brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Arthroscopy Of Your Knee (ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဆိုတာ ဘာလဲ

အရိုးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာ အဆစ်အတွင်းပိုင်းကို စစ်ဆေးဖို့ အရေပြားမှာ အပေါက်ငယ်ဖောက်ပြီး ကင်မရာနဲ့ ထည့်သွင်းကြည့်ရှုပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်းနဲ့ အဆစ်အတွင်းမှာ ဘာပြသနာတွေဖြစ်နေလဲဆိုတာ ဆရာဝန်အနေနဲ့ အရေပြားမှာ ကြီးကြီးမားမား ခွဲစိတ်စရာ မလိုဘဲ ရောဂါရှာဖွေကုသနိုင်ပါတယ်။ အရိုးနုပျက်စိးခြင်း၊ အရွတ်ထိခိုက်ခြင်း၊ အဆစ်ရောင်ခြင်း စတာတွေကို ရှာဖွေကုသနိုင်ပါတယ်။ နာကျင်မှုကို သက်သာစေပြီး လျင်မြန်စွာ ပျောက်ကင်းစေပါတယ်။

ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဘာကြောင့် ပြုလုပ်သလဲ

ရည်ရွယ်ချက်ကတော့ ဘာဖြစ်နေသလဲဆိုတာ တိကျစွာ သိပြီး လိုအပ်ရင် တခါတည်း ကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ဒူးဆစ်ပိုင်း ပြသနာတွေမှာ မှန်ပြောင်းထည့်သွင်း ကုသဖို့ ညွှန်ပါလိမ့်မယ်။

  • ဒူးခေါင်းဆစ် အရိုးကို အခုအခံသဖွယ် ပြုလုပ်ပေးတဲ့ အရိုးနု စုတ်ပြဲရာမှာ ကုသဖို့ သုံးပါတယ်။ ပြန်လည်ပြုပြင်တာ ဖယ်ရှားပစ်တာ စသဖြင့် လုပ်ပေးပါတယ်။
  • အရှေ့နဲ့အနောက်မှာ ရှိကြတဲ့ ကြက်ခြေခတ် အရွတ် ၂ခု စုတ်ပြဲရာမှာ ကုသပါတယ်။
  • အဆစ်ကို ဖုံးအုပ်ထားတဲ့ Synovium ဆိုတဲ့ အလွှာ ရောင်ရမ်းပျက်စီးရင် သုံးပါတယ်။
  • ခုံညင်းရိုး နေရာလွဲတဲ့အခါ ကုသဖို့ သုံးပါတယ်။
  • ဒူးခေါင်းဆစ်ထဲမှာ အရိုးနု စအလေးတွေ ရှိနေရင် ဖယ်ထုတ်ဖို့ သုံးပါတယ်။
  • ဒူးခေါင်းနောက်ဘက်မှာ အရည်အိတ်တည်ပြီး ရောင်ရမ်းလာရင် သုံးပါတယ်။ တခါတရံ ရောင်ရမ်းနာကျင်ခြင်းဟာ အဆစ်ရောင်ခြင်းလို တခြားပြသနာတွေကြောင့် ဖြစ်တတ်ပါတယ်။
  • ဒူးဆစ်က အရိုးတွေ ကျိုးတဲ့အခါ အသုံးပြု ကုသပါတယ်။
  • ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေက ဘာတွေလဲ

    သင့်အနေနဲ့ ပြင်းပြင်းထန်ထန်အလုပ်လုပ်ရရင်တော့ အလုပ်ပြန်ဆင်းနိုင်ဖို့ ကြာမြင့်ပါလိမ့်မယ်။ အဲဒီအတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

    ခွဲစိတ်မှုရဲ့ ရလာဒ်ဟာ ဒူးဆစ်ပျက်စီးမှု အတိုင်းအတာပေါ်

    မူတည်ပါသေးတယ်။ ဥပမာ ဒူးခေါင်းဆစ် အရိုး၂ခုဆုံရာ အရိုးနုဟာ လုံးဝပျက်စီးသွားရင် ပြန်မကောင်းနိုင် တော့ပါဘူး။ နေထိုင်မှုပုံစံကိုပါ ပြောင်းလဲရပါလိမ့်မယ်။ သင့်လှုပ်ရှားမှုတွေကို အကန့်အသတ်ထားပြီး ထိခိုက်မှုနည်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။

