brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

History And Physical Exam For Low Back Pain (ခါးနာခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

History And Physical Exam For Low Back Pain (ခါးနာခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) ကဘာလဲ။

ဆရာဝန်က သင့်အခြေအနေကို သိရှိပြီး ကုသမှု အစီအစဉ် မပြုလုပ်မီ ပြီးပြည့်စုံတဲ့ ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်းဟာ အရေးကြီးပါတယ်။ ဒီစစ်ဆေးမှုတွေရဲ့ အဖြေတွေဟာ သင့်ဆရာဝန်ကို ဒီခါးနာခြင်းရဲ့ အခြားလက္ခဏာတွေက အာရုံကြောပေါ်သက်ရောက်တဲ့ ဖိအားနဲ့ ဆက်စပ်မှု ရှိလားဆိုတာနဲ့ ဘယ်အာရုံကြောတွေ ဖိမိလဲဆိုတာ သိရှိဖို့ ကူညီပေးနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ ဘယ်ကုသမှုက အထိရောက်ဆုံးလဲဆိုတာ ဆုံးဖြတ်ဖို့ ဒီအချက်အလက်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

History and physical exam for low back pain တွေကို ဘာကြောင့် လုပ်ကြတာလဲ။

ခါးနာခြင်း ပြဿနာတွေအတွက် ရောဂါရာဇဝင် မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဟာ ပထမစစ်ဆေးမှုအပိုင်း ဖြစ်ပါတယ်။ သင့်ဆရာဝန်က နောက်ကျောကို နောက်ထပ် ထိခိုက်မိခြင်းကို ရှောင်ကြဉ်ဖို့ အခြားစစ်ဆေးမှုတွေကို ပြောင်းလဲခြင်း (သို့) ကျော်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

ပြင်ဆင်မှု

History and physical exam for low back pain ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

နာကျင်မှုတွေဟာ ကိုယ်ခန္ဓါ အရရော စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေနဲ့ပါ ဆက်စပ်မှု ရှိပါတယ်။ သင့်မှာ စိတ်ဖိစီးမှုများနေရင် ကြွက်သားတွေဟာ တင်းကျပ်ပြီး နောက်ကျောဘက်ကို ရောက်သွားတာကြောင့် ခါးနာခြင်း (သို့) ပိုဆိုးခြင်းကို ဖြစ်စေပါတယ်။ အလားတူစွာ ခံစားမှုတွေဟာ နာကျင်မှုတွေကို ပိုဆိုးစေပါတယ်။ တကယ်လို့ သင် (သို့) သင့်ဆရာဝန်က ဒီနာကျင်မှုဟာ စိတ်ဖိစီးမှု၊ စိတ်ဆိုးခြင်းနဲ့ အခြားခံစားမှုတွေကြောင့် ဖြစ်တယ်လို့ ခံစားရရင် အထူးကုသမှုတွေ ယူသင့်ပါတယ်။ အသိဉာဏ်နဲ့ အပြုအမူဆိုင်ရာ ကုထုံး နဲ့ ခန္ဓါကိုယ် အလိုအလျောက်ပြုလုပ်နေသော လုပ်ငန်းစဉ်တွေကို လျှပ်စစ်ကိရိယာများသုံးပြီးစောင့်ကြည့်ခြင်း (biofeedback) တွေဟာ ကုသမှု အမျိုးအစားနှစ်မျိုးဖြစ်ပြီး သင့်နာကျင်မှုကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။

History and physical exam for low back pain တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သင်အရင်တုန်းက ဖြစ်ခဲ့တဲ့ ရောဂါနဲ့ ကုသမှုတွေအကြောင်းကို အသေးစိတ် ပြင်ဆင်ထားသင့်ပါတယ်။ အရင်က နာမကျန်းမှု သေးသေးလေးဟာ သင့်အတွက် အရေးမကြီးခဲ့ရင်တောင် ဒီပြဿနာကို ဆရာဝန်က သိရှိခြင်းဟာ ရောဂါအတည်ပြုမှုမှာ အထောက်အကူ ပေးပါတယ်။ ဒါ့ပြင် အရင်က နဲ့ အခု ဖြစ်နေတဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိခြင်းဟာ သင့်ဆရာဝန်ကို အကောင်းဆုံး ဆုံးဖြတ်မှုမှာ ကူညီပေးနိုင်ပါတယ်။

