ထိုစကားလုံးသည် ဆီးအိမ်မှ ဆီးထွက်ကျသောအခြေအနေကို ညွှန်းဆိုတဲ့ aဆးပညာစကားလုံးဖြစ်ပါတယ်။ သင့်ဆီးအိမ်ဖိအားများလာစေတဲ့ အခြေအနေမျိုးတွေ (ဥပမာ- aလ့ကျင့်ခန်းလုပ်ခြင်း၊ ရယ်ခြင်း၊ aချာင်းဆိုးခြင်း၊ နှာချေခြင်းစသဖြင့်)ကို ပြုလုပ်မယ်ဆိုရင် ဆီးထွက်ကျလေ့ရှိတာကို ဆိုလိုတာပါ။ ဒီလို ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာဟာ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေ အားနည်းတာကြောင့် အများဆုံးဖြစ်လေ့ရှိပြီး ကလေးမွေးတဲ့အချိန်မှာ အဆိုပါကြွက်သားတွေဆွဲဆန့်လွန်ခြင်း ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရခြင်းတွေကြောင့် အားနည်းသွားရတာjဖစ်ပါတယ်။ ဆီးအိမ်အဝမှာရှိတဲ့ကျုံ့ဆန့် ကြွက်သားတွေ အားနည်းရင်လည်း ဒီလိုဆီးမထိန်းနိုင်တာဖြစ်လာနိုင်သလို ရှိပြီးသားရောဂါကိုလည်း ပိုလို့ဆိုးစေပါတယ်။
အဝလွန်တာ၊ ဆေးလိပ်သောက်တာတွေကလည်း တရားခံစာရင်းထဲမှာ ပါဝင်ပြီး အသက်ကြီးလာလေပိုဆိုးလေ ဖြစ်လာမှာပါ။
သင် ဆီးမထိန်းနိုင်တာမျိုးတွေ ထပ်မဖြစ်တော့ဘူးပေါ့။
ဆီးမထိန်းနိုင်တာကို ကုသဖို့အတွက်transobturator tape လို့ခေါ်တဲ့တိတ်ပြားလေးထည့်တာဟာလည်း အခုပြုလုပ်မယ့် tension-free vaginal tape ထည့်တာနဲ့ခပ်ဆင်ဆင်တူပေမယ့် ထည့်တဲ့နေရာလွဲပါတယ်။ ကီဂယ် လေ့ကျင့်ခန်းလုပ်တာ၊ လျပ်စစ်နဲ့ဆွပေးတာ၊ ဆီးမလုံတဲ့သူတွေသုံးရတဲ့ ကိရိယာလေးတွေသုံးတာ၊ ဆီးအိမ်အဝကျဉ်းစေတဲ့ဆေးထိုးထည့်တာ စတဲ့ရိုးရှင်းတဲ့ကုသမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ တခြားခွဲစိတ်ကုသမှုအကြီးစားပုံစံတွေလည်း ရှိသေးပေမယ့် သူတို့ဟာ tension-free vaginal tape ထည့်တာထက် ပိုပြီးအကျိုးရှိတာကိုမတွေ့ရဖူးပါဘူး။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။
သင့်ရဲ့လတ်တလောသောက်နေတဲ့ေ ဆးတွေ၊ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့အခြေအနေတွေကိုဆရာဝန်နဲ့ကြိုတင်ဆွေးနွေးထားရမှာ ဖြစ်သလိုခွဲစိတ်မှုမခံယူခင်မှာမေ့ဆေးဆရာဝန်နဲ့တွေ့ဆုံပြီး အသုံးပြုမယ့်မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖြစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာ အစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။
ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။ ဥပမာ- ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ်စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်
ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဘူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့မခွဲခင် နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ညွှန်ကြားချက်အပေါ် မူတည်ပါတယ်။
