
နာကျင်မှုဟာ ဦးနှောက်ကိုသွားတဲ့ သတင်းအချက်အလက်တွေကို ပေါင်းပြီး အဓိပ္ပါယ် ကောက်ယူခြင်းပဲဖြစ်ပါတယ်။ သူ့မှာ အရာအတော်များများပါဝင်ပါတယ်။
ဒီသတင်းအချက်အလက်တွေ ကွဲပြားခြားနားပုံနဲ့ သူတို့နဲ့ အာရုံကြော စနစ်နဲ့ ကြားမှာ အဓိပ္ပါယ်ကောက်မှု ရှုပ်ထွေးပုံတွေဟာ နာကျင်မှုတွေ ဘာလို့ ဒီလောက်ကွဲပြားလဲဆိုတာကို ရှင်းပြနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေ၊ စိတ်ပူမှုတွေ၊ ဘဝ အခြေအနေတွေ၊ အရင်က အဖြစ်အပျက်တွေနဲ့ အခြားအရာတွေအကုန်လုံးပေါင်းပြီးတော့ နာကျင်မှုဟာ တစ်ရှူးရဲ့ တကယ့်ပျက်စီးမှုကို ကျော်ပြီး ဘယ်လို နိမ့်လိုက်မြင့်လိုက်ဖြစ်လဲဆိုတာကို ဆုံးဖြတ်ပါတယ်။
နောက်ဆုံးသိပ္ပံပညာကတော့ တစ်ရှူးပျက်စီးမှုနဲ့ ခံစားရတဲ့ နာကျင်မှုကြားမှာ ဆက်သွယ်မှုအနည်းငယ်ရှိနိုင်တယ်လု့ိ ဆိုပါတယ်။
ပြဿနာ တည်ရှိပုံခြင်းတူတဲ့ လူနှစ်ယောက်ကို MRI scan ရိုက်ကြည့်လိုက်တဲ့အခါ တစ်ယောက်က နာကျင်မှုကို မခံစားရပဲ နောက်တစ်ယောက်ကတော့ သေလုမျောပါး နာကျင်နေတာကို တွေ့နိုင်ပါတယ်။
ဒါ့ကြောင့် နာကျင်မှုကို ထုတ်လုပ်တဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားကြည့်ရင် တစ်ရှူးပျက်စီးမှုဟာ နာကျင်မှု ပမာဏနဲ့ ညီမျှတယ်ဆိုပြီး ရိုးရှင်းစွာတွေးဖို့ မဖြစ်နိုင်ပါဘူး။
ဒါဟာ ဒီထက်အများကြီး ပိုပြီး ရှုပ်ထွေးပါတယ်။
စိတ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုဟာ သင့်ခေါင်းထဲမှာ ရှိတာအကုန်နဲ့ မညီမျှပါဘူး။
လူအတော်များများ မစဉ်းစားမိတဲ့ အရေးကြီးတဲ့ အချက်တစ်ခုကတော့ psycho-social input လို့ခေါ်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပူခြင်း၊ စိတ်ကျခြင်းတွေ၊ ဘယ်တော့မှ ကောင်းလာတော့မှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ခြင်းတွေပဲ ဖြစ်ပါတယ်။
နာကျင်မှုရဲ့ စိတ်ပိုင်းဆိုင်ရာ ပါဝင်မှုတွေနဲ့ စိတ်ဖိစီးမှုတွေဟာ နာကျင်မှုက သင့်ခေါင်းထဲမှာ (သို့) ဒါဟာ တကယ်မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ ဒါဟာ နာကျင်မှုက သင့်ဘဝမှာ ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ အာရုံကြောစနစ်ကို ဘယ်အရာတွေက အကျိုးသက်ရောက်မှုရှိတယ်ဆိုတာတွေပေါ်မူတည်ပြီး များတာသော်လည်းကောင်း နည်းတာသော်လည်းကောင်း ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ထောက်ပြတာဖြစ်ပါတယ်။
ဒါဟာ အခြေအနေကို ဖြေရှင်းဖို့ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ သူဟာ တခါတလေမှာ ဖြတ်တောက်ဖို့ ခက်ခဲတဲ့ စက်ဝိုင်းတစ်ခုကို တည်ဆောက် လာတတ်ပါတယ်။
နာကျင်ခံစားရမှုဆိုတာ သိသာထင်ရှားတဲ့အရာတွေဖြစ်တာကြောင့် လူတွေကို မျက်စိဖွင့်ပေးပါတယ်။ ခံစားရမှုဆိုတာ သင့်ဘဝမှာ ရှိတဲ့ နာကျင်မှုကို ဘယ်လိုကျော်ဖြတ်လဲဆိုတာနဲ့ ဆက်စပ်နေပြီး ဒါကို ရုပ်ပိုင်းဆိုင်ရာကုသမှုတွေ ပြုလုပ်သလိုမျိုး ဂရုတစိုက်ဖြေရှင်းသင့်ပါတယ်။
Cognitive behavioural therapy နဲ့ mindfulness based stress reduction တို့ဟာ ရုပ်ပိုင်းဆိုင်ရာ ကုသမှု protocol ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
သူ့ရဲ့ ရှုပ်ထွေးတဲ့သဘာဝကို တွေ့မြင်ရပြီမို့ လူတိုင်းအတွက် နာကျင်မှုကို ပျောက်ကင်းစေတဲ့ နည်းလမ်းဆိုတာ မဖြစ်နိုင်ပါဘူး။
လူတွေက ဒီ ပရိုဂရမ် (သို့) ဆောင်းပါးတွေဟာ လူနာတွေနဲ့ အခြေအနေကို သက်သာစေပြီး သူတို့ကို နာကျင်မှု လျော့ပါးစေလို့မေးရင် ဒါဟာ ဖြေရခက်ပါတယ်။ ဒါဟာ သင့်မှာဖြစ်ပျက်နေတဲ့ အရာတွေနဲ့ သင်က ကူညီဖို့ ကြိုးစားနေတဲ့သူတွေပေါ်မှာပဲမူတည်ပါတယ်။
ကိုယ်ရေကိုယ်သွေး ကွဲပြားခြားနားမှုတွေနဲ့ နာကျင်မှုရဲ့ အရှုပ်အထွေးတွေဟာ လူတစ်ယောက်ချင်းစီအလိုက် လိုက်လျောညီထွေဖြစ်တဲ့ နည်းလမ်းတစ်ခုစီကို လိုအပ်ပါတယ်။