brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Pulmonary embolism (အဆုတ်သွေးကြောဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

အဆုတ်သွေးကြောဆို့ခြင်း ဆိုတာဘာလဲ။

အဆုတ်ဆီကိုသွားတဲ့အဆုတ်သွေးလွှတ်ကြောတစ်ခုမှာ ပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ အများစုမှာ ခြေထောက်မှအဆုတ်ကို သွေးခဲတွေပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ ခန္ဓါကိုယ်အခြားအစိတ်အပိုင်းကလည်းလာနိုင်ပေမယ့် ရှားပါတယ်။

အဆုတ်သွေးကြောဆို့ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။

အသက်အန္တရာယ်စိုးရိမ်ရပြီး မေယိုသုတေသနအဖွဲ့တွေ့ရှိချက်အရ ရောဂါအဖြေမသိရသူနဲ့ ကုသမှုမရရှိသူတွေ သုံးပုံတစ်ပုံမှာ သေဆုံးသွားကြပါတယ်။ အသက် ၆၀ကျော်တွေမှာ အန္တရာယ်ပိုများပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

အဆုတ်သွေးကြောဆို့ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

သွေးခဲအရွယ်အစားစတဲ့အချက်တွေပေါ်မှာရယ်၊ နှလုံးအဆုတ်ရောဂါအခံရှိနေခြင်းမရှိနေခြင်းအပေါ်မူတည်ပြီး လက္ခဏာတွေကကွဲလွဲနိုင်ပါတယ်။

အဆုတ်သွေးကြောဆို့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

  • အသက်ရှူမဝခြင်း
  • ဒီလက္ခဏာရုတ်တရက်ထခြင်းက ဖြစ်တတ်လေ့ရှိပြီး အားစိုက်တဲ့အခါမျိုးတွေမှာ ပိုဆိုးသွားလေ့ရှိပါတယ်။

    နှလုံးရောဂါဖောက်သလိုမျိုး ခံစားရနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူတဲ့အခါမျိုး၊ ချောင်းဆိုးခြင်း၊ အစားစားခြင်း၊နဲ့ ခါးကုန်းလိုက်တဲ့အခါမျိုးမှာ ပိုဆိုးလာနိုင်ပါတယ်။ အားစိုက်လိုက်တဲ့အခါမျိုးမှာ ပိုဆိုးလာနိုင်ပေမယ့် အနားပြန်ယူလိုက်ရုံနဲ့ မသက်သာနိုင်ပါဘူး။

    သွေး (သို့မဟုတ်) သွေးနှောနေတဲ့သလိပ်တွေ ပါလာနိုင်ပါတယ်။

    အခြားသိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့လက္ခဏာတွေကတော့-

    • ခြေထောက်နာခြင်းရောင်ခြင်း (အထူးသဖြင့်ခြေသလုံးကြွက်သားများ)
    • အသားပြာခြင်း
    • ဖျားခြင်း
    • အလွန်အမင်းချွေးထွက်ခြင်း
    • နှလုံးခုန်မြန်ခြင်းမမှန်ခြင်း
    • မိုက်ခနဲဖြစ်ခြင်း၊ မူးနောက်နောက်ဖြစ်ခြင်း

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ

    မြန်မြန်ရောဂါသိပြီး ကုသမှုပေးခြင်းက အခြေအနေကိုပိုမဆိုးအောင်နဲ့ အခြားကျန်းမာရေးအရေးပေါ်အခြေအနေကနေ ကာကွယ်ပေးနိုင်တာကြောင့် တတ်နိုင်သမျှမြန်မြန် ဆရာဝန်နဲ့ဆွေးနွေးပြသသင့်ပါတယ်။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ

    ဘာတွေက အဆုတ်သွေးကြောဆို့ခြင်း ဖြစ်ပွားစေသလဲ။

    သွေးခဲဖြစ်ခြင်းက အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သွေးပြန်ကြောသွေးခဲခြင်းကြောင့် အများဆုံးဖြစ်ပါတယ်။ သွေးခဲက ခြေထောက် (သို့မဟုတ်) တင်ပဆုံရိုးကနေ စပါတယ်။

    ဖြစ်ပွားစေနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများ

    ဘယ်အရာတွေက အဆုတ်သွေးကြောဆို့ခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေပါသလဲ။

    အဆုတ်သွေးကြောဆို့ခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    နှလုံးရောဂါ

