backup og meta

ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ

ဗိုက်ဆာတယ်ဆိုတာက ခန္တာကိုယ်ထဲကို လောင်စာဖြည့်တင်းဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြတာဖြစ်ပါတယ်။ ဦးနှောက်နဲ့ အစာအိမ်တို့က ဒီခံစားချက်ဖြစ်ပေါ်လာအောင် ပူးပေါင်း ဖန်တီးတာပါ။

ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ

တကယ်လို့ သင့်မှာ အစာအစားချင်စိတ်မရှိပဲ ဘယ်လို အစားအစာမျိုးတွေကိုမှ စိတ်ဝင်စားမှုမပြသဘူးဆိုရင်တော့ ခန္တာကိုယ်တွင်းမှာ တစ်စုံတစ်ရာ မှားယွင်းမှုရှိနေပါပြီ။ အခြေအနေအမျိုးမျိုးကြောင့် အစာစားချင်စိတ် ပျောက်ဆုံးတာမျိုးဖြစ်နေနိုင်ပြီးတော့ အထူးသဖြင့်တော့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်တာများပါတယ်။

အစာစားချင်စိတ်လျော့ကျတာဟာ ကိုယ်တွင်းက ဗီတာမင်ဓာတ်တွေ၊ သက်စောင့်ဓာတ်တွေ လျော့ကျလာတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ အစာစားချင်စိတ် ပျောက်ဆုံးနေစေတဲ့ အကြောင်းပြချက် အမျိုးမျိုးထဲမှာမှ အဓိက ဖြစ်စေတဲ့ အချက် ၅ ချက်ရှိပါတယ်။

အစာစားချင်စိတ်ကို ပျောက်ဆုံးနေစေတဲ့ အချက် ၅ ချက်

အဖျားတုပ်ကွေးနဲ့ ကူးစက်ရောဂါများ – ဖျားချိန်၊ နာချိန်တွေမှာ ဓာတုဗေဒတစ်မျိုးဖြစ်တဲ့ Cytokines ဟာ သွေးထဲကနေ ဦးနှောက်အထိ တစ်လျှောက်လုံး လှည့်ပတ်စီးဆင်းနေပြီးတော့ ဒီဟာကြောင့် အစာစားချင်စိတ် ပျောက်ဆုံးစေလေ့ရှိပါတယ်။

စိတ်ဖိစီးမှုနဲ့ ပူပင်သောက – စိတ်ဖိစီးမှုများနေတဲ့ လူတစ်ယောက်ဟာ ရုပ်ပိင်းဆိုင်ရာ ဝေဒနာတွေကိုပါ ခံစားရတတ်ပြီးတော့ အဓိကဖြစ်လေ့ရှိတာက အစာစားချင်စိတ်ပျောက်ဆုံးနေတတ်တာ ဖြစ်ပါတယ်။ စိတ်ဖိစီးနေချိန်၊ သောကများနေချိန်တွေမှာ လူ့ခန္တာကိုယ်က epinephrine ဆိုတဲ့ ဟိုမုန်းတစ်မျိုးကို ထုတ်လွှတ်လေ့ရှိပြီးတော့ အဲ့ဒီ ဟိုမုန်းက အစာစားချင်စိတ်ကို ယာယီ တားဆီးထားလေ့ရှိပါတယ်။

လက်ရှိ သုံးစွဲနေသော ဆေးဝါးများ – ကျန်းမာရေး အခြေအနေအရ နေ့စဉ်ရက်ဆက် မှီဝဲနေရတဲ့ ဆေးဝါးတွေကလည်း ဗိုက်မဆာတော့စေမယ့် ဘေးထွက်ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။ Antibiotics တွေသာမကပါဘူး၊ မူးယစ်ဆေးဝါးတွေကြောင့်လည်း ခုလို အစာစားချင်စိတ်ပျောက်ဆုံးတာမျိုးဖြစ်စေနိုင်ပါတယ်။

ရာသီဥတု – တခါတစ်လေမှာ ရာသီဥတုမကောင်းတာကြောင့်လည်း အစားအသောက် စားချင်စိတ် ပျောက်ဆုံးသွားနိုင်ပါတယ်။ ပူပြင်းတဲ့ နွေရာသီမျိုး၊ အရမ်းအေးခဲနေတဲ့ ဆောင်းရာသီမျိုးတွေ ကြုံရတာမျိုးပေါ့။

ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေ တစ်မျိုးမျိုးရှိနေခြင်း – ကျန်းမာရေး ပြဿနာတွေ ပြင်းထန်စွာ ရှိနေရင်လည်း အစာစားချင်စိတ်ပျောက်ဆုံးသွားနိုင်ပါတယ်။ စိတ်ညစ်လို့ မစားချင်တော့တာဖြစ်နိုင်သလို ဝေဒနာအရကို စားချင်စိတ်မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ကျန်းမာရေး အခြေအနေမျိုးတွေကြောင့် ခုလို အစာစားချင်စိတ် ပျောက်ဆုံးနေတာလဲဆိုတာကို ကြည့်ရအောင်။ ဒီအချက်တွေကတော့

တကယ်လို့ ကိုယ့်ရဲ့ အစာစားလိုစိတ် လျော့ကျမှုဟာ ပုံမှန်ထက်ပိုမို လွန်ကဲလာနေပြီဆိုရင် နီးစပ်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ၃၊ ၄ ရက်လောက် ဆက်တိုက် အစာစားချင်စိတ်ပျောက်ဆုံးပြီး ကိုယ်အလေးချိန်လည်း သိသိသာသာကျဆင်းလာနေမယ်ဆိုရင် ကုသမှုခံယူဖို့ စီစဉ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/digestive-disorders/ss/slideshow-reasons-not-hungry

https://www.menshealth.com/nutrition/a27614756/why-am-i-not-hungry/

https://www.sharecare.com/health/eating-habits-nutrition/what-reasons-not-feeling-hungry

ယခုပုံစံ

11/05/2020

Ye Zon Aung မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာစားချင်စိတ်မရှိ တဲ့ ကလေးကို ဘယ်လို ကူညီပေးနိုင်မလဲ

လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ



Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