အချင်းဆဲလ်စစ်ဆေးခြင်း ဆိုတာဘာလဲ။
အချင်းတစ်ရှုးအနည်းငယ်ကို အပ်ကတဆင့် ထုတ်ယူပြီး ဓါတ်ခွဲစစ်ဆေးခြင်းကို အချင်းဆဲလ်စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အချင်းဆဲလ်တွေဟာ သင့်ကလေးမှာရှိတဲ့ ဆဲလ်တွေနဲ့ အင်မတန်ဆင်တူပါတယ်။ အချင်းဆဲလ်စစ်ဆေးခြင်းကို ကိုယ်ဝန် ၁၁ပတ်နဲ့ ၁၃ပတ်ကြားမှာ ပြုလုပ်လေ့ရှိပြီး သန္ဓေသားမှာ အောက်ပါပြဿနာတွေရှိရင် သိရှိစေနိုင်ပါတယ်။
- Down syndrome ကဲ့သို့သော ခရိုမိုဆုမ်းပြဿနာများ။
- cystic fibrosis (အဆုတ်ရောဂါတမျိုး) ဒါမှမဟုတ် sickle cell anaemia (သွေးရောဂါတမျိုး) ကဲ့သို့သော မျိုးဗီဇဆိုင်ရာ ရောဂါများ။
ဒါပေမယ့် အချင်းဆဲလ်စစ်ဆေးခြင်းဟာ ရှိသမျှ ရောဂါပြဿနာတွေအားလုံးကို ဖော်ထုတ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ဥပမာ သင့်ကလေးမှာ spina bifida လို့ခေါ်တဲ့ မွေးရာပါ ကျောရိုးပင်မအာရုံကြောပြဿနာရှိနေရင် အချင်းဆဲလ်စစ်ဆေးခြင်းက ဖော်ထုတ်မပေးနိုင်ပါဘူး။
အခြေခံအကြောင်းရင်းကို သိရှိခြင်း
အချင်းဆဲလ်စစ်ဆေးခြင်းကို ဘာလို့ပြုလုပ်ရသလဲ။
အောက်ပါအခြေအနေတွေမှာ အချင်းဆဲလ်စစ်ဆေးဖို့ စဉ်းစားရပါမယ်။
- ကိုယ်ဝန်ဆောင်ကာလမှာ ပြုလုပ်ရတဲ့ စစ်ဆေးချက်တွေအရ သင့်မှာ ပြဿနာတွေ ရှိနေရင် အချင်းဆဲလ်စစ်ဆေးမှုကို ပြုလုပ်ရပါမယ်။screening test တွေ (ဥပမာ ကိုယ်ဝန်ပထမ သုံးလပတ်မှာ စစ်ဆေးမှုတွေ)မှာ အဖြေမကောင်းရင်၊စိုးရိမ်စရာတွေ ရှိနေရင်လည်း အချင်းဆဲလ်စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ဘာပြဿနာရှိနေသလဲဆိုတာကို တိတိပပ သိရှိနိုင်မှာ ဖြစ်ပါတယ်။
- အရှေ့တခေါက်ကိုယ်ဝန်မှာ ခရိုမိုဆုမ်းပြဿနာနဲ့ ရင်ဆိုင်ခဲ့ရရင်လည်း အချင်းဆဲလ်စစ်ဆေးခြင်းကို ပြုလုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရှေ့ကိုယ်ဝန်တုန်းက Down syndrome ဒါမှမဟုတ် အခြားသော ခရိုမိုဆုမ်းဆိုင်ရာ ပြဿနာတွေ တွေ့ကြုံခဲ့ရတယ်ဆိုရင် ဒီတခေါက်ကိုယ်ဝန်မှာလည်း အဆိုပါ ပြဿနာမျိုး ထပ်မံဖြစ်ပေါ်နိုင်ချေတွေ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။
သင့်အသက် ၃၅နှစ်အထက် ဖြစ်နေရင်။ အသက် ၃၅နှစ်အထက် အမျိုးသမီးတွေမှာ မွေးဖွားလာတဲ့ ကလေးတွေမှာ Down syndrome ကဲ့သို့သော ခရိုမိုဆုမ်းဆိုင်ရာ ရောဂါတွေ ပါလာနိုင်ချေ ပိုများလို့ပဲ ဖြစ်ပါတယ်။
- သင့်မိသားစုထဲမှာ မျိုးဗီဇဆိုင်ရာ ရောဂါဖြစ်ပွားသူတွေ ရှိရင် ဒါမှမဟုတ် သင်နဲ့ သင့်အိမ်ထောင်ဖက် တဦးဦး/နှစ်ဦးလုံးဟာ မျိုးဗီဇဆိုင်ရာ ရောဂါတမျိုးမျိုးရဲ့ သယ်ဆောင်သူတွေ ဖြစ်နေရင်။ အချင်းဆဲလ်စစ်ဆေးခြင်းဟာ Down syndrome အပြင် အခြားသော မျိုးရိုးဗီဇဆိုင်ရာ မွေးရာပါရောဂါအများအပြားကို ကြိုတင်သိရှိစေနိုင်ပါတယ် (ဥပမာ Tay-Sachs၊cystic fibrosis အဆုတ်ရောဂါ စသည်)။
