cosyntropin ဖြင့် ACTH လှုံ့စော်စစ်ဆေးခြင်းဆိုတာဘာလဲ။
Cosyntropin (Cortrosyn) ဆိုသည်မှာ လူလုပ်ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ACTH ဟော်မုန်းနှင့် တူညီသောအကျိုးရလဒ်ရှိပါသည်။ ဆိုလိုသည်မှာ ၎င်းသည် adrenal cortex မှ cortisol ထွက်စေရန် လှုံစော်ပေးနိုင်ပါသည်။
Cosyntropin (Cortrosyn) ဆိုသည်မှာ လူလုပ်ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ACTH ဟော်မုန်းနှင့် တူညီသောအကျိုးရလဒ်ရှိပါသည်။ ဆိုလိုသည်မှာ ၎င်းသည် adrenal cortex မှ cortisol ထွက်စေရန် လှုံစော်ပေးနိုင်ပါသည်။
ဒီစမ်းသပ်ချက်တွင် Cosyntropin ကို ထိုးသွင်းမည်ဖြစ်သည်။ ထို့နောက် သင်၏ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူမှ ဆေးမထိုးခင်နှင့်ထိုးပြီး cortisol လယ်ဗယ်ကို စစ်ဆေးမည်ဖြစ်သည်။ ဒီနည်းအားဖြင့် ဆရာဝန်သည် သင်၏ adrenal cortex အလုပ်ကောင်းကောင်း လုပ်မလုပ် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
Cosyntropin ထိုးပြီးနောက် သွေးထဲမှ cortisol လယ်ဗယ်မြင့်တက်နေလျှင် သင်၏ adrenal cotex သည် လှုံစော်မှုကိုတုန့်ပြန်ပြီး ကောင်းကောင်းအလုပ်လုပ်သည်ဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် adrenal သည်ပုံမှန်ဖြစ်ပြီး adrenal မလုံလောက်ခြင်းရောဂါအကြောင်းရင်းသည် Pituitary ဂလင်းမှလာနေသည်ဟုသိနိုင်သည်။ (hypopituitarism ကို တစ်ဆင့်ခံ adrenal မလုံလောက်ခြင်းဟုလဲ ခေါ်သည်)။
ပြောင်းပြန်အားဖြင့် Cosyntropin ထိုးပြီးနောက် cortisol လယ်ဗယ်နည်းခြင်း မြင့်တက်မလာခြင်းသည် adrenal ဂလင်းပုံမှန်မလုပ်ပဲ adrenal မလုံလောက်ခြင်း၏အကြောင်းရင်းသည် ၎င်းကြောင့်ပင်ဖြစ်သည်။ (Addision ၏ ရောဂါ ခေါ်သည်)
Adrenal မလုံလောက်ခြင်းကိုဖြစ်စေသည့် တွေ့နေကျ adrenal ဂလင်းရောဂါများတွင် adrenal ဂလင်းသွေးယိုခြင်း၊ ပုပ်ခြင်း၊ မိမိကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုပြန်တိုက်ခြင်း၊ ကင်ဆာအကျိတ်များပျံ့ခြင်း၊ adrenal ဂလင်းခွဲစိတ်ဖြတ်ထုတ်ခြင်း သို့မဟုတ် မွေးရာဂါ adrenal အင်ဇိုင်းများမလုံလောက်ခြင်းတို့ပါဝင်ပါသည်။
ဒီစမ်းသပ်ချက်ကို Cushing’s syndrome ရှိမရှိဆုံးဖြတ်ရန်လဲ သုံးသည်။ Cushing’s syndrome သည် ကျောက်ကပ်နှစ်ဖက်စလုံးတွင်ပါသည့် adrenal hyperplasia ဆိုသောအခြေအနေကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် သင့်တွင် မူလတန်ဖိုးနှင့်ယှဉ်ပါက cortisol လယ်ဗယ် မမြင့်တက်ခြင်း သို့မဟုတ် လျော့နည်းခြင်းများရှိနိုင်ပါသည်။
သင်၏ဆရာဝန်သည် သင့်၌ adrenal ဂလင်းပုံမှန်အလုပ်မလုပ်တော့ကြောင့် လက္ခဏများကို သံသယရှိလျှင် ဒီစစ်ဆေးမှုကိုလုပ်မည်ဖြစ်သည်။ ဒီစစ်ဆေးမှုသည် adrenal ဂလင်းပုံမှန်အလုပ်မလုပ်ခြင်းသည် adrenal ဂလင်းကြောင့်လား pituitary ဂလင်းကြောင့်လားဆိုသည်ကို ဆုံးဖြတ်ပေးနိုင်သည်။ ထို့အပြင် ၎င်းကို Cushing ၏ ရောဂါရှိမရှိပါ စစ်ဆေးနိုင်ပါသည်။