    အောက်ပါနောက်ဆက်တွဲ ပြသနာတွေကို သတိပြုသင့်ပါတယ်။

    • ဒူးခေါင်းတဝိုက် အာရုံကြောများ ထိခိုက်ခြင်း
    • အနာအောက်တွင် အဖုအကျိတ်ဖြစ်လာခြင်း
    • ဒူးဆစ်တွင် ရောဂါပိုးဝင်ခြင်း
    • ပြင်းထန်စွာ နာကျင်ခြင်း၊ တောင့်တင်းခြင်း၊ လက်ကို အသုံးမပြုနိုင်တော့ခြင်း

    ခွဲစိတ်မှုမတိုင်ခင် ဘာဆိုးကျိုးတွေ ရှိနိုင်သလဲ၊ တခြား ဘာကုသမှုတွေ ရှိသလဲဆိုတာ သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ရောဂါရှာဖွေဖို့အတွက်သံလိုက်ဓါတ်မှန် (MRI)ကို သုံးနိုင်ပေမယ့် ရောဂါကုသဖို့တော့ မှန်ပြောင်းနဲ့ စစ်ဆေးကုသခြင်းကို လိုအပ်ပါလိမ့်မယ်။

    ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်းကို မပြုလုပ်မီ ဘာတွေပြင်ထားရမလဲ

    မေ့ဆေးပေးတဲ့ နည်းစနစ်တွေ အမျိုးမျိုး ရှိပါတယ်။ သင့်အနေနဲ့ ခွဲစိတ်မှုမတိုင်မီ လိုက်နာရန်အချက်တွေ (ဘယ်နှနာရီထိ အစာစားနိုင်တယ် ဆိုတာမျိုး) ရှင်းလင်းစွာ အသိပေး ပါလိမ့်မယ်။ အများအားဖြင့် ဒီအစီအစဉ်မတိုင်မီ ၆နာရီအလိုက စပြီး အစာမစားရတော့ပါဘူး။ ခွဲစိတ်မှုမတိုင်မီ နာရီအနည်းငယ်အထိ အရည်တမျိုးမျိုး သောက်နိုင်ပါတယ်။

    ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ

    ခွဲစိတ်မှုဟာ မိနစ် ၃၀ မှ ၄၀ ထိ ကြာနိုင်ပါတယ်။

    ခွဲစိတ်ဆရာဝန်ဟာ ဒူးဆစ်အတွင်း စစ်ဆေးပါလိမ့်မယ်။

    အဆစ်မျက်နှာပြင်ပျက်စီးရာက ထွက်လာတဲ့ ပစ္စည်းတွေကို ဖယ်ထုတ်ပါလိမ့်မယ်။ ကြီးကြီးမားမား ခွဲစရာမလိုဘဲ သင့်ရဲ့ဆရာဝန်ဟာ ပျက်စီးနေတဲ့ အရိုးနုတွေကို ပြုပြင်ပေးနိုင်ပါတယ်။

    သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ခွဲစိတ်ပြီး ဘာတွေဖြစ်နိုင်သလဲ

    ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။

    ဒူးခေါင်းဟာ ရက်သတ္တပတ် အနည်းငယ်ထိ ရောင်ရမ်းနိုင်ပါတယ်။

    လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်၇ှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    လူအများစုဟာ သက်သာကောင်းမွန်ပေမယ့် နာကျင်မှုကို သက်သာစေဖို့၊ လှုပ်ရှားမှု တိုးတက်လာစေဖို့ အချိန်တော့ ယူရပါတယ်။ တခါတလေ လက္ခဏာတွေ ပြန်ပေါ်လာတတ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Dr. Thant Zin
    Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။