backup og meta

Varicose Veins Surgery (သွေးကြောထုံးခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်ခွဲစိတ်မှုအန္တရာယ် ခွဲစိတ်ပြီးနောက်

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွေးကြောထုံးတွေဆိုတာ ဘာလဲ။

သွေးကြောထုံးဆိုတာ သင့်ခြေထောက်မှာရှိတဲ့ ဖောင်းကားပြီးတွန့်လိမ်နေတဲ့ သွေးပြန်ကြောအဖောင်းလေးတွေကို ဆိုလိုပါတယ်။ ဒီလိုဖြစ်တာဟာ မျိုးရိုးလိုက်လေ့ရှိပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်တွေနဲ့မတ်တပ်ကြာကြာရပ်ရတဲ့အလုပ်လုပ်ကိုင်သူတွေမှာ ပိုဆိုးလေ့ရှိပါတယ်။ ခြေထောက်က သွေးတွေကို နှလုံးဆီပြန်ပို့ပေးတာကိုကူညီပေးနိုင်ဖို့အတွက်ခြေထောက်က သွေးကြောတွေမှာ တဖက်တည်းကိုပဲပွင့်တဲ့အဆို့ရှင်လေးတွေများစွာပါရှိပါတယ်။ ဒီအဆို့ရှင်လေးတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါ သွေးတွေဟာ နှလုံးဆီကိုဖြောင့်ဖြောင့်တန်းတန်းမတက်နိုင်တော့ဘဲ အောက်ကိုပြန်စီးလာကာ ခြေထောက်သွေးကြောတွေမှာ စုပုံပြီးဖောင်းကားလာပါတော့တယ်။

သွေးကြောထုံးတွေကို ဘာလို့ခွဲစိတ်သင့်သလဲ။

ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။

ခွဲစိတ်မှု

သွေးကြောထုံးခွဲစိတ်မှုကို ဘယ်လိုပြုလုပ်မှာလဲ။

မေ့ဆေးသုံးကာ ခွဲစိတ်လေ့ရှိပြီး မိနစ်နှစ်ဆယ်ခန့်ကနေ သုံးနာရီခန့်အထိ အခြေအနေပေါ်မူတည်ပြီး ကြာမြင့်နိုင်ပါတယ်။ သင့်ပေါင်ခြံ ဒါမှမဟုတ် ဒူးခေါက်ခွက်နေရာလောက်ကိုခွဲမှာ ဖြစ်ပြီး ခြေထောက်မှာရှိတဲ့ အပေါ်ယံသွေးကြောတွေနဲ့အတွင်းဖက်ကသွေးကြောတွေကို ဆက်မနေအောင် ခွဲထုတ်မှာဖြစ်ပါတယ်။ ဖောင်းနေတဲ့သွေးကြောတလျှောက်ကို လှီးပြီး ဖြတ်ထုတ်တာမျိုးလည်း လုပ်ကောင်းလုပ်နိုင်ပါသေးတယ်။ အထူးစီမံထားတဲ့ ကိရိယာလေးတွေကို အသုံးပြုပြီး ဖောင်းနေတဲ့အဓိကသွေးကြောကို အရေပြားအောက်က ဆွဲထုတ်တာမျိုးလည်း လုပ်လေ့ရှိကြပါသေးတယ်။

အန္တရာယ်

သွေးကြောထုံးခွဲစိတ်မှုကနေ ဘာအန္တရာယ်တွေ ရှိနိုင်မလဲ။

ခြေအိတ်ခပ်ကျပ်ကျပ်စွပ်ပေးထားခြင်းအားဖြင့်လည်း သွေးကြောဖောင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆေးထိုးတာ၊ လေဆာပစ်တာ ဒါမှမဟုတ် လျှပ်စစ်နဲ့ရှို့ပစ်တာစတဲ့ကုသမှုတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။ သိထားသင့်တဲ့အချက်က ဘယ်နည်းလမ်းကိုအသုံးပြုသည်ဖြစ်စေ သွေးကြောဖောင်းတာတွေဟာ ပြန်ဖြစ်လာနိုင်ပါတယ်။

