ရတာပါ။

( ၂ ) Pedal edema

ဒါကတော့ ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးမှာ အရည်တွေစုပြီး ေဖာရောင်တာကို ခေါ်တာပါ။ အသက်ကြီးတဲ့လူတွေနဲ့ ကိုယ်ဝန်သည်တွေ မှာ ပိုအဖြစ်များပါတယ်။

( ၃ ) Lymphedema.

ကိုယ်တွင်းဝင်လာတဲ့ ရောဂါပိုးတွေကို စစ်ထုတ်တဲ့တာဝန်နဲ့ ကိုယ်တွင်းက မလိုတဲ့ပစ္စည်းတွေကို စွန့်ထုတ်တဲ့ တာဝန်တွေယူထားရတဲ့ ကိုယ်တွင်းက ပြန်ရည်ကြော အဖုလေးတွေ ထိခိုက်မိတဲ့အခါမှာ လက်နဲ့ခြေထောက်တို့မှာ အရည်တွေစုပြီး ဖောလာတတ်ပါတယ်။ ဒီလို ပြန်ရည်ကြော အဖုလေးတွေကို ထိခိုက်စေတဲ့ အကြောင်းတွေကတော့ ကင်ဆာကိုယ်တိုင်နဲ့ သူ့ကို ကုသတဲ့နည်းတွေဖြစ်တဲ့ ခွဲစိတ်ခြင်းတို့၊ ဓါတ်ကင်တာတို့ပဲ ဖြစ်ပါတယ်။

( ၄ ) Pulmonary edema အဆုတ်အတွင်း အရည်စုခြင်း

အဆုတ်ထဲက လေအိတ်လေးတွေထဲ အရည်တွေစုနေပြီဆိုရင် သင့် အဆုတ်ထဲမှာ အရည်တွေ စုနေပါပြီ။ သူ့ရဲ့ လက္ခဏာတွေကတော့ အသက်ရှူရခက်တာ၊ လှဲလိုက်ရင်ပိုဆိုးတာ၊ အသက်ရှူမြန် နေတာ၊ ရင်ကြပ်သလိုဖြစ်နေတာ၊ ချောင်းဆိုး သွေးပါတာတွေပဲ ဖြစ်ပါတယ်။

( ၅ ) ဦးနှောက်အတွင် းအရည်စုခြင်း

ခေါင်းကို ထိခိုက်မိတဲ့အခါ ၊ဦးနှောက်မှာ ကင်ဆာ အကျိတ်တည်ပြီး သွေးကြောတွေကို ဖိမိတာကြောင့် သွေးကြောဖောင်းတာ ၊ ပေါက်တာတွေကနေ ဦးနှောက်အတွင်း အရည်စုတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

( ၆ ) Macular edema ( မျက်လုံးတွင်း အရည်စုခြင်း )

မြင်လွှာရဲ့ အလည်တည့်တည့်မှာရှိတဲ့ macula လို့ခေါ်တဲ့ အလင်းကို အာရုံခံနိုင်တဲ့ အစိတ်အပိုင်းက သွေးကြောလေးတွေ ထိခိုက်မိသွားရာကနေ မျက်လုံးတွင်း အရည်စုလာတာကို ပြောတာဖြစ်ပါတယ်။

( ၇ ) Angioedema

Angioedema ဆိုတာ အရေပြားအောက်မှာ အရည်တွေစုပြီး ဖောရောင်တာကို ခေါ်တာဖြစ်ပါတယ်။ အင်ပြင်လိုမျိုး အရေပြား အပေါ်လွှာကို ထိတာမဟုတ်ဘဲ အရေပြားရဲ့ အတွင်းပိုင်းမှာ အရည်တွေစုတာဖြစ်ပါတယ်။ Angioedema ကို မျက်နှာပေါ်မှ ာအများစု တွေ့ရတတ်ပါတယ်။

( ၈ ) Dependent edema

Dependent edema ဆိုတာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားပေါ်မူတည်ပြီး ဆွဲအားအများဆုံးနေရာမှာ အရည်အစုဆုံးကို ခေါ်တာပါ။ ထနေရင် ခြေထောက်မှာ အဖြစ်များပြီး လှဲအိပ်တဲ့အခါ တင်ပါးနဲ့ လက်တို့မှာ ဖြစ်တတ်ပါတယ်။

( ၉ ) Scrotal lymphedema

ကပ္ပယ်အိတ်အတွင်းမှာရှိတဲ့ ပြန်ရည်ကြောလေးတွေ ဖောင်းပြီးတင်းလာရာကနေ အရည်တွေစုလာပြီး ဝှေးစေ့ပတ်ပတ်လည်မှာ အရည်တွေ စုနေတာကို ပြောတာပါ။

ဒါတွေကတော့ ဖောရောင်ခြင်း အမျိုးအစားတွေဖြစ်ပါတယ်။ ဖောရောင်တဲ့ ပြဿနာ နေရာနဲ့လိုက်ပြီး သူ့ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေရှိတာကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဘာ့ကြောင့် ဖြစ်ရလဲဆိုတဲ့အကြောင်းကို အဖြေရှာဖို့တော့လိုလိမ့်မယ်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/heart-disease/heart-failure/edema-overview#1

Accessed Date 29.3.2019

https://www.medicinenet.com/edema/article.htm

Accessed Date 29.3.2019

ယခုပုံစံ

26/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောရောင်ခြင်း (Hereditary Angioedema) အကြောင်းရင်း၊ လက္ခဏာ နဲ့ ကုသမှု

ပြန်ရည်ကြောဖောရောင်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