အောက်ပါလက္ခဏာများက သင် ဒီစစ်ဆေးမှုကိုလုပ်သင့်ကြောင်း ပြောပါလိမ့်မည်။ သူတို့သည် ယေဘုယျဆန်သောကြောင့် တခြားသောရောဂါများတွင် တွေ့ရနိုင်ပါသည်။ လက္ခဏာများအတော်ကြာနေလျှင် သင်၏ဆရာဝန်နှင့် ပြသပါ။
• အကြောင်းပြချက်မရှိပဲ ကိုယ်အလေးချိန်လျော့ကျခြင်း
• သွေးပေါင်ကျခြင်း
• အစားအသောက်ပျက်ခြင်း
• ကြွက်သားများအားနည်းခြင်း
• ကြွက်သားနှင့်အဆစ်အမြစ်များ နာကျင်ခြင်း
• အရေပြားမည်းနက်ခြင်း
• စိတ်နေစိတ်ထားပြောင်းခြင်း
• မအီမသာခံစားမှုကို မှန်မှန်ခံစားနေရခြင်း
Cortisol များသွေးထဲမြင့်တက်နေလျှင် အောက်ပါတို့ဖြစ်နိုင်သည်။
• ဝက်ခြံပေါက်ခြင်း
• အဆီများနှင့်ဝိုင်းနေသောမျက်နှာ
• အဝလွန်ခြင်း
• မျက်နှာတွင်အမွှေးများပေါက်ခြင်း အမွေးထူခြင်း
• အမျိုးသမီးများတွင် ရာသီမမှန်ခြင်း
သွေးထဲမှ cortisol လယ်ဗယ်ကို တစ်ချို့ဆေးများက ပြောင်းလဲနိုင်သည်ကိုသိထားပါ။ ဒီဆေးများတွင် အရောင်ကျစေသည့် steroid များ၊ မဟော်မုန်ဆေးနှင့် spironolactone တို့ပါဝင်သည်။
သင်၏ဆရာဝန်သည် လျှင်မြန်သောစစ်ဆေးမှုလုပ်ရန် ညွှန်ကြားနိုင်သည်။ ရလဒ်အဖြေသည် ပုံမှန်ဖြစ်နေလျှင် adrenal မလုံလောက်ခြင်းဖြစ်နိုင်သည်ကို ပယ်ထား၍မရပါ။
စစ်ဆေးမှုသည် မူလ သို့မဟုတ် တဆင့်ခံ မလုံလောက်ခြင်းဟုတ်မဟုတ် ခွဲခြားရန်အတွက် ၂၄ နာရီမှ ၃ ရက်အထိကြာနိုင်ပါသည်။
သင်သတိပြုရမည်မှာ အင်စူလင်ကြောင့် သွေးတွင်းသကြားဓါတ်ကျခြင်းမှလဲ adrenal ဂလင်းကို လှုံစော်နိုင်စေပါသည်။
ဒီစမ်းချက်အားမလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန်အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
စစ်ဆေးမှုမလုပ်ခင် လုပ်မည့်နေ့မရောက်ခင် ညသန်းခေါင်ပြီးနောက်တွင် အစာမစားပဲနေရမည်ဖြစ်သည်။
သို့သော် ဆရာဝန်သည် သင်၏ကျန်းမာရေးအခြေအနေကို မှတ်စုပြုနိုင်ပါသည်။ အထူးပြင်ဆင်ထားရမည်များ ရှိမရှိ ဆရာဝန်အားမေးမြန်းနိုင်ပါသည်။
လက်ဖျံမှသွေးကို သူနာပြုများအလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကိုဝတ်ဆင်သင့်သည်။
ကျွမ်းကျင်သူများသည် အောက်ပါတို့ကိုလုပ်မည်ဖြစ်သည်။
• သွေးတွင်းမှ ပထမ cortisol လယ်ဗယ်ကို တိုင်းတာမည်ဖြစ်သည်။ ၎င်းကို Cosyntropin မထိုးခင် မိနစ် ၃၀ တွင်လုပ်မည်ဖြစ်သည်။ (Cosyntropin သည် ACTH နှင့်တူသောဆေးဖြစ်သည်)
• Cosyntropin ကို သတ်မှတ်ထားသည့်အတိုင်း ၂ မိနစ်အတွင်း သွေးပြန်ကြောထဲသို့ ထိုးသွင်းရမည်။
• ဆေးထိုးပြီးနောက် မိနစ် ၃၀ နှင့် မိနစ် ၆၀ တို့တွင် သွေးတွင်း Cortisol လယ်ဗယ်ကို တိုင်တာရမည်။
• Cortisol လယ်ဗယ်ကိုတိုင်တာမည့်သွေးရည်ကြည်ကို အဖုံးနီပါသည့်စမ်းသပ်ပြွန်နှင့် ထည့်ရမည်ဖြစ်သည်။
ကျွမ်းကျင်သူများသည် အောက်ပါတို့ကိုလုပ်မည်ဖြစ်သည်။
• သွေးတွင်းမှ ပထမ cortisol လယ်ဗယ်ကို တိုင်းတာမည်ဖြစ်သည်။
• Cosyntropin ကိုသွေးပြန်ကြောထဲသို့ ထိုးသွင်းရမည်။
• ညွှန်ကြားထားသည့်အရည်များကို ၂၄ နာရီအတွင်းအသုံးပြုပါ။
