နာကျင်မှုဟာ အလွန်ရှုပ်ထွေးပြီး စိတ်ပိုင်းဆိုင်ရာ အကြောင်းရပ်တစ်ခု ဖြစ်ပါတယ်။
နာကျင်မှုဟာ အလွန်ရှုပ်ထွေးပြီး စိတ်ပိုင်းဆိုင်ရာ အကြောင်းရပ်တစ်ခု ဖြစ်ပါတယ်။

တစ်ယောက်မှာ သေလောက်အောင် နာကျင်နေပေမယ့် နောက်တစ်ယောက်အတွက်တော့ နေလို့ကောင်းယုံသာ ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ တုန့်ပြန်မှုတွေဟာ တခြားအခြေအနေတွေမှာ ပြောင်းပြန်ဖြစ်နိုင်ပါတယ်။
သူဟာ ရှောင်ရှားလို့မရပဲ လူတွေရဲ့ ဘဝမှာ လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အရှင်းဆုံးပြောမယ်ဆိုရင် နာကျင်မှုဟာ ကိုယ်ခန္ဓါက အန္တရာယ်ရှိကြောင်းပြသတဲ့ ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဥပမာ
ဒီဥပမာတွေဟာ လူတွေဘာလို့ နာကျင်မှုကို လိုအပ်သလဲဆိုတာ ဖေါ်ပြပါတယ်။ ဒါပေမယ့် အခြေအနေနှစ်ခုလုံးမှာ နာကျင်မှုဟာ ခဏတာသာဖြစ်ပြီးတော့ ကန့်သတ်မှုရှိနေပါတယ်။
နာကျင်မှုဟာ အချိန်ကြာမြင့်မယ်ဆိုရင် သူဟာ နေ့စဉ်လှုပ်ရှားမှုတွေကို အကျိုးသက်ရောက်နိုင်ပြီး ဒါကိုပျောက်ဖို့ ဘာမဆိုလုပ်မယ်ဆိုတာတွေအထိ စိတ်ဖိစီးမှုတွေ ရှိလာနိုင်ပါတယ်။
နာကျင်မှုကို ကာကွယ်ဖို့နဲ့ ကျော်လွန်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ခန္ဓါကို ကျန်းမာသန်စွမ်းအောင် ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ ဒါမှသာ နာကျင်မှုဒဏ်ကို ပြောင်းလဲပေးနိုင်တဲ့ အာရုံကြောက အချက်ပြမှုတွေကို ထိန်ချုပ်နိုင်ပြီး လှုပ်ရှားမှုတွေကို အလွယ်တကူ တည်ငြိမ်စွာ ပြုလုပ်လာနိုင်မှာပါ။ ဒါဟာ အကျိုးကျေးဇူး အများကြီး ရစေပါတယ်။
လူတွေအကုန်လုံးဟာ နာကျင်မှုပုံစံအမျိုးမျိုးကို တစ်နေရာရာမှာတော့ ကြုံတွေ့ခဲ့ပြီးဖြစ်မှာပါ။ ခြေချောင်းကိုက်လို့ နာတဲ့ နာကျင်မှုတဲ့ ပျောက်မသွားတဲ့ ခါးနာမှုမျိုးရဲ့ ကွာခြားမှုကို သိရှိပြီးဖြစ်ပါတယ်။
အောက်ဖေါ်ပြပါအချက်တွေကတော့ နာကျင်မှုအမျိုးအစားတွေနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။
ခဏတာ နာကျင်မှုဆိုတာ ခဏတာပဲ ကြာမြင့်ပြီး သင်ဘာလုပ်လို့ ဖြစ်တာလဲဆိုတာ သေချာပေါက်သိပါတယ်။
ပူနေတဲ့ ဒယ်အိုးနဲ့ အရိုးကျိုးခြင်းတွေဟာ ခဏတာ နာကျင်မှုတွေရဲ့ ဥပမာတွေပဲဖြစ်ပြီး အလွန်လျင်မြန်တဲ့ အာရုံခံစားမှုတွေဟာ အာရုံကြောလမ်းကြောင်းတစ်လျှောက်မှာ တစ်ရှူးပျက်စီးမှုကို သတိပေးချက်အဖြစ် တက်သွားပါတယ်။
ရိုက်ခံရခြင်း၊ ပြုတ်ကျခြင်းနဲ့ အခြားကိုယ်ခန္ဓါ ထိခိုက်မှုတွေဟာ နာကျင်မှုကို ဖြစ်ပေါ်စေပြီး ဒါတွေဟာ တစ်ချိန်လုံးဖြစ်နေကျ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ အနည်းငယ် လှုပ်ရှားမှု လုပ်လိုက်ရုံနဲ့ သူ့ဘာ့သာသူ ပျောက်သွားတဲ့ ခဏတာနာကျင်မှု အကြောင်းကို အများကြီး မဖေါ်ပြတော့ပါဘူး။ ဥပမာ တစ်နေ့မှာ လေ့ကျင့်ခန်းလုပ်ရင်း ခါးနာသွားတယ်ဆိုရင် အများအားဖြင့် နောက်နေ့မှာ နာသွားတဲ့နေရာကို အနားပေးဖို့သာ လိုအပ်ပါတယ်။
