backup og meta

Paraumbilical And Umbilical Hernia Repair (ချက်တစ်ဝိုက် အူကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ပြင်ဆင်မှုခွဲစိတ်စဉ်ခွဲစိတ်ပြီးနောက်နာလန်ထူချိန်

အဓိပ္ပါယ်ဖွင့်ဆိုချက်

Paraumbilical And Umbilical Hernia Repair (ချက်တစ်ဝိုက် အူကျွံခြင်း) ကဘာလဲ။

ချက်ဟာ သင့်ဝမ်းဗိုက်ရဲ့ သဘာဝအားနည်းချက်နေရာပါ။ သားအိမ်ထဲမှာ ကလေးလေးရှိနေစဉ်အချိန်ကစလို့ ချက်ဟာစတင်ဖြစ်ပေါ်လာတာပါ။ တကယ်လို့ သင့်ဝမ်းဗိုက်ထဲက အူတွေဝမ်းဗိုက်နံရံကို တွန်းထွက်လာရင် ချက်နေရာမှာ အလုံးကြီးဖြစ်လာပါလိမ့်မယ်။

ဒါကို အူကျွံတယ်လို့ခေါ်ပါတယ်။ ကျွံထွက်နေတဲ့ အူတွေ ဒါမှမဟုတ် တခြားအရာတွေဟာ ဝမ်းဗိုက်ထဲမှာ ပိတ်မိနေပြီး ညှစ်ခံထားရသလို ဖြစ်ကာ သွေးကောင်းကောင်းမရနိုင်တော့တဲ့ အခြေအနေဖြစ်လာနိုင်တာမို့ အူကျွံတာဟာအန္တရာယ်ရှိပါတယ်။

ခွဲစိတ်ပြုပြင်မှုရဲ့ ကောင်းတဲ့အချက်တွေကဘာတွေလဲ။

ခွဲစိတ်လိုက်ရင် သင့်ရဲ့အူကျွံရောဂါ လုံးဝအရှင်းပျောက်သွားမှာ ဖြစ်တဲ့အတွက် အူကျွံတာကြောင့် ဖြစ်လာမယ့် ဆိုးရွားပြင်းထန်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ခွဲစိတ်မှုကြောင့် ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ။

အသက်လေးနှစ်အောက် ကလေးတွေမှာသူ့အလိုလို ပြန်ကောင်းသွားနိုင်ပေမယ့် ဒီထက်ကြီးတဲ့ ကလေးတွေနဲ့အရွယ်ရောက်ပြီးသား လူကြီးတွေမှာတော့ ခွဲစိတ်မှုမလုပ်ဘဲနဲ့ ပြန်ကောင်းလာစရာ အကြောင်းလုံးဝမရှိပါဘူး။

ခွဲစိတ်မှုလုပ်ပြီးတဲ့နောက်ပိုင်းမှာလည်း အူကျွံတာ ပြန်ဖြစ်နိုင်ပါသေးတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ ဆွးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ပြင်ဆင်မှု

ခွဲစိတ်မှုမခံယူခင် ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ။

သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။

ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။

ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။

ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေ ါ်မူတည်ပါတယ်။

ခွဲစိတ်စဉ်

ခွဲစိတ်နေစဉ်ကာလမှာ ဘာတွေလုပ်မှာလဲ။

ပုံမှန်အားဖြင့် မေ့ဆေးကို အသုံးပြု ခွဲစိတ်လေ့ရှိပြီး ခွဲစိတ်ချိန် နာရီဝက်လောက် ကြာမြင့်လေ့ရှိပါတယ်။ ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ချက်နားမှာ ဗိုက်ကိုခွဲမှာဖြစ်ပြီး ကျွံနေတဲ့အိတ်အပိုင်းလေးကို ဖယ်ထုတ်ပြီး အူကိုနေသားတကျ ပြန်ထားပေးခဲ့မှာ ဖြစ်ပါတယ်။

ပြီးရင်ဝမ်းဗိုက်သားရဲ့ အားနည်းနေတဲ့နေရာကို ခွဲစိတ်ခန်းသုံးအပ်ချည်နဲ့ခိုင်ခိုင်တင်းတင်း ပြန်ချုပ်ပါလိမ့်မယ် ဒါမှမဟုတ် အထူးပြုလုပ်ထားတဲ့ ဇကာစလို အချပ်ပြားလေးနဲ့ ဖာထေးပါလိမ့်မယ်။ ဒီနောက်မှာတော့ အရေပြားကိုချုပ်ပြီး ပြန်ပိတ်မှာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီးနောက်

ခွဲစိတ်မှုပြီးရင် ဘာတွေလိုက်နာဆောင်ရွက်သင့်သလဲ။

ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နားနိုင်ပါတယ်။ ခွဲပြီးပထမရက်အနည်းငယ်အတွင်းမှာပဲ တဖြည်းဖြည်းတိုးတိုးပြီး လမ်းလျှောက်ပေးပါ။ ခွဲစိတ်မှုအနေအထားနဲ့ သင့်ရဲ့အလုပ်အကိုင်သဘာဝတို့အပေါ်မူတည်ကာ ခွဲစိတ်အပြီး နှစ်ပတ်ကနေ လေးပတ်အတွင်းမှာ လုပ်ငန်းခွင်ပြန်ဝင်နိုင်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးမယ်ဆိုရင် ပုံမှန်လှုပ်ရှားသွားလာမှုတွေကို အချိန်တိုအတွင်းမှာ အမြန်ဆုံးပြန်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာက လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်ကိုတော့ အရင်တိုင်ပင်အကြံဉာဏ်တောင်းဖို့လိုပါလိမ့်မယ်။

တကယ်လို့ သင့်မှာမေးစရာတွေရှိနေမယ် ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်ကို သိလိုသမျှ မေးမြန်းသင့်ပါတယ်။

နာလန်ထူချိန်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

ခွဲစိတ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို အန္တရာယ်ကတော့ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ခွဲစိတ်ဆရာဝန်ကို မေးမြန်းထားရပါမယ်။

ဘယ်လိုခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေက မေ့ဆေးနဲ့မတည့်တာ၊ မေ့ဆေးကိုမူမမှန်တုံ့ပြန်တာ၊ သွေးထွက်လွန်တာ ဒါမှမဟုတ် သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

ချက်တစ်ဝိုက် အူကျွံတာကို ခွဲစိတ်ရာမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့-

• ခွဲထားတဲ့ အနာအောက်မှာ အလုံးဖြစ်ခြင်း

• ဗိုက်ထဲက တခြားအင်္ဂါတွေကို ထိခိုက်မိခြင်း

• ချက်ကိုပါ ဖယ်ထုတ်လိုက်ရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အူလမ်းကြောင်းကို မှန်ပြောင်းမကြည့်ခင် အစာမစားဖို့ ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုးအစရှိတဲ့ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Paraumbilical and umbilical hernia repair
https://www.betterhealth.vic.gov.au/health/surgicalbrochures/paraumbilical-and-umbilical-hernia- repair. Accessed July 5, 20014.

 

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