ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ်။ ကျန်းမာရေးက အဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ ငွေပေးဝယ်လို့မရသလို လက်ဆောင်အနေနဲ့ လက်ခံဖို့လည်း မဖြစ်နိုင်ပါဘူး။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ်။ ကျန်းမာရေးက အဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ ငွေပေးဝယ်လို့မရသလို လက်ဆောင်အနေနဲ့ လက်ခံဖို့လည်း မဖြစ်နိုင်ပါဘူး။

ရောဂါ တစ်ခုခု ဖြစ်တဲ့အခါ ကုသလို့ ရပေမယ့် အကောင်းပကတိ ဖြစ်ဖို့ကတော့ မလွယ်ကူပါဘူး။ ဒီတော့ ကျန်းမာရေးကို နေ့စဉ်မပြတ် စောင့်ကြည့်ဖို့ လိုပါမယ်။ ဒီတော့ ကိုယ်တိုင် ကျန်းမာရဲ့လား ဆိုတာကို ဘယ်လို ဆန်းစစ်ရမယ်လို့ သိလား။ မသိဘူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။
ဆံပင်တွေက ခြောက်သွေ့တာ၊ ကျိုးပျက်တာ၊ ကြမ်းတမ်းတာမျိုး မရှိဘူး။ ဆံပင်တွေလည်း တအား မကျွတ်ဘူးဆိုရင် ကျန်းမာသန်စွမ်းတဲ့ ဆံသားလို့ ပြောလို့ရပါတယ်။
ခြေသည်း၊ လက်သည်းတွေက ပန်းရောင်သွေးသန်းမယ်။ လက်သည်းမှာ အစင်းကြောင်းတွေ ရှိမနေဘူး။ လက်သည်းတွေ ဖွာတာ၊ ကျိုးပဲ့တာမျိုး မရှိဘူးဆိုရင် လက်သည်းက အာဟာရ ပြည့်ဝပြီး ကျန်းမာပါတယ်။
လက်သည်းတွေ ဒီလို ကျန်းမာနေတာက ခန္ဓာကိုယ်မှာလည်း ရောဂါ ကင်းပြီး ကျန်းမာတယ်ဆိုတဲ့ သဘောပါ။
ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်တယ်။ အိပ်ရေးမဝတာမျိုးလည်း မရှိဘူး။ တစ်ညတာမှာ အိပ်ချိန် ၈ နာရီ ပုံမှန် ရှိတယ်ဆိုရင် သင်ဟာ ကျန်းမာတဲ့ သူတစ်ယောက်ပါ။
ညဘက်တွေ ကောင်းကောင်း အိပ်ပျော်လား ဆန်းစစ်ကြည့်ဦးနော်။
ခံတွင်းနံ့ ဆိုးတာက ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိတယ်ဆိုတဲ့ သဘောပါ။ သွား ပုံမှန် တိုက်ပါရဲ့။ ဒါပေမယ့် ခံတွင်းနံ့က ဆိုးနေတယ် ဆိုရင်တော့ သွားနဲ့ သွားဖုံးမှာ ပြဿနာ တစ်ခုခု ရှိနေလား စစ်ကြည့်ပါ။
ဒီလိုမှ မရှိဘူးဆိုရင် ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတာပါ။ ခံတွင်းနံ့ဆိုး ကင်းတယ် ဆိုရင်တော့ သင်က ကျန်းမာနေသူ တစ်ဦးပါ။
မျက်လုံးက ကျန်းမာရေး ပြဿနာ တော်တော်များများကို ဖော်ပြပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဖော်ပြပေးတဲ့ စိတ်ရဲ့ ပြတင်းပေါက်တစ်ခုဆိုလည်း မမှားဘူးပေါ့။
မျက်လုံးကပဲ အနားယူဖို့ လိုအပ်နေပြီ။ အင်အားပြည့်ဝနေတယ် ဆိုတာကို ဖော်ပြနေတာလေ။ မျက်လုံးက ဖြူပြီး ကြည်နေရင် ကျန်းမာတဲ့ လက္ခဏာပါ။ ဒီလို မဟုတ်ဘဲ မျက်သားက ဝါနေတာ၊ မျက်လုံးထဲမှာ သွေးခြည်ဥသလို အနီသန်းနေတာတွေက ကျန်းမာရေး ပြဿနာ ရှိနေပြီဆိုတဲ့ လက္ခဏာပါ။
ဖတ်တာ ခဏလေးနားပြီး မှန်ထဲကို ကြည့်လိုက်ပါဦး…… မျက်လုံးလေး ကြည်ရဲ့လား။
တစ်နေ့ကို တစ်ကြိမ် ဝမ်း ပုံမှန် သွားတယ်ဆိုရင် ကျန်းမာတဲ့ လက္ခဏာပါ။ ဆေးသောက်စရာ မလိုဘဲ ဝမ်းမှန်တယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ပူစရာ မလိုတဲ့ အခြေအနေပေါ့။
အသားအရောင်က ဖြူဖျော့နေတာ မဲညစ်နေတာ မရှိဘူး။ ပန်းရောင်သွေး သန်းတယ်။ သွေးရောင် သန်းတယ်ဆိုရင် ဒါကလည်း သင် ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာပါပဲ။
ကဲ……….. ပရိသတ်ကြီးရော ကျန်းမာလား…………….