brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Anti-Glycan Antibodies (ဂလိုင်ကန်ဆန့်ကျင်သော အန်တီဘော်ဒီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anti-glycan antibody ဆိုတာ ဘာလဲ

Glycan antibody စစ်ဆေးမှုသည် multiple sclerosis, inflammatory bowel disease (Crohn’s disease in particular) တို့နှင့် တူညီသော လက္ခဏာ များရှိသည့် တခြား ရောဂါများကို ခွဲခြားရာတွင် ဆရာဝန်များအား အထောက်အကူ ပြုပါသည်။ Antiglycan antibodies များသည် ဆဲလ်များ၏ မျက်နှာပြင်တွင် (အထူးသဖြင့် သွေးနီဥများ) ဖုံးထားသော Antibodies များ ဖြစ်သည်။ Antiglycan antibodies များကို ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါး ကူးစက်ပိုးများမှ ထကြွလာအောင် လုပ်နိုင်၏။

ဤစစ်ဆေးမှုသည် ရောဂါ၏ prognosis နှင့် ကုသမှုများ ရွေးချယ်ရန် ဆရာဝန်များကို အထောက်အကူ ပြုပါသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Anti-glycan antibodies ကို ဘာကြောင့် စစ်ဆေးရသလဲ

သင့်၌ Crohn’s disease, multiple sclerosis ရောဂါ လက္ခဏာများကို သံသယရှိပါက ဆရာဝန်က antiglycan antibodies စစ်ခိုင်းမည် ဖြစ်သည်။ အောက်တွင် Crohn’s disease ၏ လက္ခဏာများကို ဖော်ပြထားပါသည်။

  • ဝမ်းလျှောခြင်း
  • ကာလ အတန်ကြာအောင် ဖျားခြင်း နွမ်းနယ်ခြင်း
  • ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း
  • ပါးစပ်တွင် အနာပေါက်ခြင်း
  • အစားအသောက် ပျက်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း
  • စအိုတစ်ဝိုက်တွင် ပုံမမှန်မှုများ ရှိခြင်း

ကြိုတင်ပြင်ဆင်ခြင်း

Anti-glycan antibodies မစစ်ဆေးခင် ဘာတွေ သိထားရမလဲ

အင်ဇိုင်းများနှင့် ဆက်နွှယ်ပြီး immune absorption examination ကိုသုံးကာ antibody အား ခွဲခြားစိတ်ဖြာပြီး ဘယ်လောက်ရှိကြောင်း သတ်မှတ်နိုင်မည် ဖြစ်သည်။ Antisaccharomyces cerevisiae antibodies (ASCA), antilaminaribioside carbohydrates antibody (ALCA), antimannobioside carbohydrate antibody (AMCA), anti chitobioside carbohydrate antibody (ACCA) များအား Crohn’s disease ရှိ၊ မရှိ၊ အူမကြီးအနာဖြစ်၍ ရောင်ခြင်းနှင့် Crohn’s disease တို့အား ခွဲခြားရန် အသုံးပြု၏။

စစ်ဆေးမှုရလဒ် အကုန်လုံး Positive ဖြစ်လျှင် အူမကြီးအနာဖြစ်၍ ရောင်ခြင်းထက် Crohn’s disease ဖြစ်နိုင်ခြေ ပိုများပါသည်။ တခြားသော anti-glycan antibodies များကို multiple sclerosis လူနာများတွင်သာ တွေ့ရပြီး multiple sclerosis နှင့် တခြားသော လက္ခဏာတူသည့် အာရုံကြော ရောဂါများကို ခွဲခြားရန်အတွက် အသုံးဝင်သည်။

ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Anti-glycan antibodies မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ထားရမလဲ

ဆရာဝန်က သင့်အား စစ်ဆေးမှု အကြောင်းကို ရှင်းပြပါလိမ့်မည်။ ဒီစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာမစားရန်လည်း မလိုအပ်ပါ။

လက်ဖျံမှ သွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။

စမ်းသပ် စစ်ဆေးခြင်း

Anti-glycan antibodies စစ်ဆေးနေစဉ် ဘာတွေဖြစ်နိုင်မလဲ

စစ်ဆေးမှု အထမြောက်စေရန် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။

  • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
  • အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့် ပိုးသတ်ခြင်း
  • သွေးပြန်ကြောထဲသို့ အပ်စိုက်ခြင်း၊ လိုအပ်လျှင် တစ်ခါထက်ပိုပြီး စိုက်ပါလိမ့်မည်
  • ပိုက်နှင့်သွေးကို ယူခြင်း
  • လိုအပ်သည့် ပမာဏရပါက လက်မောင်းတွင် ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း
  • အပ်စိုက်ရာတွင် ပတ်တီး (သို့) ဂွမ်းဖြင့်ဖိခြင်း
  • Urgo ဆေးများသုံးခြင်း

Anti-glycan antibodies စစ်ဆေးပြီးနောက် ဘာဖြစ်နိုင်မလဲ

ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန်အတွက် သွေးယူမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့် နေရာကိုဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။

သွေးဓါတ် မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

သင်ရဲ့ ရလဒ်က ဘာအဓိပ္ပါယ်လဲ

ပုံမှန်တန်ဖိုး – Negative

ပုံမှန်မဟုတ်သော ရလဒ် – လယ်ဗယ် မြင့်နေလျှင်

  • Crohn’s disease;
  • The disease multiple sclerosis (MS)

ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Anti-glycan antibodies ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Hlaing Min Ko Ko · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။