မေ့ဆေးသုံးခွဲစိတ်လေ့ရှိပြီး ပုံမှန်အားဖြင့်နာရီဝက်လောက်သာ ကြာမြင့်လေ့ရှိပါတယ်။ ဦးစွာ သင့်ဆရာဝန်က သင့်ဗိုက်အောက်ပိုင်းမှာ ခွဲကြောင်းသေးသေးနှစ်ခုခွဲလိုက်ပါမယ်။ ပြီးရင် မိန်းမကိုယ်ရဲ့ ဆီးသွားပေါက် အောက်နားကပ်ရပ်လောက်မှာ နောက်ထပ်ခွဲရာ ခပ်သေးသေးတစ်ခုထပ်ပေးပြီး အပေါက်ဖြစ်အောင်လုပ်ပါမယ်။ ဒီအပေါက်ကို ဖြတ်ပြီးတိတ်ပြားနဲ့ အပ်ကိုထည့်သွင်းကာ ဗိုက်အောက်ခြေဖက်မှာ ဖောက်ထားတဲ့အပေါက်လေးနှစ်ခုကနေ တဖက်စီပြန်ထုတ်ပါမယ်။
သင့်အနေနဲ့ ပုံမှန်အတိုင်းဆီးသွားနိုင်ပြီဆိုတာနဲ့ဆေးရုံကပေးဆင်းပါပြီ(များသောအားဖြင့် ခွဲတဲ့နေ့မှာပဲ ဒါမှမဟုတ် ခွဲပြီးနောက်တစ်ရက်)။ သင့်ရဲ့အလုပ်အကိုင်သဘာဝပေါ်မူတည်ပြီး နောက်ထပ်သုံးလေးရက်လောက်ကြာရင် လုပ်ငန်းခွင်ပြန်ဝင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးအများစုအတွက် အနည်းဆုံးနှ စ်ပတ်ကနေ လေးပတ်လောက်အထိ စောင့်သင့်ပါတယ်။ အလေးအပင်မတာ ဒါမှမဟုတ် ကာယအားသုံးပြီး ပင်ပင်ပန်းပန်းလုပ်ရတာမျိုးကို ရက်သတ္တပတ်အနည်းငယ်တိုင်အောင် ရှောင်ကြဉ်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မြန်မြန်ဆန်ဆန် ပြန်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ သင့်ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ်။ ဆီးမလုံတာ နောက်တဖန် ပြန်မဖြစ်ဖို့နဲ့ အတွင်းအင်္ဂါတွေ ကျွံထွက်လာတာကို ကာကွယ်နိုင်ဖို့အတွက် ကီဂယ်လေ့ကျင့်ခန်းကို ဆက်လုပ်နေဖို့လိုပါတယ်။ တကယ်လို့ သင့်မှာမရှင်းလင်းတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့တွေ့ဆုံမေးမြန်းနိုင်ပါတယ်။
ခွဲ
အဖြစ်အများဆုံး နောက်ဆက်တွဲ ပြဿနာတွေက-
• ဆီးအိမ် ဒါမှမဟုတ် ဆီးအိမ်အဝကို ထိခိုက်ဒါဏ်ရာရခြင်း
• ခွဲစိတ်မှု ပြုလုပ်ပြီးနောက် ဆီးသွားလို့မရတော့ခြင်း
Transobturator tape ကို အသုံးပြုမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ဆီးအိမ်ပြဿနာတွေဖြစ်တာနည်းသွားမှာ ဖြစ်ပေမယ့်သူ့မှာလည်း အောက်ပါအန္တရာယ်တွေရှိနေပါသေးတယ်။
• ခွဲစိတ်ပြီးနောက်ေ ပါင်ခြံမှာ နာကျင်ခြင်း
• ပေါင်ခြံ ဒါမှမဟုတ် ခြေထောက်မှာထုံတာ၊ အားနည်းခြင်း
Mesh tape လို့ခေါ်တဲ့ တိပ်အပြားလေးကိုသုံးရင်လည်း နောက်ဆက်တွဲ ပြဿနာတွေ အထိုက်လျောက်ရှိနေပါတယ်။ တင်ပါးဆုံအတွင်းပိုင်း တစ်သျှူးတွေ ပျက်စီးကုန်တာလည်း တစ်ခုအပါအဝင်ပေါ့။ ခွဲစိတ်မှု အားလုံးမှာ ရောဂါပိုးဝင်နိုင်ချေနှင့် ဘေးထွက်ဆိုးကျိုးအချို့ ရှိကြပါတယ်။ ၎င်းတို့တွင် မမျှော်လင့်ဘဲမေ့ဆေးဓါတ်မတည့်မှုပြဿနာ ၊ သွေးထွက်လွန်ခြင်း၊ သွေးခဲပိတ်ခြင်း စသည်တို့ပါဝင်ပါသည်။ ဘေးထွက်ဆိုးကျိုးများကိုလျော့ချရန် သင့်ဆရာဝန်ညွှန်ကြားချက်များကိုဂရုတစိုက်လိုက်နာပါ။ သင့်ဆရာဝန်ညွှန်ကြားသလိုရပ်သင့်သည့် ဆေးများကိုရပ် ၊ ပြင်ဆင်ခိုင်းသည်များကို ပြင်ဆင် စသည့်ဖြင့် တိတိကျကျလိုက်နာပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။