Mirizzi syndrome ဆိုတာဘာလဲ။
Mirizzi syndrome ကို သည်းခြေအိတ်ပြွန် သို့မဟုတ် သည်းခြေအိတ်ရဲ့ Hartmann’s pouch မှာ တစ်နေတဲ့သည်းခြေကျောက်ကြောင့်ဖြစ်လာတဲ့ အတွင်းပိုင်းဖိအားကနေ ဘုံသည်းခြေပြွန်ပိတ်ခြင်း ဆိုပြီး အဓိပ္ပါယ်သတ်မှတ်ပါတယ်။
Mirizzi syndrome ကိုသည်းခြေအိတ်နဲ့ သည်းခြေပြွန်ကို တိုးလျှိုးပေါက်ဆက်တဲ့ Fistula ပါမပါနဲ့ ကြီးမကြီးပေါ်မူတည်ပြီး အမျိုးအစားခွဲပါတယ်။
Mirizzi syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
Mirizzi syndrome ကို cholelithiasis ဖြစ်လို့ ခွဲစိတ်ကုသရသူတွေရဲ့ ဝ.၀၅-၄% မှာတွေ့ရပါတယ်။ Mirizzi syndrome ရှိသူ ၅၀-၇၇ % က အမျိုးသမီးတွေပါ။ အမျိုးသမီးတွေမှာ သည်းခြေကျောက်တည်နိုင်ချေ အတော်မြင့်တာကလည်း တစ်ကြောင်းပါပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
Mirizzi syndrome ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့
ဒါပေမယ့် ဒီလက္ခဏာသုံးခုကို လူနာ ၄၄-၇၁% မှာပဲ တွေ့ရပါတယ်။ အောင့်တာက အတွေ့ရအများဆုံး (၅၄-၁၀၀%) ဖြစ်ပြီး၊ အသားဝါးတာက (၂၄-၁၀၀%) နဲ့ သည်းခြေပြွန်ရောင်တာက (၆-၃၅%) တွေ့ရပါတယ်။ ဆရာဝန်နဲ့ပြတဲ့အခါ လူနာသုံးပုံတစ်ပုံလောက်မှာ ရုတ်တရတ်ပြင်းထန် သည်းခြေအိတ်ရောင်ခြင်းကို တွေ့ရတတ်ပြီ တစ်ချို့တွေမှာတော့ ရုတ်တရတ်ပြင်းထန်မုန့်ချိုအိတ်ရောင်တာကို ရှားရှားပါးပါးတွေ့ရတတ်ပါတယ်။
အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
သည်းခြေအိတ်မှာ ခေါင်းပိုင်း၊ ကိုယ်ပိုင်း၊ infundibulum ပိုင်းနဲ့ လည်ပင်းပိုင်းဆိုပြီးရှိတယ်။ ကိုယ်ပိုင်းက ခေါင်းပိုင်းနဲ့ အဖျားရှူးသွားတဲ့အပိုင်း တစ်နည်း လည်ပင်းပိုင်းကို ဆက်ပေးတဲ့နေရာ ဖြစ်ပါတယ်။ လည်းပင်းပိုင်းမှာ မသိမသာလေးကွေးနေပြီး ကွေးနေတာကြောင့်ပဲ infundibulum သို့မဟုတ် Hartmann’s pouch ဆိုတာလေး ဖြစ်လာတာပါ။ သည်းခြေအိတ်ရဲ့ လည်ပင်းပိုင်းကနေ သည်းခြေရည်တွေစီးဆင်းစေမယ့် သည်းခြေပြွန်ပိုင်းကို ဆက်ထားပါတယ်။ ကြီးမားတဲ့သည်းခြေကျောက်တွေက သည်းခြေပြွန်နဲ့ Hartmann’s pouch မှာ တစ်နိုင်ပါတယ်။ သည်ကျောက်တုံးတွေက ဘုံးအသည်းပြွန်ပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သည်းခြေပြွန်နဲ့ ဘုံအသည်းပြွန်နဲ့က နီးကပ်နေတဲ့အတွက် ပိတ်နိုင်တာဖြစ်ပါတယ်။ သည်းခြေပြွန်ရောင်ခြင်းကနေတစ်ဆင့် အသည်းပြွန်မှာပါ ရောင်နိုင်ပါတယ်။ ရှားရှားပါးပါးအနေနဲ့ ကာလကြာရှည်အောင် ရောင်ခြင်းက သည်းခြေပြွန်နံရံကို ပုပ်သွားစေပြီး ကျောက်တုံးတွေက ဘုံသည်းခြေပြွန်ရဲ့ အရှေ့ဖက် ဘေးဖက်နံရံတွေ တိုက်စားသွားတဲ့အခါ cholecystobiliary (cholecystohepatic or cholecystocholedochal) fistula ဖြစ်လာပါတော့တယ်။