• ၂၄ နာရီပြီးနောက် cortisol လယ်ဗယ်ကို ပြန်တိုင်းမည်။
• Cortisol လယ်ဗယ်ကိုတိုင်တာမည့်သွေးရည်ကြည်ကို အဖုံးနီပါသည့်စမ်းသပ်ပြွန်နှင့် ထည့်ရမည်ဖြစ်သည်။
ကျွမ်းကျင်သူများသည် အောက်ပါတို့ကိုလုပ်မည်ဖြစ်သည်။
• သွေးတွင်းမှ ပထမ cortisol လယ်ဗယ်ကို တိုင်းတာမည်ဖြစ်သည်။
• တိကျသည့် Cosyntropin မပါဏကို ၈ နာရီလျှင်တစ်ကြိမ် ၂-၃ ရက်ကြာအောင် သွင်းရမည်။
• သွေးတွင်း Cortisol လယ်ဗယ်ကို စစ်ဆေးချက်စပြီးနောက် ၁၂၊ ၂၄၊ ၃၆၊ ၆၀ နှင့် ၇၂ နာရီတို့တွင် စမ်းသပ်မည်ဖြစ်သည်။
• Cortisol လယ်ဗယ်ကိုတိုင်တာမည့်သွေးရည်ကြည်ကို အဖုံးနီပါသည့်စမ်းသပ်ပြွန်နှင့် ထည့်ရမည်ဖြစ်သည်။
အပ်စိုက်ရာတွင် နာကျင်မည်မဟုတ်ပါ။ တစ်ချို့သူများတွင် အရေပြားအားအပ်နှင့်ထိုးသည့် နာကျင်မှုကိုခံစားရနိုင်သည်။ သို့သော် အပ်သွေးပြန်ကြောထဲရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကိုမခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏အခြေအနေနှင့် သင်၏နာကျင်မှုကိုခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။
သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့်နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။
ACTH လှုံ့စော်စစ်ဆေးမှုအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
လျှင်မြန်သောစစ်ဆေးချက် – ကနဦးတန်ဖိုးထက် cortisol လယ်ဗယ် 7 mcg/dL ခန့် မြင့်တက်လာခြင်း
၂၄ နာရီကြာသောစစ်ဆေးချက် – cortisol လယ်ဗယ်
40mcg/dL ထက် မြင့်တက်လာခြင်း
၃ ရက်ကြာသောစစ်ဆေးချက် – cortisol လယ်ဗယ် 40mcg/dL ထက် မြင့်တက်လာခြင်း
Adrenal မလုံလောက်ခြင်း
Cortisol လယ်ဗယ် သာမာန်ထက်မြင့်တက်ခြင်း (တစ်ဆင့်ခံ adrenal မလုံလောက်ခြင်း)သည် သင့်၌အောက်ပါတို့ရှိနေကြောင်းဆိုလိုသည်။
• Addison ၏ ရောဂါ
• Adrenal ဂလင်း ပုပ်ခြင်း၊ သွေးထွက်ခြင်း
• Adrenal ဂလင်းသို့ ကင်ဆာအကျိတ်များပျံ့နှံ့လာခြင်း
• မွေးရာပါ adrenal အင်ဇိုင်းများ မလုံလောက်ခြင်း
• Adrenal ဂလင်အား ခွဲစိတ်ဖြတ်ထုတ်ထားခြင်း
Cushing ၏ ရောဂါ Cortisol လယ်ဗယ်ပုံမှန်ထက်မြင့်တက်ခြင်းသည် adrenal ဂလင်းနှစ်ခုစလုံး Hyperplasia ရနေကြောင်း ဆိုလိုနိုင်သည်။
တုန့်ပြန်သောလယ်ဗယ်သည် ပုံမှန် သို့ ပုံမှန်ထက်နည်းသောလယ်ဗယ် (မူလ adrenal မလုံလောက်ခြင်း) သည် သင့်၌ အောက်ပါတို့ရှိကြောင်းဆိုလိုသည်။
• Adrenal အကျိတ်များ
• Adrenal ကင်ဆာ
• Adrenal နှင့်မဆိုင်သော အကျိတ်များမှလဲ ACTH ထုတ်နိုင်သည်
သင်၏ဆရာဝန်သည် ရလဒ်နှင့် တခြားစစ်ဆေးချက်အဖြေများနှင့်ပေါင်းစပ်ကာ သင့်ကိုရှင်းပြမည်ဖြစ်သည်။ ရလဒ်နှင့်ပါတ်သတ်ပြီးထပ်သိလိုပါက ကျွမ်းကျင်သူများနှင့် ဆွေးနွေးနိုင်ပါသည်။
ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး ACTH လှုံ့စော်စစ်ဆေးမှု ပုံမှန်တန်ဖိုးသည် တူညီမည်မဟုတ်ပါ။ ရလဒ်နှင့်ပတ်သတ်၍သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.