brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Anticromatin Antibody (ခရိုမက်တင်ဆန့်ကျင် အန်တီဘော်ဒီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anti-cromatin Antibody ဆိုတာ ဘာလဲ

Chromatin antibodies စစ်ဆေးခြင်းကို systemic lupus erythematosus (SLE) အား ရောဂါ အမည်တပ်ရန် အသုံးပြု၏။

ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါများနှင့် ဆိုင်သည့် Cromatin anti-nuclear antibodies များ အမျိုးမျိုးရှိ၏။ Nucleosome (NCS) သည် SLE တွင် quality autogenously immune antigen ကို ကိုယ်စားပြုပြီး ၎င်း antibodies များသည် ထိုရောဂါအတွက် အရေးကြီးသည့် marker များ ဖြစ်ကြသည်။ Antinucleosome antibodies (Anti-NCS, anti-chromatin) များသည် SLE ၏ ရောဂါဖြစ်စဉ်တွင် အရေးကြီးသော နေရာမှပါကြသည်။ ထိုရောဂါရှိသော လူနာများ အားလုံးနီးပါးတွင် nucleosomes များကို ဆန့်ကျင်သည့် antibodies များ ရှိကြပါသည်။ Anti-NSC သည် antinuclear antibody တစ်ခု ဖြစ်သည်။ Anti-NSC antibody သည် SLE ကြောင့် ဖြစ်လာသည့် ကျောက်ကပ် ထိခိုက်ခြင်း (ကျောက်ကပ်မှ glomeruli များ ရောင်ခြင်း (သို့) ဆီးတွင် ပရိုတင်းပါခြင်း – proteinuria) နှင့် ဆက်စပ်မှု ရှိပါသေးသည်။ SLE ရှိသော လူနာများတွင် Anti-DNA ထက် Anti-NSC autoantibodies များ ပိုရှိတတ်ပါသည်။

Histone antibodies များကို Primary SLE ၂၀ မှ ၅၅ ရာခိုင်နှုန်းတွင် တွေ့ရပြီး ဆေးကြောင့်ဖြစ်သော SLE လူနာ ၈၀ မှ ၉၅ ရာခိုင်နှုန်းတွင် တွေ့ရ၏။ တခြားသော connective tissue ရောဂါများနှင့် ဆိုင်သော ကိစ္စများ၏ ၂၀ ရာခိုင်နှုန်းအောက်တွင် Antibodies များကို တွေ့ရသည်။ Histone antibodies များသည် procainamide, quinidine, penicillamine, hydralzine, methyldopa, isoniazid, and acebutolol တို့လို ဆေးများကြောင့် ဖြစ်သော SLE ကို သတ်မှတ်ရာတွင် အထူး အသုံးဝင်သည်။ antihistones antibody (AHA) အမျိုးအစား များစွာရှိ၏။ ဆေးကြောင့်ဖြစ်သော SLE တွင် သင်ခန္ဓါကိုယ်သည် အထူး အမျိုးအစားဖြစ်သော AHA (anti – [(H2A-H2B) DNA] IgG) ကို ထုတ်ပြီး AHA နှင့် ဆက်နွှယ်သော ရောဂါများ (rheumatoid arthritis, inflammatory Rheumatoid in young people, primary biliary cirrhosis, autoimmune hepatitis, and dermatomyositis / muscle inflammation) များသည် တခြားသော AHA အစုများတွင် ပါသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Anticromatin Antibody ကို ဘာကြောင့် စစ်ရသလဲ

antichromatin antibody ကို တိုင်းတာခြင်းသည် အကျိုးရှိသော စစ်ဆေးမှုဖြစ်ပြီး SLE အား ရောဂါ အမည်တပ်ရာ၊ ကုသရာတွင် အသုံးဝင်၏။ ထို့အပြင် Lupus nephritis (SLE ကြောင့် ကျောက်ကပ် ရောင်ခြင်း) အား ဖြစ်နိုင်ခြေ မြင့်၊ မမြင့်ကို ညွှန်ပြသည့် marker အဖြစ်လည်း အသုံးဝင်ပါသည်။

