Anti-glomerular basement membrane စစ်ဆေးခြင်းအား Goodpasture syndrome နှင့် nephritis ကို ရောဂါအမည် တပ်နိုင်ရန် အသုံးပြုပါသည်။ Goodpasture syndrome သည် ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါတစ်မျိုးဖြစ်ပြီး ကျောက်ကပ်မှ glomerular basement membrane နှင့် အဆုတ်မှ pulmonary alveoli များကို တိုက်ရန် antibodies များ ထုတ်သော ရောဂါဖြစ်သည်။
၎င်း antibodies များသည် ကိုယ်ခံအားစနစ်ကို ထကြွစေပြီး ကျောက်ကပ်နှင့် အဆုတ်များကို ထိခိုက်စေသည်။ လူနာများသည် အောက်ပါ ပြဿနာသုံးခုကို တစ်ပြိုင်နက် ခံစားရနိုင်၏။ glomerulonephritis, pulmonary hemorrhage (အဆုတ်တွင် သွေးယိုခြင်း) နှင့် anti-glomerular basement membrane antibody ပေါ်လာခြင်း။ ၆၀ မှ ၇၅ ရာခိုင်နှုန်းသော immune glomerulonephritis ရှိ လူနာများတွင် အဆုတ် ပြဿနာကိုပါ ခံစားရပါလိမ့်မည်။
Anti-GBM စစ်ဆေးမှုအား ဆရာဝန်က သင့်၌ Goodpasture syndrome နှင့် lupus nephritis ရောဂါလက္ခဏာများ ရှိလျှင် စစ်ဆေးရန် ညွှန်ကြားမည် ဖြစ်သည်။ ထိုရောဂါနှစ်ခု၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်၏။
Immunohistochemica နည်းပညာကို သုံးပြီး ၎င်း antibodies များကို ရှာဖွေနိုင်ရန် သင့်ဆရာဝန်သည် အဆုတ်နှင့် ကျောက်ကပ် အသားစ လိုအပ်နိုင်ပါသည်။ Serology သည် Goodpasture’s syndrome ကို အမည်တပ်ရန် သုံးရာတွင် ပိုမြန်ပြီး ပိုစိတ်ချရ၏။ အထူးသဖြင့် အသားစယူရန် ခက်ခဲသော လူနာများ သို့မဟုတ် အသားစ လုံးဝ ယူလို့မဖြစ်သော လူနာများတွင် ပိုအသုံးဝင်သည်။ သွေးရည်ကြည်အတွင်း antibody လယ်ဗယ်သည် လူနာအားကုသမှု အခြေအနေ ကောင်း၊ မကောင်း သိရန် စောင့်ကြည့်ရာတွင် အထောက်အကူ ပြုနိုင်သည်။
ဤစမ်းသပ်ချက်ကို မလုပ်ခင် သတိပေးချက်များ အထူး သတိပြုရမည်များအား နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များ ရှိလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆရာဝန်ရှင်းပြသော စစ်ဆေးမှု အကြောင်းကို သေချာနားထောင်ပါ။ မစစ်ဆေးခင် ၈ နာရီ အလိုမှစ၍ အစာမစားဘဲ နေရမည်။ ရေသောက်နိုင်သည်။
အဆုတ် (သို့) ကျောက်ကပ်မှ အသားစ ယူမည်ဆိုပါက လုပ်ငန်းစဉ်ကို ရှင်းပြသော ဆရာဝန်စကားကို သေချာနားထောင်ပါ။
လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။
ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန် သွေးယူမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။
သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။
သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ပုံမှန်တန်ဖိုး
တစ်သျှူး
Negative - ကျောက်ကပ်နှင့် အဆုတ် ဆဲလ်နံရံများတွင် immunofluorescence (IF) အရောင် မတွေ့ရပါ။
သွေး – enzyme immunoassay (EIA) နည်းအရ
Negative – <20 units;
Fluctuation (Borderline): 20-100 units
ပုံမှန်မဟုတ်သော ရလဒ်များ – Positive: သွေး (EIA)> 100 units
ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Anti glomerular basement membrane ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။