ကယ်လ်စီတိုနင် (Calcitonin) ဆိုတာဘာလဲ။
ကယ်လ်စီတိုနင် (Calcitonin) ကို အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ စသည့်ကင်ဆာများ ရှာဖွေရန် စစ်ဆေးနိုင်ပါတယ်။
ကယ်လ်စီတိုနင် (Calcitonin) ကို အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ စသည့်ကင်ဆာများ ရှာဖွေရန် စစ်ဆေးနိုင်ပါတယ်။
ကယ်လ်စီတိုနင် (Calcitonin) ဆိုသည်မှာ သိုင်းရွိုက်ဂလန်းဆဲလ် (စီ ဆဲလ်) မှထုတ်သော ဟော်မုန်းတစ်မျိုးဖြစ်တယ်။ သွေးတွင်းကယ်လ်စီယမ်ပမာဏ တက်ခြင်းသည် ကယ်လ်စီတိုနင် (Calcitonin) စစ်ထုတ်မှုကိုလှုံဆော်ပြီး ခန္ဓါကိုယ်တွင်း ကယ်လ်စီယမ်ပမာဏ ထိန်းညှိပေးသော ဟော်မုန်းဖြစ်တယ်။
Medullary သိုင်းရွိုက်ကင်ဆာသည် မိသားစုတွင်း မျိုးရိုးလိုက်တတ်သည့် သိုင်းရွိုက်ကင်ဆာတစ်မျိုးဖြစ်ပြီး အချိန်နောက်ကျမှရှာဖွေတွေ့ရှိရလေ့ရှိပြီး ကုသမှုအရာမရောက်ဖြစ်နိုင်ပါသည်။ ထိုကင်ဆာကို စောစီးစွာရှာဖွေတွေ့ရှိနိုင်ရန် ကယ်လ်စီတိုနင် (Calcitonin) ပုံမှန်စစ်ဆေးခြင်းဖြင့် ထိရောက်သောကုသမှုကို အချိန်မီပြုလုပ်နိုင်ပါတယ်။ စီ ဆဲလ်ပွားသောရောဂါသည် ကင်ဆာမဟုတ်သောရောဂါတစ်ခုဖြစ်ပြီး မျိုးရိုးလိုက်တတ်ကာ ကယ်လ်စီတိုနင် (Calcitonin)ပမာဏမြင့်တက်ခြင်းစေပါသည်။
ရောဂါကိုဆုံးဖြတ်ရန် Calcitonin စစ်ဆေးမှုနဲ့မလုံလောက်ပါက pentagastrin သို့မဟုတ် Calcium ကိုအသုံးပြုကာ calcitonin စစ်ထုတ်မှုတက်စေပါလိမ့်မယ်။ Pentagastin အသုံးပြုသည့်စစ်ဆေးမှုတွင် pentagastrin ကိုသွေးကြောမှတဆင့်ထိုးသွင်းမှာဖြစ်ပြီး မထိုးသွင်းခင်တစ်ခါ၊ ထိုးသွင်းပြီး စက္ကန့် ၉၀တစ်ခါ၊ ၂ မိနစ်တစ်ခါ၊ ၅ မိနစ်တစ်ခါ သွေးနမူနာယူထားမှာဖြစ်တယ်။ Calcium အသုံးပြုသောစစ်ဆေးမှုကတော့ နည်းအမျိုးမျိုးရှိပြီး များသောအားဖြင့် calcium မထိုးသွင်းခင်တစ်ခါ၊ ထိုးသွင်းပြီး ၅ မိနစ် နဲ့ ၁၀ မိနစ်အကြာမှာတစ်ခါစီ သွေးနမူနာယူမှာဖြစ်တယ်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာတို့မှာ ကယ်လ်စီတိုနင် (Calcitonin) တက်လေ့ရှိတယ်။
Medullary သိုင်းရွိုက်ကင်ဆာတစ်မျိုးကို သံသယရှိတဲ့အခါ calcitonin စစ်ဆေးလေ့ရှိတယ်။ ကုသမှုအခြေအနေနဲ့ ရောဂါပြန်ဖြစ်နိုင်ချေကိုသိလိုလျှင်လည်း စစ်လေ့ရှိပါတယ်။ ဒါ့အပြင် မိသားစုအတွင်း မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားဖူးသူ ရှိပါကလည်း calcitonin စစ်တတ်ပါတယ်။