    နှလုံးသွေးကြောရောဂါအထူးသဖြင့် နှလုံးလုပ်ဆောင်ရည်ကျခြင်းကြောင့် သွေးခဲဖြစ်ပေါ်ခြင်း ပိုဖြစ်စေနိုင်ပါတယ်။

    ကင်ဆာ

    အချို့သောကင်ဆာများ အထူးသဖြင့်သရက်ရွက်၊ မမျိုးဥအိမ်နဲ့ အဆုတ်ကင်ဆာနဲ့ ကင်ဆာအများစုမှာ သွေးခဲဖြစ်ပေါ်စေတဲ့ပစ္စည်းတွေ ပိုများစေတတ်ပြီး ဓါတုကုထုံးကြောင့်လည်း ဖြစ်နိုင်ခြေထပ်များနိုင်ပါတယ်။

    ခွဲစိတ်ကုသခြင်း

    သွေးခဲဖြစ်ပေါ်ခြင်း အဓိကအကြောင်းရင်းများရဲ့တစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ကြောင့် အဆစ်ပြန်ပြင်ခြင်းကဲ့သို့ အဓိကခွဲစိတ်မှုတွေမှာ မခွဲစိတ်ခင်ရောခွဲစိတ်မှုအပြီးပါ သွေးခဲမဖြစ်အောင်တားတဲ့ဆေးတွေ ပေးရပါတယ်။

    အနားယူနေရခြင်း

    ခွဲစိတ်မှုအပြီး အိပ်ရာထဲလပေါင်းများစွာ အနားယူနေရတတ်ပါတယ်။ နှလုံးရောဂါ၊ ခြေထောက်ကျိုးခြင်း၊ ထိခိုက်မိခြင်းသို့ ပြင်းပြင်းထန်ထန်ဖျားနာခြင်းတွေက သွေးခဲဖြစ်ပေါ်ခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်အကြာကြီး ခြေထောက်တွေကိုအလျားလိုက်ဆန့်ထားရခြင်းက သွေးပြန်ကြောစီးဆင်းမှုကို ပိုနှေးစေပြီး ခြေထောက်မှာသွေးပုံခြင်းကို ဖြစ်စေနိုင်ပါတယ်။

    အကြာကြီးခရီးသွားရခြင်း

    ကားပေါ်မှာ ကျဉ်းကျဉ်းကျုတ်ကျုတ်ထိုင်ရခြင်းက ခြေထောက်သွေးစီးဆင်းမှုကို ပိုနှေးသွားစေပြီး သွေးခဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    ဆေးလိပ်သောက်ခြင်း

    ဆေးရွက်ကြီးအသုံးပြုခြင်းက သွေးခဲခြင်းကိုပိုမိုဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့်အခြားဖြစ်နိုင်ခြေတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာဖြစ်ပါတယ်။

    ကိုယ်အလေးချိန်များလွန်းခြင်း

    ကိုယ်အလေးချိန်များခြင်းက သွေးခဲခြင်းကိုပိုဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့် ဆေးလိပ်သောက်တဲ့ သွေးတိုးရှိတဲ့အမျိုးအသမီးတွေမှာ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်မိခင်များ

    ကလေးရဲ့အလေးချိန်က တင်ပဆုံရိုးသွေးပြန်ကြောကို ဖိမိပြီး ခြေထောက်ဆီမှာသွေးပြန်စီးဆင်းမှုကို နှေးစေပါတယ်။ သွေးစီးဆင်းမှုပိုနှေးတဲ့အခါဒါမှမဟုတ် သွေးပုံသွားတဲ့အခါမှာ သွေးခဲခြင်းပိုဖြစ်နိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

    အဆုတ်သွေးကြောဆို့ခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ

    ဒီရောဂါနဲ့ပတ်သက်ပြီး ဆရာဝန်ကသံသယရှိတဲ့အခါမှာ ကိုယ်ခန္ဓါစစ်ဆေးစမ်းသပ်မှုတွေနဲ့ အခြားစစ်ဆေးမှုတွေပြုလုပ်ပေးပါလိမ့်မယ်။

    ပြုလုပ်လေ့ရှိတဲ့စမ်းသပ်မှုအချို့ကတော့-

    ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း

    အဆုတ်နဲ့နှလုံးကို အသေးစိတ်မြင်ရနိုင်ပြီး အဆုတ်တစ်ဝိုက်အရိုးမှာရှိတဲ့ ပြဿနာတွေကိုပါတွေ့ရနိုင်ပါတယ်။

