brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Elbow Replacement (တံတောင်ဆစ်အစားထိုးခြင်း)

တံတောင်ဆစ်အစားထိုးခြင်းဆိုတာဘာလဲ။

တံတောင်ဆစ်အစားထိုးခြင်းကိုအဆစ်ရောင်တဲ့ လူနာတွေကုသဖို့အတွက် အသုံးပြုပါတယ်။ အဆစ်မှာနာကျင်မှု ပြင်းထန်နေရင်၊ တောင့်တင်းနေပြီး လှုပ်ရှားနိုင်စွမ်းမရှိရင် တံတောင်ဆစ်အစားထိုးခြင်းဟာ အသုံးဝင်ပါတယ်။ နာကျင်မှုကိုသက်သာစေပြီး လှုပ်ရှားမှု လွယ်ကူစေပါတယ်။

တံတောင်ဆစ် အစားထိုးတဲ့အခါ ဒဏ်ဖြစ်နေတဲ့ အဆစ်ကိုဖယ်ထုတ်ပြီးဖန်တီးထားတဲ့ အဆစ်ကိုလက်ရိုးနဲ့ ဆက်ပေးပါတယ်။

တံတောင်ဆစ်အစားထိုးခြင်းဘာကြောင့် ပြုလုပ်သလဲ။

တံတောင်ဆစ်နာကျင်ခြင်းဟာအဆစ်ရောင်ခြင်း၊ သွေးလေးဘက်နာဖြစ်ခြင်း၊ ဒဏ်ရာရခြင်းစတဲ့ အခြေအနေတွေကြောင့် ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာကုသရန် မလိုဘဲနာကျင်မှုပျောက်သွားတာရှိတတ်ပါတယ်။ ဒါပေမယ့် ထိခိုင်ဒဏ်ရာ၊ ဒါမှမဟုတ် ရောဂါဟာ ကြွက်သားအရွတ် ထိခိုက်ပျက်စီးစေနိုင်ရင် ဆရာဝန်ဟာ တံတောင်ဆစ် အစားထိုးဖို့ အကြံပြုပါလိမ့်မယ်။ ယေဘုယျအားဖြင့် နာကျင်မှုအရမ်းဆိုးရင် တံတောင်ဆစ် အစားထိုးခွဲစိတ်မှုကို ပြုလုပ်ပါတယ်။

တံတောင်ဆစ် အစားထိုးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ။

တခြားခွဲစိတ်မှုတွေလိုပဲတံတောင်ဆစ်အစားထိုးခြင်းဟာ ပြဿနာတွေ ရှိပါတယ်။ ဒီပြသနာတွေဟာသင့်ကျန်းမာရေးကိုဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

ခွဲစိတ်မှုတိုင်းရဲ့ နောက်ဆက်တွဲပြသနာတွေဟာမေ့ဆေးရဲ့ မမျှော်လင့်တဲ့ အန္တရာယ်၊ သွေးထွက်လွန်ခြင်း၊ သွေးခဲခြင်းစတာတွေ ဖြစ်ပါတယ်။

အဖြစ်များတဲ့ပြသနာတွေကတော့

  • နာကျင်ခြင်း
  • သွေးထွက်ခြင်း
  • ခွဲစိတ်သည့်နေရာ ပိုးဝင်ခြင်း
  • ကြည့်ရဆိုးသောအမာရွတ်
  • သွေးခဲခြင်း
  • အဆုတ်ရောဂါပိုးဝင်ခြင်း
  • နှလုံးထိခိုက်ခြင်း
  • လေဖြတ်ခြင်းစတာတွေ ဖြစ်ပါတယ်။

ဒီခွဲစိတ်မှု အမျိုးအစားအတွက် သီးသန့် နောက်ဆက်တွဲပြဿနာတွေကတော့

  • အာရုံကြောထိခိုက်ခြင်း
  • ရောဂါပိုးဝင်ခြင်း
  • တံတောင်ဆစ် လျော့ရဲခြင်း
  • အဆစ်လွဲခြင်း
  • အရိုးကျိုးခြင်း
  • ဆိုးရွားစွာနာကျင်ခြင်း၊ တောင့်တင်းခြင်း၊ လက်မလှုပ်ရှားနိုင်ခြင်းစတာတွေဖြစ်ပါတယ်။

လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် အစားထိုးထည့်ထားတဲ့ တံတောင်ဆစ်ဟာသတ္တုဖြစ်လို့ လုံခြုံရေးစစ်ဆေးရာမှာ

