ရင်သားပြန်လည်ပြုပြင်ခြင်းဆိုတာ ရင်သားကို ခွဲစိတ်ဖြတ်တောက်မှုလုပ်ပြီးချိန်မှာ အရင်အတိုင်း ပုံစံပြန်ရအောင် ခွဲစိတ်ပြုပြင်ခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ရင်သားထည့်သွင်းခြင်းဖြစ်ဖြစ်၊ တစ်သျှူးများကို ချဲ့ကားပေးခြင်းဖြစ်ဖြစ် လုပ်ဆောင်ပြီး ရင်သားကို အရင်အတိုင်း ပြန်လည်ပုံဖော်ပေးပါလိမ့်မယ်။

ရင်သားပြန်လည်ပြုပြင်ခြင်း ဟာ သင့်ရဲ့ကိုယ်ပိုင် အလေးထားစရာ ကိစ္စဖြစ်တာမို့ သင့်ရဲ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ အကိုက်ညီဆုံးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။ တခြားလူတွေရဲ့ဆန္ဒအတိုင်း၊ တခြား လူကြိုက်များတဲ့ပုံစံအတိုင်း လိုက်လုပ်စရာ မလိုပါဘူး။
အောက်ပါအခြေအနေတွေမှာ ခွဲစိတ်မှုလုပ်ဆောင်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
ရင်သားအစားထိုး ထည့်သွင်းခြင်းရဲ့ အဓိက ပြသနာကတော့ သဘာဝရင်သားတွေနဲ့ မတူတာပါပဲ။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တဲ့အခါ ပိုသိသာပါတယ်။
ပြန်လည်ပြုပြင်ဖို့ ရွေးချယ်ထားတဲ့ အမျိုးအစားပေါ် မူတည်ပြီး ရင်သားပေါ်မှာဖြစ်ဖြစ် တခြားနေရာမှာဖြစ်ဖြစ် အမာရွတ်ကျန်နိုင်ပါတယ်။ ပြန်လည်ပြုပြင်တဲ့ နည်းလမ်းဟာ ပြုပြင်မယ့်ပြသနာပေါ် မူတည်ပါတယ်။ အမျိုးသမီးများအားလုံးနဲ့ တခုတည်းသော သင့်တော်မယ့်နည်းလမ်းတော့ မရှိနိုင်ပါဘူး။
ရင်သားအစားထိုးထည့်သွင်းခြင်းမှာတော့ ရင်သားတင်းမာပြီး ပေါက်ပြဲတဲ့ပြသနာ ရှိနိုင်ပါတယ်။
ခွဲစိတ်ပြီး လအနည်းငယ်အကြာထိ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။
ခွဲစိတ်မှုကို မေ့ဆေးနဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မခွဲစိတ်ခင်မှာ အောက်ပါအချက်တွေ လုပ်ဆောင်နိုင်ပါတယ်။
တစ်သျှူးချဲ့ကားပေးတဲ့ကိရိယာကို အရေပြားအောက်နဲ့ ရင်ဘတ်ကြွက်သားတွေအကြား ထည့်သွင်းပါလိမ့်မယ်။ ပြီးရင် ဆလိုင်းအရည်ကို သေးငယ်ပြီး နာကျင်မှုမရှိတဲ့နည်းလမ်းနဲ့ ဖြည်းဖြည်းချင်း ဖြည့်ပေးပါလိမ့်မယ်။
လနဲ့ချီတဲ့အထိ အိတ်ကိုဖောင်းလာအောင် လုပ်ပေးပါလိမ့်မယ်။ လုံလောက်တဲ့အရွယ်အစား ရပြီးတဲ့အခါ တစ်သျှူးချဲ့တဲ့ ကိရိယာကို ဖယ်ထုတ်ဖို့ ဒုတိယခွဲစိတ်မှု ပြုလုပ်ပါတယ်။ ဆီလီကွန်ဖြစ်ဖြစ်၊ ဆလိုင်းဖြစ်ဖြစ် အစားထိုးထည့်သွင်း ပါတယ်။
ဆလိုင်းအစားထိုးခြင်းဟာ ဆီလီကွန်ထည့်ခြင်း ထက်စာရင် ကျုံ့ဝင်သွားနိုင်ခြေ ပိုများလို့ နောက်ဆက်တွဲခွဲစိတ်ရနိုင်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။
ခွဲစိတ်ပြီး ၂-၃ရက်ကြာရင် အိမ်ပြန်နိုင်ပြီး ၄-၆ပတ်ကြာရင် ပုံမှန်ပြန်လှုပ်ရှားနိုင်ပါတယ်။
နူးညံ့ပြီး ကိုယ်နဲပအံကိုက်ဖြစ်တဲ့ ဘရာစီယာဝတ်ဖို့ လိုပါလိမ့်မယ်။ ဒါဟာ သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်ရှားမှုတွေ ပြန်လည်ပြုလုပ်လာနိုင်ဖို့ အထောက်အကူပြုပါတယ်။
လေ့ကျင့်ခန်းမစတင်ခင် ဆရာဝန်ရဲ့ အကြံဉာဏ် ရယူပါ။
တစ်သျှူးချဲ့ကိရိယာသုံးဖို့ လိုသေးတယ်ဆိုရင်တော့ ဆေးရုံကို ပုံမှန်ပြန်လည်ပြသဖို့ လိုပါတယ်။
ပြုပြင်ထားတဲ့ ရင်သား အထိုင်ကျဖို့ကို အပတ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ သင်နဲ့တသားတည်းဖြစ်ပြီလို့ ခံစားရဖို့ဆိုရင် တနှစ်ထိကြာနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။