brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Abdominal Hysterectomy Surgery (ဝမ်းဗိုက်မှတစ်ဆင့်သားအိမ်ထုတ်သော ခွဲစိတ်မှု)

Abdominal hysterectomy surgery ဆိုတာဘာလဲ။

ဒီခွဲစိတ်မှုဟာ ဝမ်းဗိုက်ပေါ်မှာ ဓါးရာပေးပြီး သားအိမ်ကို အကုန် (သို့) တစ်စိတ်တစ်ပိုင်း ထုတ်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ခွဲစိတ်နေစဉ်မှာ သင့်ဆရာဝန်ဟာ လိုအပ်တယ်လို့ ယူဆရင် သားအိမ်နဲ့ မမျိုးဥအိမ်ကို ထုတ်ယူနိုင်ပါတယ်။

Abdominal hysterectomy surgery ကို ဘာကြောင့် လုပ်ကြတာလဲ။

ဆရာဝန်တွေက ဒီခွဲစိတ်မှုကို ရာသီလာတာ ကြာရှည်ပြီး ရာသီသွေးများတဲ့ အခြေအနေကို ကုသမှုအဖြစ် ပြလုပ်ကြပါတယ်။ ဒါ့ပြင် ဒီခွဲစိတ်မှုဟာ အခြားရောဂါတွေဖြစ်တဲ့ သားအိမ်အလုံးရောဂါ နှင့် မမျိုးဥအိမ်ရောအိတ်တည်သောရောဂါ မှာလည်း ကုသနိုင်ပါတယ်။

Abdominal hysterectomy surgery ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

ခွဲစိတ်မှု မပြုခင်မှာ အခြားကုသမှုတွေဖြစ်တဲ့ အောက်ပါတို့ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

  • ရာသီလာတာ ကြာရှည်ခြင်းကို ဆေးတွေ၊ သားအိမ်အတွင်း ပစ္စည်းထည့်ခြင်းနဲ့ သားအိမ်နံရံဖယ်ထုတ်တဲ့ ခွဲစိတ်မှုတွေ ပြုလုပ်နိုင်ပါတယ်။
  • တကယ်လို့ သင့်ဆရာဝန်က မမျိုးဥအိတ်တွင် တည်နေသော ရေအိတ် ရဲ့ နေရာနဲ့ အရွယ်အစားဟာ ခွဲစိတ်ကုသဖို့မလိုဘူးလို့ ယူဆရင် လက္ခဏာတွေကို ထိန်းချုပ်ဖို့ ဆေးပေးနိုင်ပါတယ်။ ဆေးတွေဟာ အစွမ်းမထက်ခဲ့ရင်တော့ အခြားကုသမှုတွေဖြစ်တဲ့ ရေအိတ်ဖယ်ရှားခြင်း သို့ သားအိမ်သွေးလွှတ်ကြောပိတ်ဆို့ခြင်း တွေကို ပြုလုပ်နိုင်ပါတယ်။

ဒီခွဲစိတ်မှုမပြုလုပ်မီမှာ သတိထားသင့်တဲ့အချက်တွေကို နားလည်ဖို့အရေးကြီးပါတယ်။ သင့်မှာ မေးခွန်းတွေရှိတယ်ဆိုရင် အချက်အလက်တွေ ပိုမိုသိစေဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Abdominal hysterectomy surgery တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

ခွဲစိတ်မှုမပြုလုပ်မီမှာ ဆရာဝန်က သင်ခွဲစိတ်မှုကို ပြုလုပ်နိုင်သလားဆိုတာ သိရှိဖို့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကတော့

  • သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း- သားအိမ်ခေါင်း ဆဲလ်တွေ ပုံမမှန်ခြင်း (သို့) သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းကို စောစီးစွာ တွေ့နိုင်တဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။
  • သားအိမ်အသားစ စစ်ခြင်း – သားအိမ်နံရံ မှာ ရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ (သို့) သားအိမ်ကင်ဆာ ကို သိစေဖို့ဖြစ်ပါတယ်။
  • အာထရာဆောင်း – သားအိမ်အလုံးနှင့် သားအိမ်အသားပို (သို့) မမျိုးဥအိမ်ကင်ဆာကို သိရှိဖို့ ကူညီပေးနိုင်ပါတယ်။

ခွဲစိတ်မှုမပြုလုပ်မီ သင့်ဆရာဝန်က အစာခြေလမ်းကြောင်းကို သန့်ရှင်းစေတဲ့ ဆေးတွေပေးနိုင်ပါတယ်။ ဒါဟာ ခွဲစိတ်မှုအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် မိန်းမကိုယ်ကို ခွဲစိတ်မှုမပြုခင်နဲ့ ပြုအပြီးမှာ ရောဂါပိုးဝင်ရောက်ခြင်းကို ကာကွယ်ဖို့ သန့်စင်ထားဖို့လိုအပ်ပါတယ်။ မခွဲစိတ်ခင်မှာ ဆရာဝန်က သွေးပြန်ကြောအတွင်းကို ပိုးသတ်ဆေးတွေထည့်ပေးပြီး ခွဲစိတ်မှုအပြီး ရောဂါပိုးဝင်နှုန်းကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

