brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရီစ် စင်ဒရုန်းဆိုတာဘာလဲ

Reye’s syndrome သည် ရှာပါးသော်လည်း ပြင်းထန်သည့်ရောဂါဖြစ်ပြီး တုပ်ကွေး သို့မဟုတ် ရေကျောက်ဗိုင်းရပ်စ်များဖြစ်နေသည့် ကလေးများတွင် ဖြစ်ပွားတတ်ပါသည်။ ၎င်းသည် အသည်း၊ ဦးနှောက်တို့ ရောင်ရမ်းဖောင်းကြွစေပြီး ကလေးအသက်ကယ်ရန် အရေးပေါ်ကုသမှုများကို လိုအပ်မည်ဖြစ်သည်။

ရီစ် စင်ဒရုန်းဆိုတာဘာလဲ

Reye’s syndrome ၏လက္ခဏာများ

Reye’s syndrome၏ လက္ခဏာများသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် သို့မဟုတ် အအေးမိခြင်းကဲ့သို့ လေပြွန်အထက်ပိုင်း ပိုးဝင်ခြင်းဖြစ်ပြီးနောက် ၃-၅ ရက်အတွင်း ပေါ်လာတတ်ပါသည်။

အသက် ၂ နှစ်အောက်ကလေးများ – Reye’s syndrome ၏ ပထမဆုံးလက္ခဏာသည် ဝမ်းလျှောခြင်း အသက်ရှုကြပ်ခြင်းတို့ဖြစ်သည်။

ထိုထက်ကြီးသောကလေးများနှင့် ဆယ်ကျော်သက်များတွင်တော့ အစောပိုင်း လက္ခဏာများမှာ တောက်လျှောက်အန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ပဲ အိပ်ချင်နေခြင်းတို့ဖြစ်သည်။ ထို့နောက်တွင် အသည်းနှင့်ဦးနှောက်အားထိခိုက်မှု ပိုဆိုးလာပြီး တခြားသောပြင်းထန်သည့်လက္ခဏာများ ပေါ်လာနိုင်ပါသည်။

ကလးသည် ကယောင်ကတမ်းဖြစ်နေခြင်း၊ မိသားစုကို မမှတ်မိတော့ခြင်း စာကြောင်းတိုများဖြင့်သာ ပြန်ဖြေခြင်းများ ပြုလုပ်တတ်ပါသည်။ မိဘများက ကလေး၏ အကြောင်းပြချက်မရှိ ထုရိုက်ခြင်းလို ကြမ်းတမ်းလာသည့်အပြုအမူများကို သတိထားကြည့်ရပါမည်။ ရှားပါးလှသော ပြင်းထန်သည့်အခြေအနေများတွင်တော့ ကလေးသည် တက်ခြင်း သို့မဟုတ် ကိုမာဝင်ခြင်းထိဖြစ်နိုင်ပြီး မြန်မြန်မကုသပါက သေသွားနိုင်ပါသည်။

ဘယ်အချိန်မှာဆရာဝန်ဆီသွားပြရမလဲ။

Reye’s syndrome ကို မိဘများ စောစောစီးစီး သတိပြုမိလေလေ ကလေးကိုကယ်တင်နိုင်မည့် အခွင့်အရေး ပိုရလေလေဖြစ်သည်။ Reye’s syndrome ဆိုင်ရာ လက္ခဏာများကို စောလျင်စွာသိရန် အရေးကြီး၏။ အထူးသဖြင့် တက်ခြင်း၊ ဝက်ရူးပြန်ခြင်း သို့မဟုတ် သတိမေ့ခြင်းများဖြစ်လျှင် သတိထားပါ။

Reye’s syndrome ဖြစ်ရသည့်အကြောင်းရင်းများ

Reye’s syndrome ဖြစ်စေရန် အချက်အလက်များစွာ ရှိပါသည်။ သိပ္ပံပညာရှင်အများစုတို့ ယုံကြည်ကြသည်မှာ Reye’s syndrome သည် အဆီအက်စစ် ဓါတ်တိုးမှုကမောက်ကမရောဂါ ရှိနေသော ကလေးများနှင့် ဆယ်ကျော်သက်များတွင် ဗိုင်းရပ်စ်ကြောင်းဖျားနာခြင်းများ ဥပမာ တုပ်ကွေးနှင့် ရေကျောက်ကို အက်စ်ပရင်ဖြင့် ကုသရာမှ ဖြစ်လာခြင်းဟု ယုံကြည်ကြပါသည်။

အဆီအက်စစ်ဓါတ်တိုးခြင်း ကမောက်ကမရောဂါ၌ အဆီအက်စစ်များကို ဖြိုခွဲပေးသောအင်ဇိုင်း မရှိခြင်း သို့မဟုတ် ကောင်းကောင်းအလုပ်မလုပ်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ၎င်းသည် မွေးရာပါ ဇီဝရုပ်ဖြစ်ပျက်ရောဂါများအုပ်စုတွင်ပါ၏။ သင့်ကလေး၌ ထိုရောဂါရှိမရှိ ကလေးကို စစ်ဆေးခိုင်းမည်ဖြစ်သည်။

အက်စ်ပရင်သည် အသက်၂ နှစ်အထက် ကလေးများတွင် သုံးနိုင်ကြောင်း ခွင့်ပြုထားသော်လည်း ဆေးသည် Reye’s Syndrome နှင့် ဆက်စပ်မှုရှိကြောင်း သက်သေပြချက်များ ရှိထားပါသည်။ ရေကျောက်၊ တုပ်ကွေးလက္ခဏာများရှိသော ကလေးများတွင် အက်စ်ပရင်ကို ဘယ်တော့မှ မသုံးပါနှင့်။

တစ်ချို့သောဖြစ်ရပ်များတွင် မိဘများက ကလေး၌ ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာရောဂါရှိနေကြောင်းကို Reye’s Syndrome မဖြစ်မချင်း မသိကြပါ။ တစ်ချို့သော် ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ရောဂါများသည် ဗိုင်းရပ်စ်ကြောင်း ဖျားနာခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သင်္ဘောဆေးများနှင့် ထိတွေ့ခါမှ ပေါ်လာတတ်ကြပါသည်။

ဗိုင်းရပ်စ်ရောဂါသည် အလွယ်တကူ ကူးစက်နိုင်သည်။ သို့သော် Syndrome ကတော့ မကူးစက်ပါ။ ဆိုလိုသည်မှာ Reye’s Syndrome သည် ကလေးတစ်ဦးမှ နောက်တစ်ဦးဆီကို မကူးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။