Mirizzi syndrome က သည်းခြေကင်ဆာနဲ့ ဆက်စပ်နိုင်ပါတယ်။ မကြာခဏရောင်ခြင်းနဲ့ သည်းခြေရည်ပျစ်ခြင်းက အဆိုပါကရောဂါနှစ်ခုစလုံးကို ပိုဆိုးစေတယ်လို့ ယူဆချက်များရှိပါတယ်။ Mirizzi syndrome သည်းခြေအိတ်ထုတ်ရတဲ့လူနာတွေမှာ ကင်ဆာအဖြစ်ပြောင်းနိုင်ချေက လူနာတွေရဲ့ ၅-၂၈% ထိ ရှိပါတယ်။ နောက်ပြန်လေ့လာနည်းတွေအရ သည်းခြေအိတ်ထုတ်ရတဲ့လူနာ ၄၈၀၀ မှာ Mirizzi syndrome အယောက် ၁၃၃ ယောက်ရှိပြီး သူတို့ထဲမှ ၇ ယောက် (၅%) က သည်းခြေအိတ်ကင်ဆာ ဖြစ်နေသူတွေဖြစ်ပါတယ်။ အချက်အလက်တွေ ထပ်ပြီးသိလိုပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။
ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။
Mirizzi syndrome ကို အတည်ပြုဖို့အတွက် ဗိုက်ကိုပုံရိပ်ဖော်စစ်ဆေးခြင်း (ဥပမာ transabdominal ultrasonography, contrast-enhanced computed tomography [CT], magnetic resonance cholangiopancreatogram [MRCP]) စတာတွေမှာ အောက်ပါအချက်တွေ ရှိရပါမယ်။
Mirizzi syndrome အတွက် အဓိကကုထုံးကတော့ ခွဲစိတ်ခြင်းပါပဲ။ သည်းခြေအိတ်ထုတ်ဖို့ ခွင့်ပြုနိုင်တဲ့ အချက်တွေမှာ သည်းခြေအိတ်ရောင်ခြင်းနဲ့ ကျောက်တုံးရှိနေခြင်းတို့ ပါဝင်ပါတယ်။ Mirizzi syndrome ကို ခွဲစိတ်ကုသဖို့က cholecystobiliary fistula ရှိမရှိနဲ့ ရှိခဲ့လျှင် အမျိုးအစားတို့အပေါ် မူတည်ပါတယ်။
Mirizzi syndrome ကို မခွဲစိတ်မီအတည်ပြုမယ်ဆိုရင် endoscopic retrograde cholangiopancreatography ကိုသုံးတာက မခွဲစိတ်ခင်မှာ အတည်ပြုဖို့ ကုသဖို့အတွက် အသုံးဝင်ပါတယ်။ ဒီလိုလုပ်တာက ပြွန်ပိတ်အသားဝါရောဂါရှိသူတွေနဲ့ သည်းခြေပြွန်ရောင်သူတွေမှာ လမ်းလွှဲပြွန်ထည့်ပေးနိုင်ပြီး ဖိနေတာကိုလျော့အောင် လုပ်နိုင်ပါတယ်။ ခွဲစိတ်တဲ့အခါမှာ သည်းခြေကျောက်ထုတ်လိုက်ရုံသာဖြစ်ပြီး ဘုံသည်းခြေပြွန်မှာရောဂါရှာဖို့ သက်သာသွားမှာ ဖြစ်ပါတယ်။
Mirizzi syndrome ကို သည်းခြေကျောက်ထုတ်မှ သိရတယ်ဆိုရင်တော့ သည်းခြေအိတ်မထုတ်ခင် ပိုသေချာသွားအောင်နဲ့ သည်းခြေဖွဲ့စည်းပုံအခြေအနေကို ခွဲခြားနိုင်အောင် ခွဲနေရင်း cholangiogram ကိုပြုလုပ်သင့်ပါတယ်။
မှန်ပြောင်းနှင့်ခွဲစိတ်ခြင်း
ခွဲစိတ်ဖို့မသင့်တော်တဲ့သူတွေမှာတော့ endoscopic retrograde cholangiopancreatography ကိုသုံးပြီး လမ်းလွှဲကြောင်းထည့်တာက Mirizzi syndrome အတွက် တိကျတဲ့ကုသမှုတစ်ခုဖြစ်ပါတယ်။
တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။