လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်းဆိုတာဘာလဲ
အရိုးဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာအဆစ်အတွင်းပိုင်းကိုစစ်ဆေးဖို့ အရေပြားမှာအပေါက်ငယ်ဖောက်ပြီးကင်မရာနဲ့ မီးသီးတပ်ထားတဲ့ ဝါယာကြိုးငယ်ကို ထည့်သွင်းပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ စစ်ဆေးနေစဉ်မှာသင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီးတချို့ရောဂါတွေကိုကုသပေးနိုင်ပါတယ်။
လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ
အောက်ပါပြသနာတွေအတွက် ပြုလုပ်ပါတယ်။
- လက်ကောက်ဝတ်နာကျင်ခြင်း။ လက်ကောက်ဝတ်အတွင်းကို မှန်ပြောင်းနဲ့ စစ်ဆေးပြီးအကြောင်းအရင်းရှာဖွေနိုင်ပါတယ်။
- အရည်အိတ်ဖယ်ထုတ်ခြင်း။ လက်ကောက်ဝတ် အတွင်းမှာအရည်အိတ်ငယ်လေးရှိပါတယ်။ သူဟာ အန္တရာယ်မပေးပေမယ့် တခါတရံနာကျင်ပြီး လှုပ်ရှားလို့ မကောင်းတာမျိုး ဖြစ်တတ်ပါတယ်.
- အရွတ်စုတ်ပြဲခြင်း။ အရွတ်ဟာအရိုးတွေ တခုနဲ့တခုကြားတွယ်ထားပေးတဲ့အရာ ဖြစ်ပါတယ်။ လက်ကောက်ဝတ်ရဲ့ တချို့အရွတ်တွေဟာလက်ချောင်းရိုးကလေးများကိုတည်ငြိမ်စေပြီး လက်ကောက်ဝတ်ကို လွယ်ကူစွာ လှုပ်ရှားစေနိုင်ပါတယ်။ အရွတ်စုတ်ပြဲရင် ခွဲစိတ်ကုသမှု ခံယူရပါမယ်။
- အာရုံကြောဖိညပ်မှုကြောင့် လက်ချောင်းများထုံကျင်အားနည်းခြင်း။ လက်ကောက်ဝတ် တလျှောက်သွားတဲ့ အာရုံကြောတွေ ရောင်ရမ်းပြိး ဖြစ်တတ်ပါတယ်။ အဆစ်အတွင်းမှန်ဘီလူးနဲ့ စစ်ဆေးကာ အာရုံကြောဝန်းကျင်ကို နေရာပြုပြင်ပေးပြီးဖိအားနဲ့ နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။
- လက်ကောက်ဝတ် အဆစ်ကျိုးခြင်း။ ကျိုးပဲ့သွားတဲ့ အရိုးစတွေကိုဖယ်ထုတ်ပြီး လက်ကောက်ဝတ်အရိုးများကို ပြန်လည်ပြုပြင် ပေးနိုင်ပါတယ်။
လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ
ပုံမှန်လုပ်ရိုးလုပ်စဉ် ခွဲစိတ်ကုသမှုများထက်စာရင် မှန်ပြောင်းဖြင့် စစ်ဆေးကုသခြင်းဟာအနည်းငယ်မျှသာခွဲစိတ်ရပါတယ်။ သူ့မှာအောက်ပါ အားသာချက်တွေ ရှိပါတယ်။
- နာကျင်မှု တောင့်တင်းမှု နည်းပါးခြင်း
- နောက်ဆက်တွဲပြသနာနည်းခြင်း
- ခွဲစိတ်ပြီးသက်သာမှု မြန်ဆန်ခြင်း
ခွဲစိတ်ရာဟာသေးငယ်တာမို့ လျင်မြန်စွာသက်သာနိုင်ပြီးခွဲစိတ်ပြီးရက်အနည်းငယ်ကြာရင် ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ဒဏ်ရာကြီးမယ် ဆိုရင် လက်ကောက်ဝတ်လုံး၀ ပြန်ကောင်းလာဖို့ ရက်သတ္တပတ်အနည်းငယ် အချိန်ယူရပါလိမ့်မယ်။