ရောဂါရာဇဝင်မေးမြန်းခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လတ်တလော သောက်နေတဲ့ ဆေးတွေအကုန်ကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဆေး နာမည်တွေနဲ့ ပမာဏတွေကို ရေးချသွားတာ အကောင်းဆုံး ဖြစ်ပါတယ်။

စစ်ဆေးမှု

History and physical exam for low back pain နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

ပထမဦးစွာ သင်ဟာ သင့်အခြေအနေ စစ်ဆေးမှုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကို သင့်နာကျင်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားရတဲ့စာရွက်မှ စတင်ပါတယ်။ သင့်ဆရာဝန်နဲ့ အချက်အလက်တွေ ပိုမိုမျှဝေလေလေ ရောဂါကို သိရှိဖို့ ပိုမို လွယ်ကူလေလေပဲဖြစ်ပါတယ်။ ရောဂါရာဇဝင်မေးမြန်းခြင်းဟာ ဆရာဝန်ကို ဘယ်တုံးက နာကျင်မှု စဖြစ်တာလဲ၊ ဘယ်အရာက ဖြစ်စေတာလဲ၊ ဒဏ်ရာရမှုတွေ ဖြစ်ခဲ့သလား၊ လူမှုဘဝနေထိုင်မှု ပုံစံ၊ နာကျင်မှု ဖြစ်စေတဲ့အချက်တွေနဲ့ မိသားစုတွေထဲမှာရော ခါးနာဖူးသူရှိသလားဆိုတဲ့ အချက်တွေကို သိရှိစေနိုင်ပါတယ်။ သင်ရေးဖြေထားတဲ့ စာရွက်ကို ကြည့်ပြီးရင်တော့ ဆရာဝန်ဟာ သင်ပြောထားတဲ့အချက်အလက်တွေနဲ့ ဆက်စပ်တဲ့ မေးခွန်းတွေကို မေးမှာ ဖြစ်ပါတယ်။ အသိများတဲ့ မေးခွန်းတွေကတော့

• ဘယ်တုန်ုးက နာကျင်မှု စတင်တာလဲ

• ဒီခါးနာမှုနဲ့ဆက်စပ်နေတဲ့ ဒဏ်ရာရခြင်းတွေ ရှိသလား

• ခါးနာခြင်းကို ဘယ်နားမှာ ခံစားရတာလဲ။ နာကျင်မှု ဘယ်လောက်များသလဲ။

• ခါးနာခြင်းဟာ အခြားအစိတ်အပိုင်းတွေပါ ပြန့်သွားခြင်း ရှိသလား။

• ဘယ်အချက်တွေက ခါးနာမှုကို ပိုကောင်းလာစေလဲ။ ပိုဆိုးသွားစေလဲ။

• ခါးခွဲစိတ်မှု (သို့) လည်ပင်းခွဲစိတ်မှု လုပ်ဖူးပါသလား။

• ဆီးအိမ် (သို့) အူပြဿနာတွေ ရှိဖူးပါသလား။

• မိသားစုအတွင်းမှာ အရိုးပွသူ ရှိပါသလား။

ကိုယ်ခန္ဓါ စမ်းသပ်စဉ်မှာတော့ သင့်ဆရာဝန်က သင့်ကို မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်း၊ လှဲခြင်းတွေ ပြုလုပ်ခိုင်းနိုင်ပါတယ်။ ဒါဟာ ကြွက်သားနဲ့ အာရုံခံမှု ပြဿနာတွေကို စစ်ဆေးနိုင်ပါတယ်။ ကိုယ်ခန္ဓါ စစ်ဆေးမှုမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

• ကြည့်ရှုခြင်းနဲ့ တိုင်းတာခြင်း

• စမ်းကြည့်ခြင်း – အရိုး၊ အဆစ်နာကျင်မှု၊ အဆစ်တည့်မတ်မှုအနေအထား နဲ့ ခြေထောက်အတွင်း သွေးခုန်နှုန်းကို စစ်ဆေးနိုင်ပါတယ်။