Calcitonin ထုတ်သောစီ ဆဲလ်အပွားများသည့်ရောဂါ၊ သို့မဟုတ် calcitonin တက်စေသာသိုင်းရွိုက်ကင်ဆာ လက္ခဏာများမှာ-
• လည်ပင်းရှေ့ဘက်တွင် အကျိတ်၊ အလုံးပေါ်ခြင်း
• လည်ပင်းနာခြင်း
• အသံပြောင်းခြင်း၊ အသံဝင်ခြင်း
• မျိုရခက်ခြင်း၊ အသက်ရှူရခက်ခြင်း
• အအေးမိခြင်း၊ တုပ်ကွေးမိခြင်းမရှိဘဲ ချောင်းဆိုးနေခြင်း
လေ့လာမှုများက လည်ပင်းကြီးခြင်းအတွက်ခွဲစိတ်မှုခံယူရမည့် လူနာများအားလုံးတွင် မခွဲစိတ်ခင် calcitonin စစ်ဆေးရန်အကြံပေးထားသော်လည်း သဘောမတူသူများလည်းရှိနေပါသေးတယ်။
MEN2 ဗီဇပြောင်းလဲမှုရှိသော မိသားစုများတွင်လည်း သိုင်းရွိုက်ကင်ဆာ၊ စီ ဆဲလ်အပွားများခြင်းများ စောစီးစွာရှာဖွေတွေ့ရှိရန်အတွက် calcitonin စစ်ဆေးမှုများပြုလုပ်သင့်ပါတယ်။
Calcitonin တက်သော သိုင်းရွိုက်ကင်ဆာ၊ calcitonin ထုတ် စီဆဲလ်အပွားများသောရောဂါများတွင် calcitonin ပမာဏတက်သော်လည်း အခြားသိုင်းရွိုက်ဟော်မုန်းများဖြစ်သည့် T3, T4, TSH ပမာဏမှာ ပုံမှန်ဖြစ်နေတတ်ပါတယ်။
Calcitonin ဟာအဆုတ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အင်ဆူလင်အထုတ်များသောကင်ဆာ နဲ့ VIP အကျိတ် (vasoactive intestinal peptide)ဟုခေါ်သော ရှားပါးသည့် မုန့်ချိုအိတ်ကင်ဆာတစ်မျိုးတွင် တက်လေ့ရှိပါတယ်။
စစ်ဆေးမှုကိုသက်ရောက်နိုင်သောအရာတွေကတော့-
• ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးကင်းစကလေးများတွင် တက်လေ့ရှိတယ်၊
• ကယ်လ်စီယမ်၊ cholecystokinin, epinephrine, glucagon, pentagastrin နှင့် သန္ဓေတားဆေးတွေကလည်း တက်စေပါတယ်။
စစ်ဆေးမှုမပြုလုပ်ခင်မှာ သတိပေးချက်တွေ၊ ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေအကြောင်း နားလည်ထားသင့်ပြီး သိချင်တာများရှိပါက ဆရာဝန်နှင့်သေချာတိုင်ပင်သင့်ပါတယ်။
စစ်ဆေးမှုမပြုခင်မှာ-
• ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆရာဝန်ရှင်းပြသည်များကို သေချာနားထောင်ပါ။
• စစ်ဆေးမှုမလုပ်ခင်ညကို အူလမ်းကြောင်း ရှင်းရန်အတွက် ရေမှလွဲ၍ဘာမှမစားပါနဲ့ ။
စစ်ဆေးမှုပြုလုပ်ရန်အတွက်-
• သွေးလျှောက်မှုခေတ္တရပ်စေရန် လက်မောင်းကိုစည်းထားပါမယ်၊
