brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Anti-Extractablenuclear Antigens (အိတ်စ်ထရက်တေးဘဲလ်နူကလီးယားကိုဆန့်ကျင်သော အန်တီဂျင်)

အခြေခံများ

Anti-extractablenuclear Antigens ဆိုတာ ဘာလဲ

Anti-extractablenuclear Antigens ကို များသောအားဖြင့် ANA စစ်ဆေးပြီးနောက် positive ထွက်သည့်အခါ လုပ်ဆောင်လေ့ရှိသည်။ စစ်ဆေးချက် နှစ်ခုစလုံးကို ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါများကိုရှာဖွေရန် အသုံးပြု၏။

Anti-ENAs စစ်ဆေးမှု လေးမျိုးကို connective tissue disease (MCTD), systemic lupus erythematosus နှင့် Sjogren’s syndrome ရောဂါများ ရောနေသည့်အခါ ရောဂါ အမည်တပ်နိုင်ရန် အသုံးပြုသည်။

Anti-ENAs စစ်ဆေးမှု ခြောက်မျိုးကမူ Cystic Fibrosis, polumyositis, dermatomyositis ရောဂါများကို အမည်တပ်နိုင်ရန် ဆရာဝန်များအား ကူညီနိုင်၏။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Anti-extractablenuclear Antigens ကို ဘာကြောင့် စစ်ဆေးရသလဲ

၎င်းစစ်ဆေးချက်အား သင့်တွင် ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါလက္ခဏာများ တွေ့ရသည့်အခါ (သို့) ယခင်က ANA စစ်ဆေးချက် Positive ထွက်သည့် အခါတွင် စစ်ဆေးရန် လမ်းညွှန်ပါသည်။ ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါလက္ခဏာများမှာ မကြာခဏ ဆိုသလို ကွဲပြားမှု အလွန်များပြီး ခန္ဓါကိုယ်၏ မတူညီသော နေရာများတွင် ရှိနေတတ်ပါသည်။

၎င်းတို့မှာ –

  • ကာလအတန်ကြာ ဖျားခြင်းနှင့် မောပန်းလွယ်ခြင်း
  • ကြွက်သား နာကျင်ခြင်း
  • အဆစ်များ ရောင်ရမ်းနာကျင်ခြင်း
  • အကွက်များ ထခြင်း
  • ခရမ်းလွန်ရောင်ခြည် အထိမခံနိုင်ခြင်း
  • Raynaud ရောဂါ
  • ဆီးတွင် ပရိုတင်းပါခြင်း
  • ဝက်ရူးပြန်ခြင်း၊ စိတ်ကျခြင်းတို့ကဲ့သို့ အာရုံကြောရောဂါများ
  • သွေးဆဲလ်ကွဲရောဂါ

ကြိုတင်ပြင်ဆင်ခြင်း

Anti-extractablenuclear Antigens မစစ်ဆေးခင် ဘာတွေ သိထားရမလဲ

အစစ်များဆုံး စစ်ဆေးချက်နှစ်ခုမှာ Smith’s (SM) နှင့် ribonucleoprotein (RNP) ဖြစ်သည်။

လက္ခဏာများ ပေါ်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း စစ်ဆေးမှုမှာ negative ထွက်သည့် အခါမျိုးတွင် ဆရာဝန်မှ နောက်တစ်ခေါက် ပြန်စစ်ခိုင်းမည် ဖြစ်သည်။ ထို့အတူ သင့်၌ ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါရှိကြောင့် အမည်တပ်နိုင်ပါကလည်း ဆရာဝန်မှ သင့်ရောဂါ အခြေအနေ တိုးတက်မှုနှင့် ရောဂါထကြွခြင်းအား ခြေရာခံနိုင်ရန် ခဏခဏ စစ်ဆေးခိုင်းမည် ဖြစ်သည်။

ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များ ရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Anti-extractablenuclear Antigens မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ထားရမလဲ

ဆရာဝန်မှ သင့်ကို စစ်ဆေးမှု အကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာမစားရန်လည်း မလိုအပ်ပါ။

လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။

စမ်းသပ် စစ်ဆေးခြင်း

Anti-extractablenuclear Antigens စစ်ဆေးနေစဉ် ဘာဖြစ်နိုင်မလဲ

  • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
  • အပ်ထိုးသည့် နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့် ပိုးသတ်ခြင်း
  • သွေးပြန်ကြောထဲသို့ အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထက်ပိုပြီး စိုက်ပါလိမ့်မည်။
  • ပိုက်နှင့်သွေးကို ယူခြင်း
  • လိုအပ်သည့် ပမာဏရပါက လက်မောင်းတွင် ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း
  • အပ်စိုက်ရာတွင် ပတ်တီး (သို့) ဂွမ်းဖြင့်ဖိခြင်း
  • Urgo ဆေးများသုံးခြင်း

Anti-extractablenuclear Antigens စစ်ဆေးပြီးနောက် ဘာဖြစ်နိုင်မလဲ

ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန် သွေးယူမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။

သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

သင်ရဲ့ ရလဒ်က ဘာအဓိပ္ပါယ်လဲ

ပုံမှန်တန်ဖိုး – Negative

ပုံမှန်မဟုတ်သော ရလဒ်

SM antibody မြင့်တက်နေပါက

  • Systemic lupus erythematosus

RNP antibody မြင့်တက်နေပါက –

  • Systemic lupus erythematosus;
  • Mixed connective tissue disease;
  • Discoid lupus erythematosus

Jo-I antibody မြင့်တက်နေပါက

  • Pulmonary fibrosis;
  • Autoimmune Myositis.

ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ်မူတည်ပြီး Anti-extractablenuclear Antigens ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Hlaing Min Ko Ko · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။