• ကိုယ်လုံး (သို့) ခြေထောက်ကို ယေဘုယျ စစ်ဆေးခြင်း

• အာရုံကြော စစ်ဆေးမှု

• ခြေထောက် ဆန့်တင်းခြင်း အစရှိတဲ့ အထူး စစ်ဆေးမှုများ

စစ်ဆေးပြီးနောက်

History and physical exam for low back pain လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ရောဂါရှာဖွေတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ရနိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေက သင့်ခါးနာခြင်းရဲ့ သံသယရှိတဲ့ အကြောင်းရင်းတွေပေါ် မူတည် ပြုလုပ်မှာ ဖြစ်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

History And Physical Exam For Low Back Pain (ခါးနာခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ခါးနာခြင်းအတွက် ရောဂါရာဇဝင် မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဟာ အောက်ပါအဖြေတွေကို ပေးနိုင်ပါတယ်။

ပုံမှန်

ရောဂါရာဇဝင်မေးမြန်းခြင်းဟာ ခါးနာမှုဖြစ်စေတဲ့ အကြောင်းရင်းကို ဖေါ်ထုတ်နိုင်ခြင်း မရှိပါဘူး။

စမ်းသပ်စစ်ဆေးမှုဟာ တူညီတဲ့ နာကျင်မှုမျိုး၊ ကြွက်သားအားနည်းခြင်း၊ အာရုံကြောနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကို ဖြစ်စေခြင်း မရှိပါဘူး။

သင့်ဆရာဝန်က အောက်ပါအချက်တွေကို အကြံပေးနိုင်ပါတယ်။

• ခွဲစိတ်မှု မလိုအပ်သော ကုသမှုများ (အနားယူခြင်း၊ အကိုက်အခဲပျောက်ဆေး၊ အပူ (သို့) အအေး၊ လေ့ကျင့်ခန်းလုပ်ခြင်း)

• ခါးနာခြင်းရဲ့ အခြားအကြောင်းရင်းတွေကို သိရှိစေဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။

ပုံမှန်မဟုတ်

ရောဂါရာဇဝင် မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းဟာ ခါးနာခြင်းရဲ့ အကြောင်းရင်းဟာ ကြွက်သား တင်းကျပ်မှု၊ အသုံးလွန်မှု၊ အာရုံကြောကို ဖိမိခြင်း၊ ဒါမှမဟုတ် ရှားပါးတဲ့ ပြဿနာတွေလားဆိုတာကို ခွဲခြားနိုင်ပါတယ်။

တကယ်လို့ ခါးနာမှုဟာ ကြွက်သား တင်းကျပ်မှု၊ အသုံးလွန်မှု ကြောင့် ဖြစ်တယ်ဆိုရင် (သို့) အာရုံကြောနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေဟာ မပြင်းထန်ဘူးဆိုရင် သင့်ဆရာဝန်ဟာ ခွဲစိတ်မှုမလိုတဲ့ ကုသမှုတွေကို ပေးနိုင်ပါတယ်။ အနားယူခြင်း၊ အကိုက်အခဲပျောက်ဆေး၊ အပူ (သို့) အအေး၊ လေ့ကျင့်ခန်းလုပ်ခြင်း တွေကို ပြုလုပ်စေပြီး လက္ခဏာတွေ သက်သာလားဆိုတာ ကြည့်မှာ ဖြစ်ပါတယ်။ တကယ်လို့ အာရုံကြောနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေဟာ ပိုမိုပြင်းထန်ရင် (သို့) ဆရာဝန်က သင့်မှာ ပြင်းထန်ရောဂါ ရှိနေတယ်လို့ သံသယရှိရင် အခြားစစ်ဆေးမှုတွေ ဖြစ်တဲ့ Xray ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်(CT)၊ သံလိုက်ဓါတ်မှန် (MRI) သို့ အခြားသွေးစစ်ဆေးမှုတွေကို လုပ်စေမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။