brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Ulnar Nerve Release (Ulnar nerve ဖယ်ထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

ulnar nerve ညပ်ခြင်းဆိုတာဘာလဲ။

ulnar nerve ဟာ တံတောင်အတွင်းဖက်ကနေ ပတ်ပြီး လက်ဖျံကြွက်သားတွေကြားမှာရှိတဲ့ လမ်းကြောင်းကျဉ်းကျဉ်းလေးကို ဖြတ်သန်းသွားတဲ့ အာရုံကြောတခု ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းကျဉ်းလေးဟာ အကြောင်းအမျိုးမျိုးကြောင့် ပိုကျဉ်းလာပြီး ulnar nerve ပေါ်ဖိထားတဲ့ ဖိအားပိုများလာတဲ့အခါမှာ ulnar nerve ညပ်ခြင်း ဖြစ်ပေါ်လာပြီး လက်သန်းနဲ့ လက်သန်းကြွယ်တို့ ထုံကျဉ်ခြင်းကို ခံစားလာရပါတော့တယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Ulnar nerve ဖယ်ထုတ်ဖို့ ဘာလို့ လိုအပ်တာလဲ။

ဒီခွဲစိတ်မှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Ulnar nerve အာရုံကြောကို ထပ်မံထိခိုက်မှုတွေက ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ စောစီးစွာ ခွဲစိတ်ကုသမှုခံယူမယ်ဆိုရင် သင့်လက်ထုံနေတာဟာ ပြန်လည်သက်သာလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Ulnar nerve လုံးဝပျက်စီးသွားခြင်းကို ကာကွယ်ဖို့အတွက် Ulnar nerve ဖယ်ထုတ်တဲ့ ခွဲစိတ်ကုသမှုကို ခံယူတာ အကောင်းဆုံး ဖြစ်ပါတယ်။

ulnar nerve ဖယ်ထုတ်ခြင်း ခွဲစိတ်ကုသမှုရဲ့ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေက ဘာလဲ။

တကယ်လို့ သင့်ရောဂါလက္ခဏာတွေဟာ ပြင်းထန်ခြင်းမရှိသေးဘဲ ညဖက်တွေမှာသာ အဖြစ်များတယ်ဆိုရင် သင့်တံတောင်ဆစ်ကို ဆန့်နေအောင် ကျပ်စည်းပေးထားရင် သက်သာသွားလေ့ရှိပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

ulnar nerve ဖယ်ထုတ်တဲ့ ခွဲစိတ်မှု မခံယူခင်မှာ ဘာတွေ ပြင်ဆင်ရမလဲ။

သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။

ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။

အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။

ခွဲစိတ်ကုသခြင်း

ulnar nerve ဖယ်ထုတ်တဲ့ ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်သလဲ။

မေ့ဆေး၊ထုံဆေးပုံစံအမျိုးမျိုးကို သင့်တော်သလို အသုံးပြုနိုင်ပြီး ခွဲစိတ်မှုဟာ နာရီဝက်ကနေ ၄၅ မိနစ်လောက်အထိ ကြာမြင့်လေ့ရှိပါတယ်။ ဆရာဝန်က သင့်တံတောင်အတွင်းခြမ်းရဲ့ အနောက်ဖက်မှာ စတင်ခွဲစိတ်မှာဖြစ်ပြီး အာရုံကြောကို ဖိထားတဲ့ တစ်ရှုးတွေမှန်သမျှကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခွဲစိတ်ဆရာဝန်အနေနဲ့ အရိုးတစိတ်တပိုင်းကို ဖယ်ရှားတာ ဒါမှမဟုတ် အာရုံကြောကို နေရာရွှေ့တာမျိုး ပြုလုပ်ဖို့လည်း လိုအပ်ကောင်းလိုအပ်မှာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီးနောက် အခြေအနေ

ulnar nerve ဖယ်ထုတ်တဲ့ ခွဲစိတ်မှု ခံယူအပြီးမှာ ဘာတွေဆက်ဖြစ်မလဲ။

ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။ ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ulnar nerve ဖယ်ထုတ်တဲ့ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ ဘေးတွက်ဆိုးကျိုးတွေက-

  • လက်သန်းနဲ့ လက်သန်းကြွယ်ဆက်လက်ထုံနေခြင်း။
  • သက်သာသွားပြီးမှ တဖန်ပြန်ထုံလာခြင်း။
  • တံတောင်ဆစ်နားတဝိုက် ထုံခြင်း။
  • ခွဲဒါဏ်ရာက နာခြင်း။
  • အလွန်အမင်းနာကျင်တောင့်တင်းခြင်း၊လက်မောင်းမလှုပ်ရှားနိုင်တော့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ (ဥပမာ အစာမစားဖို့၊သုံးစွဲနေတဲ့ တချို့ဆေးတွေကို ရပ်ထားဖို့ စသည်)ကို ဂရုတစိုက်လေးစားစွာ လိုက်နာရပါမယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။