ခဏတာနာကျင်မှုရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်တစ်ခုကတော့ central nervous system က နာကျင်မှုကို ဘယ်လိုဖြေရှင်းလဲဆိုတာပဲဖြစ်ပါတယ်။
ဥပမာ သင်ဟာ တောလမ်းတစ်လျှောက်မှာ သီချင်းဖွင့်ပြီး အပြေးလေ့ကျင့်နေတယ်စဉ်မှာ သစ်ကိုင်းတစ်ခုခုနဲ့ ညိပြီး တော်တော်လေးကို နက်တဲ့ ဒဏ်ရာတစ်ခု ခြေထောက်မှာ ရသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကို သင်မပြီးမချင်း သတိထားမိမှာ မဟုတ်ပါဘူး။
အခြားအခြေအနေတစ်ခုမှာတော့ သင်ဟာ စားပွဲမှာ စာရွက်စာတမ်းတွေနဲ့ ရှုပ်နေတုံးမှာ စာရွက်နဲ့ အနည်းငယ် ရှသွားရင်တောင် ပြင်းထန်တဲ့ နာကျင်မှုကို ချက်ချင်းရလိုက်မှာ ဖြစ်ပါတယ်။
နာကျင်မှုဟာ သင့်ရဲ့ central nervous system က နေ သင့်ဆီကို ပို့ဆောင်ပေးလိုက်တဲ့ သတင်းအချက်အလက် တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ သူ့ကို မတူညီတဲ့ အရာပေါင်းများစွာကပဲ ပြောင်းလဲပစ်နိုင်ပါတယ်။ လက်ရှိအခြေအနေပေါ်မူတည်ပြီး အခု သင်ဘာလုပ်နေလဲပေါ်မူတည်ပြီး နာကျင်မှုကို ပိုခံစား (သို့) လျော့ခံစားရနိုင်ပါတယ်။
Tennis Elbow လိုမျိုး ကြာရှည်တဲ့ နာကျင်မှုဟာ ပိုပြီး စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။
၁၂ ပတ်ကျော်ကြာတဲ့ နာကျင်မှုကို နာတာရှည် နာကျင်မှုလို့ သတ်မှတ်ပြီး သူဟာ ရှုပ်ထွေးပြီး အဖြေရှာရခက်ပါတယ်။
ခါး၊ လည်ပင်းနဲ့ အခြားနာကျင်မှုတွေဟာ အချို့လူတွေမှာ အလွယ်တကူပျောက်သွားပြီး အချို့တွေမှာတော့ ဘယ်လိုပဲ ဆေးကုကု နှစ်ပေါင်းများစွာအထိ ရှိနေခြင်းဟာ သိသာထင်ရှားပါတယ်။
ဒီ ၁၂ ပတ် ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုဟာ ပုံမှန် အနာကျက်သွားတဲ့ ဖြစ်စဉ်ပေါ်မှာ အခြေခံထားပြီး ရောင်ရမ်းတဲ့အဆင့်၊ ဆဲလ်ပွားတဲ့အဆင့်နဲ့ ရင့်ကျက်လာတဲ့အဆင့်တို့ ပါဝင်ပြီး သီအိုရီအရ ပြောရရင် နာကျင်မှုဟာ ဒီသုံးဆင့်ပြီးသွားရင် အဆုံးသတ်သင့်ပါတယ်။ ဒါပေမယ့် နာကျင်မှုရဲ့ ဖြစ်စဉ်ဟာ အဲဒီလောက် မရိုးရှင်းပါဘူး။
X-rays တွေ အခြား scan တွေက အနာအပြည့်အဝ ကျက်ပြီလို့ ပြောသော်လည်း နာကျင်မှု ဆက်လက်ခံစားနေရခြင်းတွေဟာ အဖြစ်များပါတယ်။ ဒါ့ကြောင့်ဆရာဝန်က ကောင်းသွားပြီလို့ ပြောတာတောင် နာကျင်မှုကို ခံစားနေရခြင်းဟာ စိတ်ရှုပ်စရာ ကောင်းလှပါတယ်။
ဒါ့ကြောင့် ကျန်တဲ့ ဆောင်းပါးတွေမှာ ဒီဖြစ်စဉ်ကို နားလည်နိုင်ဖို့နဲ့ ဒီလိုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်တွေကို ဆက်လက်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။