ကာယကုသမှု ကျွမ်းကျင်သူဟာသင့်လက်ချောင်းနဲ့ လက်ကိုလေ့ကျင့်မှု ဘယ်လိုလုပ်ရမယ်ဆိုတာ ပြပေးပါလိမ့်မယ်။ ဒီလေ့ကျင်မှုကြောင့် မျှောင်လင့်ထားတာထက် မြန်ဆန်စွာသက်သာလာနိုင်ပါတယ်။
အောက်ပါနောက်ဆက်တွဲ ပြသနာတွေကိုသတိပြုသင့်ပါတယ်။
- နာကျင်ခြင်း
- သွေးထွက်ခြင်း
- ခွဲသည့်နေရာ ပိုးဝင်ခြင်း
- ကြည့်မကောင်းသောအမာရွတ်များဖြစ်ခြင်း
လက်ကောက်ဝတ်အတွင်း မှန်ပြောင်းစစ်ဆေးခြင်းကြောင့် ဖြစ်နိုင်တဲ့ပြသနာတွေကတော့
- အဆစ်အတွင်းသွေးယိုခြင်း
- အဆစ်တွင် ရောဂါပိုးဝင်ခြင်း
- ပြင်းထန်စွာနာကျင်ခြင်း၊ တောင့်တင်းခြင်း၊ လက်ကိုအသုံးမပြုနိုင်တော့ခြင်း
- အာရုံကြောများထိခိုက်ခြင်း
- ကြွက်သားအရွတ်ထိခိုက်ခြင်း
ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။
လက်ကောက်ဝတ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းကိုမပြုလုပ်မီဘာတွေပြင်ထားရမလဲ
မေ့ဆေးပေးနည်းတွေ အများကြီးရှိပါတယ်။ ဆရာဝန်ဟာခွဲစိတ်မှုမတိုင်မီလိုက်နာရန်အချက်တွေ (ဘယ်နှနာရီထိအစာစားနိုင်တယ် ဆိုတာမျိုး) သင်သိအောင် ပြောပြပါလိမ့်မယ်။ အများအားဖြင့် ဒီအစီအစဉ်မတိုင်မီ ၆နာရီအလိုက စပြီးအစာမစားရတော့ပါဘူး။ ခွဲစိတ်မှုမတိုင်မီနာရီအနည်းငယ်အထိအရည်တမျိုးမျိုးသောက်နိုင်ပါတယ်။
လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ
ခွဲစိတ်မှုဟာမိနစ် ၄၀ ထိ ကြာနိုင်ပါတယ်။
ခွဲစိတ်ဆရာဝန်ဟာ ပခုံးဆစ်ဝန်းကျင်မှာ ၂နေရာကနေ ၄နေရာခန့်အထိခွဲပါလိမ့်မယ်။ ပြီးရင် ခပ်သေးသေးမှန်ဘီလူးတခုကိုခွဲထားတဲ့နေရာကနေအဆစ်အတွင်းကိုထည့်သွင်းပါလိမ့်မယ်။
တခြားနေရာကနေခွဲစိတ်ကိရိယာကိုထည့်သွင်းပြီးပြသနာရှိတဲ့နေရာတွေကိုကုသနိုင်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။
ခွဲစိတ်ပြီးဘာတွေဖြစ်နိုင်သလဲ
ခွဲတဲ့နေ့မှာပဲအိမ်ပြန်နိုင်ပါတယ်။
ကာယကုသမှု ကျွမ်းကျင်သူဟာသင့်ကိုသက်သာလာစေဖို့ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရမယ် ဆိုတာပြောပါလိမ့်မယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ၃လလောက် အထိ ကြာနိုင်ပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာပုံမှန်လှုပ်ရှားသွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
လူအများစုဟာသက်သာကောင်းမွန်ပေမယ့် နာကျင်မှုကိုသက်သာစေဖို့၊ လှုပ်ရှားမှု တိုးတက်လာစေဖို့ အချိန်တော့ ယူရပါတယ်။ တခါတလေလက္ခဏာတွေ ပြန်ပေါ်လာတတ်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။