• အပ်ထိုးမည့်နေရာကို အရက်ပြန်နှင့်သန့်စင်ပါမယ်
• သွေးပြန်ကြောထဲအပ်ထိုးပါမယ် (သွေးကြောအခြေအနေအရ တစ်ကြိမ်ထက်ပိုထိုးရသည်လည်းရှိနိုင်ပါတယ်)
• သွေးထုတ်ပြီးပါက လက်မောင်းကစည်းထားသော ကြိုးကိုဖြည်ပေးပါလိမ့်မယ်
• အပ်ထိုးရာနေရာကိုပလာစတာကပ်ပေးပြီး
• သွေးနမူကို အနီရောင် ဒါမှမဟုတ် အစိမ်းရောင်အဖုံးပါသော ပြွန်ငယ်ဖြင့်ယူထားကာ
• နမူနာကိုချက်ချင်းခဲလိုက်ပြီးမှ ဓါတ်ခွဲခန်းကိုပို့ပါလိမ့်မယ်။
သွေးထုတ်ထားသည့်နေရာကို သွေးတိတ်ရန်ပလာစတာကပ်ထားရပါမယ်။
ရလဒ်အဖြေကိုရက်အနည်းငယ်အတွင်း သိနိုင်မည်ဖြစ်ပြီး မေးခွန်းများရှိပါက ဆရာဝန်ကိုတိုင်ပင်မေးမြန်းနိုင်ပါတယ်။
ရလဒ်
ပုံမှန် –
• အမျိုးသား: ၁၉ ပီကိုဂရမ်/ မီလီလီတာ နဲ့အောက် (ဒါမှမဟုတ်) ၁၉ နာနိုဂရမ်/ လီတာ နဲ့အောက် (SI ယူနစ်)
• အမျိုးသမီး: ၁၄ ပီကိုဂရမ်/ မီလီလီတာ နဲ့အောက် (ဒါမှမဟုတ်) ၁၄ နာနိုဂရမ်/ လီတာ နဲ့အောက် (SI ယူနစ်)
ကယ်လ်စီယမ်(2.4mg/kg) သွင်းပြီးပါက-
• အမျိုးသား: ၁၉၀ ပီကိုဂရမ်/ မီလီလီတာ နဲ့အောက် (ဒါမှမဟုတ်) ၁၉၀ နာနိုဂရမ်/ လီတာ နဲ့အောက် (SI ယူနစ်)
• အမျိုးသမီး: ၁၃၀ ပီကိုဂရမ်/ မီလီလီတာ နဲ့အောက် (ဒါမှမဟုတ်) ၁၃၀ နာနိုဂရမ်/ လီတာ နဲ့အောက် (SI ယူနစ်)
0.5 mcg/kg သွင်းပြီးပါက-
• အမျိုးသား: ၁၁၀ ပီကိုဂရမ်/ မီလီလီတာ နဲ့အောက် (ဒါမှမဟုတ်) ၁၁၀ နာနိုဂရမ်/ လီတာ နဲ့အောက် (SI ယူနစ်)
• အမျိုးသမီး: ၃၀ ပီကိုဂရမ်/ မီလီလီတာ နဲ့အောက် (ဒါမှမဟုတ်) ၃၀ နာနိုဂရမ်/ လီတာ နဲ့အောက် (SI ယူနစ်)
တက်နေလျှင်-
• Medullary သိုင်းရွိုက်ကင်ဆာ
• စီ ဆဲလ်အပွားများခြင်း
• အဆုတ်ကင်ဆာ
• ရင်သားကင်ဆာ
• မုန့်ချိုအိတ်ကင်ဆာ
• ပါရာသိုင်းရွိုက်အလုပ်ပိုလုပ်ခြင်း (Primary Parathyroidism)
• ကျောက်ကပ်ထိခိုက်မှုကြောင့်ရသော ပါရာသိုင်းရွိုက်အလုပ်ပိုလုပ်ခြင်း (Secondary Parathyroidism)
• မျိုးရိုးလိုက်သွေးအားနည်းရောဂါတစ်မျိုး (Pernicious anaemia)
• Zollinger-Ellison ရောဂါ
• အရက်ကြောင့်အသည်းခြောက်ခြင်း
• သိုင်းရွိုက်ဂလန်းရောင်ခြင်း
ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး ပုံမှန်ပမာဏ အချိုးအစား အနည်းငယ်ကွာခြားနိုင်ပါတယ်။ သွေးအဖြေ အခြေအနေကိုသိရန် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