အချက်ပေးသံမြည်နိုင်တာကိုသတိပြုရပါမယ်။

ဒီကိစ္စမှာအဆင်ပြေချောမွေ့အောင် လုံခြုံရေးတွေကို ကြိုအသိပေးထားတာ၊ ရောဂါရှိကြောင်းအထောက်အထား ပြထားတာ ပြုလုပ်ပါ။ ကြိုတင် အကြောင်းကြားသည်ဖြစ်စေ၊ အကြောင်းမကြားသည် ဖြစ်စေစစ်ဆေးခံရမှာပဲမို့ ကြိုပြောထားခြင်းဟာတော့ အကောင်းဆုံးပါပဲ။ လုံခြုံရေးစစ်ဆေးရာမှာလက်ကိုင် ကိရိယာနဲ့ စစ်ဆေးသလိုအမာရွတ်ကိုလည်းသီးသန့်စစ်ဆေးပါလိမ့်မယ်။ ခေတ်ပေါ် ကိုယ်လုံးဖတ်စက် များဟာတော့ အဆစ်အစားထိုးထားခြင်းကို မြင်တွေ့နိုင်တာမို့ တကူးတကထပ်စစ်ဆေးစရာမလိုတော့ပါဘူး။

ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

တံတောင်ဆစ်အစားထိုးခြင်းအတွက်ဘာတွေပြင်ဆင်ထားရမလဲ။

သင့်အနေနဲ့ခွဲစိတ်မှုမတိုင်မီလိုက်နာရန်အချက်တွေ (ဘယ်နှနာရီထိအစာစားနိုင်တယ် ဆိုတာမျိုး) ရှင်းလင်းစွာအသိပေးပါလိမ့်မယ်။ အများအားဖြင့် ဒီအစီအစဉ်မတိုင်မီ ၆နာရီအလိုက စပြီးအစာမစားရတော့ပါဘူး။ ခွဲစိတ်မှုမတိုင်မီနာရီအနည်းငယ်အထိအရည်တမျိုးမျိုးသောက်နိုင်ပါတယ်။

တံတောင်ဆစ် အစားထိုးခြင်း ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ။

မေ့ဆေးပေးနည်းအမျိုးမျိုးရှိပါတယ်။ အသင့်တော်ဆုံးနည်းရွေးချယ်ဖို့ မေ့ဆေးဆရာဝန် ပြသပါ။ ခွဲစိတ်မှုဟာ၁-၂နာရီထိ ကြာနိုင်ပါတယ်။

ခွဲစိတ်ဆရာဝန်ဟာ တံတောင်ဆစ်နောက်ပိုင်းမှာခွဲစိတ်ပြီးဒဏ်ရာရနေတဲ့ အဆစ်ကိုထုတ်လိုက်ပါလိမ့်မယ်။ ပြီးရင် လူတွေဖန်တီးထားတဲ့အဆစ်တုကိုထည့်သွင်းပါလိမ့်မယ်။

အဆစ်အတုဟာသတ္တု၊ ပလတ်စတစ်၊ ပေါ်စီလင် ဒါမှမဟုတ် အဲ့ဒီပစ္စည်းတွေ ရောထားတဲ့ အရာနဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

တံတောင်ဆစ်ကိုအရိုးကနေဓါတုကော်တမျိုးနဲ့ ဆက်ပေးပါလိမ့်မယ်။

သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

ပြန်လည်သက်သာခြင်း

ခွဲစိတ်ပြီးဘာတွေဖြစ်နိုင်သလဲ။

ဆေးရုံမှာ ၂-၅ရက်လောက် စောင့်ကြည့်ပြီးရင် အိမ်ပြန်နိုင်ပါတယ်။

တံတောင်ဆစ်ကိုလေ့ကျင့်ပေးတဲ့ ပစ္စည်းကိရိယာသုံးပြီး ၆ပတ်လောက် လေ့ကျင့်ပေးရပါမယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာပုံမှန်လှုပ်၇ှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

လူအများစုဟာသက်သာကောင်းမွန်လာကြပါတယ်။ နာကျင်မှု သက်သာပြီးတံတောင်ဆစ်လှုပ်ရှားမှု ပိုကောင်းလာစေပါတယ်။ အဆစ်အတုဟာပုံမှန်အဆစ်အတိုင်းတော့ ထိတွေ့ခံစားမှုမရှိပါဘူး။ အပြည့်အ၀ ဆန့်တန်းလို့ မရနိုင်ပါဘူး။

အဆစ်အတုဟာတဖြည်းဖြည်းနဲ့ ပျက်စီးသွားနိုင်ချေရှိတာကိုသိဖို့လိုပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thant Zin
Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။