Abdominal hysterectomy surgery ပြုလုပ်နေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

ခွဲစိတ်မှုကို မေ့ဆေးနဲ့ပြုလုပ်မှာဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ တစ်နာရီလောက်ကြာမြင့်နိုင်ပါတယ်။ ပထမဦးစွာ ဆရာဝန်က ဘီကီနီလိုင်းအောက်မှာ ခွဲရာပေးပြီး ဝမ်းဗိုက်နံရံကြွက်သား ကို နှစ်ဖက်ကို ဖြဲကာ သားအိမ်ထုတ်ဖို့အတွက် ကိရိယာတစ်ခုကို ထည့်နိုင်ပါတယ်။ အခြေအနေအတော်များများမှာတော့ သားအိမ်ခေါင်းကိုပါ ထုတ်ပစ်တာများပါတယ်။

ခွဲစိတ်နေစဉ်မှာ ဝမ်းဗိုက်ပေါ်က ခွဲစိတ်ရာအပြင် ဆရာဝန်ဟာ မိန်းမကိုယ်မှာလည်း ခွဲစိတ်ရာပေးနိုင်ပါတယ်။ ဒါမှသာ သားအိမ်ခေါင်းကို ဖယ်ထုတ်ဖို့ လွယ်ကူမှာဖြစ်ပါတယ်။

Abdominal hysterectomy surgery လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ခွဲစိတ်မှုအပြီးမှာ ဆေးရုံမှာ ပြန်ကောင်းဖို့အတွက် နာရီအနည်းငယ်နေရနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ

  • သင့်မှာ ဗိုက်နာခြင်းရှိမရှိ စောင့်ကြည့်မှာဖြစ်ပါတယ်။
  • နာကျင်မှုသက်သာစေတဲ့ဆေးတွေနဲ့ ရောဂါပိုးမဝင်စေတဲ့ဆေးတွေ ပေးမှာဖြစ်ပါတယ်။
  • သင့်ကို စောစီးစွာ မတ်တပ်ရပ်စေပြီး လမ်းလျှောက်စေမှာဖြစ်ပါတယ်။

ခွဲစိတ်မှုအပြီးမှာ ဆေးရုံမှာ ၁-၂ ရက်အထိ နေရနိုင်ပါတယ်။ တခါတရံ ပိုကြာနိုင်ပါတယ်။ ခွဲစိတ်မှုအပြီးမှာ သွေးတွေ၊ မိန်းမကိုယ်အရည်တွေ အမြောက်အမြား ထွက်နိုင်တာမို့ မိန်းမကိုယ်တွင်းထည့် ဂွမ်းလိပ်တံကို အသုံးပြုနိုင်ပါတယ်။ မိန်းမကိုယ်သွေးထွက်ခြင်းဟာ ရက်ပေါင်းများစွာကနေ ရက်သတ္တပတ်ပေါင်းများစွာအထိ ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ရာသီလာသလောက် သွေးဆင်းနေတယ်ဆိုရင်တော့ ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီး သိလိုတာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လဲ။

အဖြစ်များတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • နာကျင်ခြင်း
  • သွေးထွက်ခြင်း
  • ခွဲတဲ့နေရာမှာ ရောဂါပိုးဝင်ခြင်း
  • ရုပ်ဆိုးသော အမာရွတ်ထင်ခြင်း
  • သွေးခဲခြင်း တွေပဲဖြစ်ပါတယ်။

ဒီခွဲစိတ်မှုရဲ့ တိကျတဲ့ ဆိုးကျိုးတွေ ရှိပါသေးတယ်။

  • တင်ပါးဆုံ ရောဂါပိုးဝင်ခြင်း
  • ခွဲစိတ်နေစဉ် ထိခိုက်မှုတွေကြောင့် အနီးအနားရှိ အင်္ဂါတွေ ပျက်စီးခြင်း
  • အခေါင်းပေါက် ဖြစ်ပေါ်ခြင်း
  • သွေးခဲဖြစ်ပေါ်ခြင်း
  • မိန်းမကိုယ်ပျက်စီးခြင်း
  • မိန်းမကိုယ် ကျွံကျခြင်း
  • သားအိမ်ဆုံးရှုံးရင်ကလေးရနိုင်ခြင်း မရှိတော့တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ခံစားရခြင်း
  • သင့်မှာ မမျိုးဥအိမ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရာသီလာမှာ မဟုတ်တော့ပါဘူး။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ပတ်သက်ပြီး သိလိုတာရှိရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
Written by Dr . Phyu Mon Latt · 25/09/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။