ဒီစစ်ဆေးမှုအပြင် အခြားသော စစ်ဆေးမှုတွေလည်း ရှိပါသေးတယ်။
- ရေမွှာရည် စစ်ဆေးခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုမှာဆိုရင် အပ်ကလေးကို အသုံးပြုပြီး ရေမွှာအိတ်ထဲက ရေမွှာရည်လေးကို နမူနာ အနည်းငယ်ယူပြီး စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေမွှာရည်စစ်ဆေးခြင်းကို ကိုယ်ဝန်ဆယ့်ငါးပတ် နောက်ပိုင်းမှသာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
အခြားသော စစ်ဆေးမှုတွေ ဒါမှမဟုတ် သွေးစစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပေမယ့် အဆိုပါ စစ်ဆေးမှုတွေဟာ သင့်ကလေးမှာ ပြဿနာရှိမရှိကိုပဲ ဖော်ပြနိုင်မှာဖြစ်ပြီး ဘာပြဿနာလဲဆိုတဲ့ အသေးစိတ် အနေအထားတွေကို ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။
အချင်းဆဲလ်စစ်ဆေးခြင်းက စိတ်ချရရဲ့လား၊ဘာပြဿနာတွေ ရှိနိုင်သလဲ။
ယခင်က ပြုလုပ်ခဲ့တဲ့ လေ့လာသုတေသနအချို့ရဲ့အဆိုအရ အချင်းဆဲလ်စစ်ဆေးခြင်းကြောင့် ကလေးရဲ့ လက်ချောင်း၊ခြေချောင်းလေးတွေမှာ မူမမှန်တဲ့ အပြစ်အနာအဆာလေးတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ကိုးလမတိုင်ခင် စစ်ဆေးမှုကို ပြုလုပ်မိမှသာ အဆိုပါ ပြဿနာ ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။
စစ်ဆေးမှုရလာဒ်ဟာ ကိုယ်ဝန်အပေါ်ကို အင်မတန်သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိမယ်လို့ ယူဆမှသာ အချင်းဆဲလ်စစ်ဆေးခြင်းကို ပြုလုပ်လေ့ရှိပါတယ်။ ဒီစစ်ဆေးမှုကို လုပ်မလား၊မလုပ်ဖူးလား ဆိုတာကတော့ သင့်အပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေပါတယ်။ ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူက သင်ထည့်သွင်းစဉ်းစားသင့်တဲ့ ကောင်းကျိုး၊ဆိုးပြစ်တွေအားလုံးကို မျှဝေပေးမှာ ဖြစ်ပါတယ်။
အချင်းဆဲလ်စစ်ဆေးခြင်းက အောက်ဖော်ပြပါ ပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
- ကိုယ်ဝန်ပျက်ကျခြင်း : အချင်းဆဲလ်စစ်ဆေးခြင်းကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ချေ အပုံတရာပုံရင် တပုံရှိပါတယ်။ အချင်းဆဲလ်ကို သားအိမ်ခေါင်းကတဆင့်ယူတဲ့ ပုံစံဟာ ဗိုက်ထဲကတဆင့်ယူတဲ့ ပုံစံထက် သားပျက်သားလျှောဖြစ်နိုင်ချေ ပိုများပါတယ်။ ဗိုက်ထဲမှာရှိတဲ့ ကလေးက ပုံမှန်ထက်ပိုသေးရင်လည်း ကိုယ်ဝန်ပျက်ကျနိုင်ချေ ပိုများပါတယ်။