Anticromatin Antibody မစစ်ဆေးခင် ဘာတွေ သိထားရမလဲ

SLE ရှိ၊ မရှိ ရောဂါအမည် တပ်ရာတွင် Anti-NCS တွင် sensitivity ၁၀၀ ရာခိုင်နှုန်း ရှိပြီး specificity ၉၇ ရာခိုင်နှုန်း ရှိသည်။ Anti-NSC antibody သည် ရောဂါ အခြေအနေနှင့် နီးကပ်စွာ ဆက်နွှယ်ပါသည်။

Anti-cromatin antibodies များကိုတော့ ANA, antiphospholipid antibodies (သို့) rheumatoid factor ရှိလျှင် ထပ်မစစ်ပါ။

ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူး သတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များ ရှိလျှင် သင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

Anticromatin Antibody မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ထားရမလဲ

စစ်ဆေးမှု မလုပ်ဆောင်ခင် အောက်ပါတို့ကို လုပ်ဆောင်သင့်၏။

  • စစ်ဆေးမှု လုပ်ငန်းစဉ်အကြောင်း ဆရာဝန် ရှင်းပြသည့်ကို သေချာနားထောင်ပါ
  • စစ်ဆေးမှု မလုပ်ခင် အစာမစားရန်လည်း မလိုအပ်တတ်ပါ

စမ်းသပ် စစ်ဆေးခြင်း

Anticromatin Antibody စစ်ဆေးနေစဉ် ဘာဖြစ်နိုင်မလဲ

ဆရာဝန်သည် သွေးများကို အနီရောင်အဖုံးနှင့် ပြွန်ထဲတွင် စုယူမည်ဖြစ်သည်။

စစ်ဆေးမှု အထမြောက်စေရန် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။

  • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
  • အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့် ပိုးသတ်ခြင်း
  • သွေးပြန်ကြောထဲသို့ အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထက်ပိုပြီး စိုက်ပါလိမ့်မည်။
  • ပိုက်နှင့်သွေးကို ယူခြင်း
  • လိုအပ်သည့် ပမာဏရပါက လက်မောင်းတွင် ပတ်ထားသည့် တိပ်များကို ဖယ်ခြင်း
  • အပ်စိုက်ရာတွင် ပတ်တီး (သို့) ဂွမ်းဖြင့်ဖိခြင်း
  • Urgo ဆေးများသုံးခြင်း
  • Anticromatin antibody ကို Enzyme-Linked ImmunoSorbent Assay (ELISA) နည်းဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။

Anticromatin Antibody စစ်ဆေးပြီးနောက် ဘာဖြစ်နိုင်မလဲ

အပ်စိုက်ရာတွင် နာကျင်မည် မဟုတ်ပါ။ တချို့သူများတွင် အရေပြားအား အပ်နှင့်ထိုးသည့် နာကျင်မှုကို ခံစားရနိုင်သည်။ သို့သော် အပ်က သွေးပြန်ကြောထဲ ရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကို မခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။

Anticromatin Antibody စစ်ဆေးခြင်း အကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

သင့်ရဲ့ ရလဒ်အဖြေက ဘယ်လို အဓိပ္ပါယ်ရှိမလဲ

ပုံမှန်ရလဒ်

  • nucleosome antibodies: အားပျော့အောင် လုပ်ပြီးပါက antibodies ပေါ်မလာပါ <1:20.
  • Antihistone antibody
  • မတွေ့ရှိရ – <1.0 units;
  • မသေချာ – 1.0-1.5 units;
  • Positive: 1.6-2.5 units;
  • Strong positive :> 2.5 units

ပုံမှန် မဟုတ်သော ရလဒ်

ပမာဏများနေလျှင်

  • Systemic lupus erythematosus;
  • ဆေးကြောင့်ဖြစ်သော lupus erythematosus;
  • တခြားသော ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါများ

ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး anti-cromatin antibody ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Hlaing Min Ko Ko · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။