အသားဝါရောဂါသည် သွေးတွင်း bilirubin (အဝါဓါတ်)ပမာဏများခြင်းကြောင့် အရေပြားနှင့် မျက်လုံးဝါခြင်းတို့ဖြစ်ပါသည်။ သွေးနီဥများပျက်စီးခြင်းကြောင့် bilirubin များ ဖြစ်ပေါ်လာပါသည်။ အသည်းမှတစ်ဆင့် bilirubin များကိုစွန့်ထုတ်ပါသည်။ များသောအားဖြင့် မွေးကင်းစကလေးများတွင် အသည်းသည် အပြည့် မဖွံ့ဖြိုးသေးပါ။ ထို့ကြောင့် biliriumများသည် ပို၍မြန်မြန် စုပုံလာပါသည်။ အသည်းမကောင်းသောသူများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

အသားဝါရောဂါသည် အလွန်အဖြစ်များပါသည်။ အသက်အရွယ် မရွေး ဖြစ်ပွား နိုင်ပြီးမွေးကင်းစကလေးငယ်များတွင် ပို၍ အဖြစ်များပါသည်။ အသားဝါရောဂါသည် မွေးကင်းစကလေးငယ် များတွင် ပျောက်ကင်းမြန်သော်လည်းမပျောက်ကင်းပါက ပြင်းထန်သောအခြေအနေ ဖြစ်နိုင်ပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
အဖြစ်များသောရောဂါလက္ခဏာများမှာအရေပြားနှင့် မျက်လုံးဝါ ခြင်းတို့ဖြစ်ပါသည်။ အခြားရောဂါလက္ခဏာများမှာ
အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
အောက်ပါတို့ရှိပါကသင်၏ဆရာဝန်နှင့် ဆက်သွယ်ပါ။
အရွယ်ရောက်ပြီးသူများတွင် အရေပြားဝါခြင်းသည် အသည်းရောဂါ၏ လက္ခဏာတစ်ခုဖြစ်သည်။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။
အသားဝါခြင်းသည် သွေးထဲရှိ သွေးနီဥများ၏ ဘေးထွက်ပစ္စည်း ဖြစ်သော bilirubin များစုပုံလာခြင်းကြောင့် ဖြစ်သည်။ Bilirubin သည် သွေးနီဥများ ပြိုကွဲသောအခါ ဖြစ်ပေါ်လာပါသည်။ ခန္ဓါကိုယ် သည် အသည်းမှတစ်ဆင့် bilirubin များကိုစွန့်ထုတ်ပါသည်။ အသည်းသည် ကောင်းစွာအလုပ်မလုပ်သောအခါ သွေးတွင်းမှ bilirubin များကိုမစစ်ထုတ်နိုင်ပါ။ ထို့ကြောင့် အသားဝါရောဂါသည် အသည်းပျက်စီးသောအခါ သို့မဟုတ် ကောင်းစွာမဖွံ့ဖြိုးသောအခါ အဖြစ်များပါသည်။
Bilirubin များအလွန်များခြင်းသည် ကလေးငယ်၏ အာရုံကြောအဖွဲ့အစည်းကိုထိခိုက်ခြင်းစသောဆိုးကျိုးများကို ဖြစ်စေပါသည်။ လမစေ့ဘဲမွေးသောကလေးများသည် ပုံမှန်မွေးသောကလေးများထက် အသားဝါခြင်းရောဂါ ပိုဖြစ်နိုင်ပါသည်။
အခြားဖြစ်စေသောအချက်များမှာရောဂါပိုးကူးစက်ခြင်း၊ မိခင်နှင့် ရင်သွေးတွင် သွေးအမျိုးအစားကွဲလွဲခြင်းနှင့် မိခင် နို့ချို တိုက်ကျွေးခြင်းတို့ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် မိခင်နို့ချိုသည် ကလေးငယ်အသည်းမှ bilirubin ထုတ်လုပ်ခြင်းကိုဟန့်တားနှောင့်ယှက် နိုင်ပါသည်။ ဤအမျိုးအစားသည် အခြားထက် ပို၍ဖြစ်လွယ်ပြီးသီတင်းပတ်များစွာ ကြာနိုင်ပါသည်။
အသားဝါခြင်းရောဂါဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် bilirubinပမာဏကိုစစ်ဆေးရန် ရိုးရှင်းသောသွေးစစ်မှုကို ပြုလုပ်လိမ့်မည်။ အရွယ်ရောက်ပြီးသူများတွင် အခြားရောဂါများအတွက် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။
အရွယ်ရောက်ပြီးသူများတွင် ကုသမှုသည် အသားဝါခြင်း ဖြစ်စေသောအကြောင်းရင်းကိုရှာဖွေခြင်းပါဝင်သည်။ ကလေးငယ်များတွင်မှု အများစုမှာကုသရန် မလိုအပ်ပါ။
ကုသမှုလိုအပ်ပါကအလင်းကုထုံးသည် အကောင်းဆုံးဖြစ်ပါသည်။ ကလေးငယ်များတွင် များသောအားဖြင့် အသုံးပြုပါသည်။ ကလေးငယ်အားကိုယ်တုံးလုံးဖြင့် မီးချောင်းအလင်းရောင် အောက်တွင် လဲလျောင်းစေပါသည်။ ကုထုံးအတွင်းမျက်လုံးကိုကာကွယ်ရန် ကလေးငယ်၏ မျက်လုံးကိုအဝတ်စဖြင့် အုပ်ထားပါ။ အလင်းရောင်သည် ပိုလျှံနေသော bilirubin ကို ဖြိုခွဲပေးပြီးစွန့်ထုတ်ရလွယ်ရန် ပြုလုပ်ပေးပါသည်။
Ultraviolent blanket ကိုလည်းအသုံးပြုနိုင်ပါသည်။ သွေးတွင်း bilirubin ပမာဏကိုပုံမှန် စစ်ဆေးတိုင်းတာပါ။ အလင်းကုထုံးသည် bilirubin ပမာဏကို ၂ရက်အတွင်း လျော့ကျစေပါသည်။ တစ်ခါတစ်ရံတွင် အလင်းကုထုံးကြောင့် bilirubin ပမာဏ မြင့်တက်နိုင်ပါသည်။ သို့သော် ယာယီခဏသာဖြစ်သည်။ Bilirubin ပမာဏနည်းသွားသော်လည်း ဝါခြင်းသည် ရက်အနည်းငယ် သို့မဟုတ် တစ်ပတ်နှစ်ပတ် အထိကြာနိုင်ပါသည်။
အလင်းကုထုံးဖြင့် လျော့ချ၍မရသော bilirubin ပမာဏများခြင်းတွင် သွေးပြောင်းလဲသွင်းခြင်းကိုပြုလုပ်နိုင်သည်။ bilirubin ပမာဏများသောသွေးများကိုဖယ်ထုတ်ကာအခြားသွေး ဖြင့် အစားထိုးခြင်း ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအသားဝါရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်အသားဝါ ရောဂါကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။