- သွေးအုပ်စုမတူညီခြင်းကြောင့် ပြဿနာဖြစ်ပွားခြင်း : အချင်းဆဲလ်စစ်ဆေးတဲ့အခါ ကလေးရဲ့ သွေးဆဲလ်အချို့ဟာ မိခင်ရဲ့ သွေးကြောထဲကို ရောက်ရှိလာတတ်ပါတယ်။ တကယ်လို့ သင်ဟာ အနှုတ်သွေးဖြစ်ပြီး အပေါင်းသွေးကို တိုက်ခိုက်မယ့် ပဋိပစ္စည်းတွေ သင့်မှာ မရှိသေးဖူးဆိုရင် ကလေးရဲ့ သွေးဆဲလ်တွေကို တိုက်ထုတ်မယ့် ပဋိပစ္စည်းတွေ ထွက်ရှိခြင်းမှ ကာကွယ်နိုင်ဖို့အတွက် သင့်ကို Rh immunoglobulin လို့ခေါ်တဲ့ ဆေးပေးမှာဖြစ်ပါတယ်။ သင့်ခန္ဓါကိုယ်ထဲမှာ ပဋိပစ္စည်းတွေ စတင်ထုတ်လုပ်ခြင်း ရှိမရှိ သိနိုင်ဖို့အတွက် သွေးစစ်ဖို့ လိုမှာ ဖြစ်ပါတယ်။
- ကူးစက်ပိုးဝင်ခြင်း : အချင်းဆဲလ်စစ်ဆေးခြင်းကြောင့် သားအိမ်ကို ပိုးဝင်နိုင်ပေမယ့် အင်မတန်ရှားပါးပါတယ်။
- ယခင်က ပြုလုပ်ခဲ့တဲ့ လေ့လာသုတေသနအချို့ရဲ့အဆိုအရ အချင်းဆဲလ်စစ်ဆေးခြင်းကြောင့် ကလေးရဲ့ လက်ချောင်း၊ခြေချောင်းလေးတွေမှာ မူမမှန်တဲ့ အပြစ်အနာအဆာလေးတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ကိုးလမတိုင်ခင် စစ်ဆေးမှုကို ပြုလုပ်မိမှသာ အဆိုပါ ပြဿနာ ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။
အချင်းဆဲလ်မစစ်ဆေးခင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။
အချင်းဆဲလ်စစ်ဆေးဖို့အတွက် သင့်ဆီးအိမ်တင်းနေဖို့လိုပါတယ်။ ဒါကြောင့် စစ်ဆေးမှုမပြုလုပ်ခင်မှာ ရေတဝသောက်ထားရပါမယ်။ ဒါပေမယ့် အချင်းရှိနေတဲ့ ပုံစံအနေအထားပေါ် မူတည်ပြီး စစ်ဆေးမှုမပြုလုပ်ခင်လေးမှာ ဆီးသွားဖို့ သင့်ကို ဆရာဝန်က ညွှန်ကြားကောင်းလည်း ညွှန်ကြားပါလိမ့်မယ်။
အချင်းဆဲလ်ကို ဘယ်လိုယူပြီး စစ်ဆေးမလဲ။
အချင်းတစ်ရှုးကို ဖယ်ထုတ်တာ ယေဘုယျအားဖြင့် ဆယ်မိနစ်တောင် မကြာပါဘူး။ အချင်းတစ်ရှုးကို နည်းနှစ်မျိုးနဲ့ ဖယ်ထုတ်နိုင်ပါတယ်။
- ဝမ်းဗိုက်ကတဆင့် တစ်ရှုးနမူနာယူခြင်း : သားဖွားမီးယပ်ဆရာဝန်က သင့်အရေပြားထဲကို ထုံဆေးထိုးပေးမှာ ဖြစ်ပြီး အခေါင်းပေါက်ပါတဲ့ အပ်ပါးပါးကလေးကို ဝမ်းဗိုက်ထဲမှတဆင့် အချင်းထဲကို ထိုးသွင်းမှာ ဖြစ်ပါတယ်။
- သားအိမ်ခေါင်းမှတဆင့် တစ်ရှုးနမူနာယူခြင်း : သားဖွားမီးယပ်ဆရာဝန်က ပြွန်အသေးလေးကို သင့်မိန်းမကိုယ်မှတဆင့် သားအိမ်ခေါင်းကို ဖြတ်သန်းကာ အချင်းထဲကို ထိုးသွင်းမှာ ဖြစ်ပါတယ်။
တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အချင်းဆဲလ်နမူနာယူပြီးတဲ့အခါ ဘာတွေဆက်လုပ်ရမလဲ။
သင့်ကလေးရဲ့ နှလုံးခုန်သံကို တချက်စောင့်ကြည့်စစ်ဆေးမှာဖြစ်ပြီး ပုံမှန်ဖြစ်ပြီဆိုတာနဲ့ အိမ်ပြန်လို့ရပြီ ဖြစ်ပါတယ်။ ပြီးရင် နောက်နှစ်ရက်လောက်တော့ အနားယူရပါမယ်။ အချင်းဆဲလ်စစ်ဆေးမှုအများစုက ပုံမှန်ရလာဒ်ပဲ ထွက်လေ့ရှိပြီး မူမမှန်တာ တစုံတရာ မရှိတတ်ပါဘူး။