သွေးကြောထုံးခွဲစိတ်မှုကို ပြုလုပ်မယ်ဆိုရင် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ပြဿနာနဲ့ အန္တရာယ် တွေကိုသိရှိထားဖို့ လွန်စွာအရေးကြီးပါတယ်။ သင့်မှာမေးခွန်းတစ်စုံတစ်ရာရှိနေတယ်ဆိုရင် သင့်ဆရာဝန် (သို့) ခွဲစိတ်ဆရာဝန် နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။

ခွဲစိတ်ပြီးနောက်

သွေးကြောထုံးခွဲစိတ်မှု ခံယူပြီးတဲ့နောက်မှာ ဘာတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်သလဲ။

ခွဲစိတ်ပြီးတဲ့နေ့ဒါမှမဟုတ်နောက်တစ်ရက်မှာဆေးရုံကဆင်းနိုင်ပါပြီ။ သင့်အလုပ်ရဲ့ သဘောသဘာဝအပေါ်မူတည်ပြီး ရက်ပေါင်းအနည်းငယ်အတွင်းမှာ လုပ်ငန်းခွင်ပြန်ဝင်နိုင်မှာပဲ ဖြစ်ပါတယ်။

အနာကျက်ပြီးလှုပ်ရှားလို့ကောင်းပြီဆိုတာနဲ့ပုံမှန်လုပ်ဆောင်နေကျ နိစ္စဓူဝအလုပ်တွေကို ပြန်လုပ်နိုင်ပါပြီ။ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင် ပုံမှန်လှုပ်ရှားသွားလာမှုတွေကို အချိန်တိုအတွင်းမှာ အမြန်ဆုံးပြန်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာက လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်ကိုတော့ အရင်တိုင်ပင်အကြံဉာဏ်တောင်းဖို့လိုပါလိမ့်မယ်။ တကယ်လို့သင့်မှာမေးစရာတွေရှိနေမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်ကို သိလိုသမျှမေးမြန်းသင့်ပါတယ်။

သွေးကြောထုံးခွဲစိတ်ပြီးနောက် ဘာတွေဖြစ်လာနိုင်သလဲ။

ဘယ်လို ခွဲစိတ်ကုသမှုမျိုးမဆိုအန္တရာယ်ကတော့ ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီးခွဲစိတ်ဆရာဝန်ကိုမေးမြန်းထားရပါမယ်။

ဘယ်လိုခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေက မေ့ဆေးနဲ့မတည့်တာ၊ မေ့ဆေးကိုမူမမှန်တုံ့ပြန်တာ၊သွေးထွက်လွန်တာ ဒါမှမဟုတ် သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

ခြေထောက်သွေးကြောဖောင်းတာကို ခွဲစိတ်ကုသခြင်းရဲ့ နာက်ဆက်တွဲပြဿနာတွေက

• ခွဲထားတဲ့နေရာအောက်မှာအလုံးဖြစ်ခြင်း

• ထုံနာကျဉ်နာ ဖြစ်ခြင်း

• အာရုံကြောတွေကိုထိခိုက်မိခြင်း

• သွေးကြောကဆက်လက်ဖောင်းမြဲဖောင်းနေခြင်း

• အရေပြားအောက်မှာပင့်ကူမျှင်လိုသွယ်ယှက်နေတဲ့သွေးကြောတွေပေါ်လာခြင်း

• ခြေထောက်ဖောရောင်ခြင်း

• ခြေထောက်ရဲ့အဓိကသွေးလွှတ်ကြော၊ သွေးပြန်ကြောတွေ ဒါမှမဟုတ် အာရုံကြောတွေကို ထိခိုက်မိခြင်းစတာတွေပဲ ဖြစ်ပါတယ်။

အစာမစားဖို့ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုး အစရှိတဲ့ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင်ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကိုအနည်းဆုံးဒါမှမဟုတ်လုံးဝမဖြစ်အောင်လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Surgical removal of varicose veins http://www.vascularinfo.co.uk/varicose-veins/varicose-vein- surgery/. Accessed July 6, 2016.

ယခုပုံစံ

19/09/2019

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