    အီးစီဂျီ

    နှလုံးလုပ်ဆောင်ချက်ကို တိုင်းတာပေးပါတယ်။

    အမ်အာအိုင်

    ရေဒီယိုလှိုင်းတွေနဲ့ သံလိုက်စက်ကွင်းကိုအသုံးပြုပြီး ပုံရိပ်များအသေးစိတ်ပုံဖော်ပေးခြင်းဖြစ်ပါတယ်။

    စီတီစကန်

    အဆုတ်ကန့်လန့်ဖြတ်ပုံရိပ်တွေကိုတွေ့နိုင်ပါတယ်။ V/Q scanကိုလည်း ပြုလုပ်ရနိုင်ပါတယ်။

    အဆုတ်သွေးကြောများမှတ်တမ်းယူခြင်း

    အပေါက်သေးသေးဖောက်ပြီး သွေးပြန်ကြောတွေမှတစ်ဆင့် အထူးပြုလုပ်ထားတဲ့ကိရိယာကို ထည့်သွင်းကြည့်ရှူခြင်းဖြစ်ပါတယ်။

    သွေးပြန်ကြောဓါတ်မှန်ရိုက်ခြင်း

    ရေဒီယိုလှိုင်းတွေကိုအသုံးပြုပြီး သွေးစီးဆင်းမှုကိုမြင်သာအောင်နဲ့ ခြေထောက်မှာရှိတဲ့သွေးခဲတွေကို စစ်ဆေးဖို့ ဖြစ်ပါတယ်။

    သွေးပြန်ကြောမှတ်တမ်းတင်ခြင်

    ခြေထောက်ကသွေးပြန်ကြောတွေကို အိက်စ်ရေးရောင်ခြည်အသုံးပြုခြင်းဖြစ်ပါတယ်။

    ဒိုင်မာလို့ခေါ်တဲ့ အထူးသွေးစစ်ဆေးခြင်း

    အဆုတ်သွေးကြောဆို့ခြင်း ကို ဘယ်လိုကုသလဲ

    ဆရာဝန်ညွှန်းကြားထားတဲ့ကုသမှုအချို့ကတော့

    • ဆေးပေးခြင်း

    သွေးကျဲဆေး ဟပ်ပရင်နဲ့ဝါဖရင်က သွေးထဲမှာသွေးခဲဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါတယ်။ အရေးပေါ်အခြေအနေမှာ အသက်ကယ်နိုင်ပါတယ်။

    • သွေးခဲပျော်ဆေး

    သွေးခဲပျော်ခြင်၊ းပျက်စီးခြင်းကို မြန်စေပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ စိုးရိမ်ရတဲ့သွေးထွက်ခြင်းပြဿနာတွေဖြစ်နိုင်တာကြောင့် အရေးပေါ်အခြေအနေတွက်သာ သုံးလေ့ရှိပါတယ်။

    ခွဲစိတ်ကုသခြင်း

    အဆုတ်နှလုံးဆီ သွေးစီးဆင်းမှုကိုတားထားတဲ့ ပြဿနာပေးနိုင်တဲ့သွေးခဲများကို ဖယ်ထုတ်ဖို့လိုပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဆုတ်သွေးကြောဆို့ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဆုတ်သွေးကြောဆို့ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    အသားကပ်ဘောင်းဘီများ

    သင့်ခြေထောက်ကို တဖြည်ဖြည်းချင်းညှစ်ထားပေးခြင်းဖြင့် သွေးပြန်ကြောနဲ့ခြေထောက်ကြွက်သားတွေကို သွေးစီးဆင်းမှုကောင်းအောင် ကူညီပေးပါတယ်။

    ခြေထောက်မြှောက်ထားခြင်း

    လုပ်နိုင်တဲ့အချိန်တွေတိုင်းနဲ့ ညမှာခြေထောက်မြှောက်ထားခြင်းက အရမ်းအထောက်အကူပြုပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်း

    ခွဲစိတ်မှုအပြီး တတ်နိုင်သမျှမြန်မြန်လှုပ်ရှားခြင်းက အဆုတ်သွေးကြောဆို့ခြင်းကို ကာကွယ်ပေးပြီး မြန်မြန်ပြန်သက်သာသွားနိုင်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Thin Myat Sandi Cho မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/01/2022 ဖြစ်ပါသည်။