မေ့ဆေးပေးခြင်းကိုကြောက်ခြင်းသည် ခွဲစိတ်ခံရမည့် လူနာအများစုတွင် ဖြစ်တတ်ကြသည်။ အချို့သည် မေ့ဆေးပေးခြင်းကို ခွဲစိတ်ခံရခြင်းထက်ပင် ကြောက်ကြသည်။ သင့်တွင် လုံလောက်သော ဗဟုသုတမရှိပါကထိုကဲ့သို့ ကြောက်ရွံ့ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ အမေရိကန်မေ့ဆေးအဖွ့ဲအစည်း၏ အဆိုအရ ၂၅% သော လူနာများသည် မေ့ဆေးအကြောင်းကို သေချာစွာမသိခြင်းကြောင်း ခွဲစိတ်ခြင်းကို ရှောင်လွှဲကြသည်။ ကံကောင်းစွာပင် အောက်ပါတို့ကိုလိုက်နာခြင်းဖြင့် မေ့ဆေးနှင့်ပတ်သတ်သော ကြောက်ရွံ့ခြင်းများကို သက်သာစေနိုင်သည်။
သင့်ဆရာဝန်နှင့် ဆက်သွယ်ပြောဆိုပါ။
ကုသခြင်းများမစတင်မီ သင့်ဆရာဝန်၊ မေ့ဆေးဆရာဝန်တို့နှင့် ချိန်းဆိုပြီး၊ သင့်၏ ခွဲစိတ်မှုတွင် မည်သည့် မေ့ဆေးကိုသုံးမည်၊ မည်ကဲ့သို့ ဆေးသွင်းမည်၊ မည်ကဲ့သိုသော အန္ကရာယ်များရှိသည်ကို မေးမြန်းပါ။ မေ့ဆေးဆရာဝန်တိုင်းတွင် သူတို့၏ အလုပ်နှင့် ပတ်သတ်ပြီး ကောင်းစွာကျွမ်းကျင်ကြပြီး သင့်ကို အကောင်းဆုံးပြုလုပ်ပေးလိုကြပါသည်။ သူတို့နှင့် ဆက်သွယ်ခြင်းသည် သင်၏ ကြောက်ရွံ့ခြင်းကို သက်သာစေပါလိမ့်မည်။
ဆရာဝန်နှင့် မေ့ဆေးဆရာဝန်မှ သင့်၏ ခွဲစိတ်ခြင်းနှင့် မေ့ဆေးရာဇဝင်ကို မေးမြန်းပါလိမ့်မည်။ သင်၏ ကျန်းမာရေးအခြေအနေ၊ ကိုယ်ဝန်ဆောင်ခြင်း၊ အဝလွန်နေခြင်း၊ နှင့် ယခင်က ကျန်းမာရေးရာဇဝင်ကို သေချာစွာ ပြောပြပေးရန်လိုပါသည်။ ယခင်က ခွဲစိတ်ခံရဖူးလျှင် သင့်တွင် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ဗိုက်အောင့်ခြင်း စသည်ဖြင့် မည်ကဲ့သို့သော လက္ခဏာများရှိဖူးသည်ကို ပြောပြပေးရန်လိုအပ်ပါသည်။ ယခင်ကသုံးသော ဆေးများသည် သင့်ကိုနေမကောင်းဖြစ်စေသော်လည်း ယခုအသုံးပြုနေသောဆေးအသစ်များ တွင် ထိုပြသနာများ မရှိနေနိုင်ပါ။ ထို့ကြောင့် သင်ကြောက်နေစရာမလိုပေ။
ခွဲစိတ်ခံနေချိန်တွင် သင့်တွင် နာကျင်ခြင်း၊ စိုးရိမ်ထိတ်လန့်နေခြင်း ဖြစ်နေမည်မဟုတ်သည်ကို သိရှိထားပါ။
မေ့ဆေးသည် သင်ဆေးကုသမှုခံယူနေချိန်တွင် နာကျင်ခြင်းနှင့် စိုးရိမ်ပူပန်နေခြင်းများ မဖြစ်ပေါ်စေရန် ကူညီပေးသည်။ မေ့ဆေးပေးခြင်းကြောင့် သင် သတိမေ့သွားမည်ဖြစ်ပြီး ခွဲစိတ်ခြင်းနှင့် ပတ်သတ်သည့် အရာများကို သင်မသိရှိလိုက်ပါ။ ခွဲစိတ်ပြီးနောက် အနည်းငယ် နာကျင်နိုင်သော်လည်း သင့်ဆရာဝန်မှ အနာသက်သာစေရန် ဆေးပေးပါလိမ့်မည်။ အရာအားလုံးကို ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများမှ ဖြေရှင်းသွားပါလိမ့်မည်။
သိလိုသည်များကို ရှာဖွေပါ။
သင်ကုသမှုခံယူမည့် ဆေးကုသမှုအကြောင်းကို သိရှိရန် ရှာဖွေဖတ်ရှုနိုင်ပါသည်။ များသောအားဖြင့် လူများသည် သူတို့မသိရှိသော အကြောင်းအရာများကို စိုးရိမ်ကြောက်ရွံ့တတ်ကြသည်။ ဤအခြေအနေတွင် အခြေအနေသည် အရေးပေါ်မဟုတ်လျှင် ခွဲစိတ်မှုနှင့် ပတ်သတ်ပြီး အချက်အလက်များရှာဖွေနိုင်သည်။ သို့မဟုတ်လျှင် တိကျသေချာသော သတင်းအချက်အလက်ကိုရရှိရန် သင့်ဆရာဝန်ကို မေးမြန်းနိုင်သည်။
အချို့သော ခွဲစိတ်မှုများသည် အမှန်တကယ် ပြုလုပ်ရန် လိုအပ်ပြီး ၎င်းတို့သည် မေ့ဆေးမပေးပဲ မအောင်မြင်နိုင်ပေ။ ယခုခေတ်တွင် ကျွမ်းကျင်သော ပညာရှင်များရှိခြင်း၊ အကောင်းဆုံးသော စက်ပစ္စည်းကိရိယာများကိုအသုံးပြုခြင်းကြောင့် သင့်တွင် ခွဲစိတ်မှုအောင်မြင်ရန် အခွင့်အလမ်းအလွန်များပါသည်။ ထို့ကြောင့် မေ့ဆေးပေးခြင်းကို မကြောက်ရွံ့ပါနှင့်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]

















