မေ့ဆေးပေးခြင်းသည် လူနာကို တစ်နေရာ သို့မဟုတ် အားလုံးတွင် ခံစားသိရှိမှုများပျောက်စေသည်။ မေ့ဆေးဆရာဝန်မှ လူနာ၏ ဘေးကင်းစိတ်ချရမှုအတွက် စောင့်ကြပ်ကြည့်ရှုပေးရန် လိုအပ်ပါသည်။
မေ့ဆေးပေးထားသော လူနာကို စောင့်ကြည့်ခြင်းသည် မေ့ဆေးပေးနေစဉ်တစ်လျှောက် အချိန်ကြာမြင့်နိုင်ပါသည်။ ပေးသောမေ့ဆေးပေါ်မူတည်ပြီး လူနာအဆင်ပြေစေရန် စောင့်ကြည့်ခြင်းကို ထိန်းညှိရပါမည်။ မေ့ဆေးမပေးခင် လိုအပ်သော စက်ကိရိယာများကို စစ်ဆေးရပါမည်။ ထို့ကြောင့် အရေးကြီးသော လက္ခဏာများကို ၅မိနစ် တစ်ခါ တိုင်းတာပြီး လူနာကို စောင့်ကြပ် ကြည့်ရှုခြင်းသည် မေ့ဆေးပေးနေစဉ် တစ်လျောက် လုပ်ရန်လိုအပ်ပါသည်။
အရေးကြီးသော လက္ခဏာများ (၅ မိနစ် တစ်ခါတိုင်းပါ)
အသက်ရှူလမ်းကြောင်းဆိုင်ရာ
• အသက်ရှူလမ်းကြောင်း– မေ့ဆေးဆရာဝန်မှ လူနာ၏ အသက်ရှူလမ်းကြောင်းကို ပုံမှန်စစ်ဆေးရပါမည်။ အောက်ဆီဂျင်ပေးနေသော ပိုက်ကိုလည်း ပြုတ်ထွက်နေခြင်း၊ နေရာလွဲနေခြင်းမဖြစ်စေရန် စစ်ဆေးရပါမည်။
• အသက်ရှူနှုန်း
• ပုံမှန်တွင် တစ်မိနစ်လျှင် ၁၀-၂၀ ကြိမ် ထိရှိပြီး တစ်ခါတစ်ရံ ၃၅-၄၀ အထိရှိနိုင်သည်။
• ပုံမှန်အသက်ရှူသွင်းလျှင် ၁ -၁.၅ မိနစ် ကြာမြင့်ပြီး အသက်ရှူထုတ်လျှင် ၂-၃ မိနစ်ကြာပါသည်။
• ရင်ဘတ်လှုပ်ရှားမှု (အသက်ရှုလျှင်ရင်ဘတ် ဖောင်းလိုက်ပိန်လိုက်ဖြစ်ရမည်)ကိုလည်း ပုံမှန်စောင့်ကြည့်ရပါသည်။
• မေ့ဆေးပေးချိန်ကြာလာသည်နှင့် အမျှ အသက်ရှူနှုန်း ကျလာနိုင်ပါသည်။ ထို့အပြင် အသက်ရှူသည့်အခါ လေရသည့် ပမာဏလည်း ကျဆင်းလာပါသည်။ အသက်ရှူနှုန်း ၈-၁၀ ကြိမ်အောက် ကျလာလျှင် အထက်လူကြီးကို သတင်းပို့ပါ။
• အသက်ရှူခြင်းသည် ချောမွေ့အဆင်ပြေသင့်သည်။ အသက်ရှူသံပြင်းလာလျှင်၊ ဆူညံလာလျှင် အရေးကြီးသော လက္ခဏာတစ်ခုဖြစ်သည်။
နှလုံသွေးကြောဆိုင်ရာ
• နှလုံးခုန်နှုန်း
• ပုံမှန်သည် တစ်မိနစ်လျှင်၇၀-၇၅ ကြိမ်ဖြစ်သည်။
• နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်းကို ပုံမှန်စစ်ဆေးသင့်ပါသည်။
• နှလုံးခုန်နှုန်းမြန်လျှင် နှေးလျှင် ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားရပါမည်။
• ပုံမှန်သွေးပေါင်ချိန်သည် ၈၀-၁၂၀ mmHg ဖြစ်ပါသည်။
• သွေးပေါင်ချိန်သည် လူနာ၏ တစ်သျူးများထဲသို့ သွေးရောက်ရှိမှုကို ပြသည်။
• မေ့ဆေးပေးချိန်ကြာလျှင် သွေးပေါင်ချိန်ကျလာနိုင်သည်။
• အပေါ်သွေးသည် ၁၄၀ mmHg ထက်ကျော်ပါက၊ အောက်သွေးသည် ၉၀ mmHg ထက်ကျော်ပါက တာဝန်ကျဆရာဝန်ကို အကြောင်းကြားရမည်။။
ခန္ဓါကိုယ် အပူချိန်
• ပုံမှန်အပူချိန်သည်၃၆.၅-၃၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။
• မေ့ဆေးပေးခြင်းသည် ခန္ဓါကိုယ်အပူချိန်ကို ကျစေသည်။ အပူချိန်သည် ဆေးပေးပြီး ပထမ မိနစ် ၂၀ အတွင်းတွင် အလွန်အမင်း ကျဆင်းနိုင်ပါသည်။
• မေ့ဆေးဆရာဝန်သည် ငါးမိနစ်တစ်ခါ အပူချိန်ကို မှတ်တမ်းတင်နေသင့်သည်။ သို့မှသာ လူနာ၏ အပူချိန် ၃၅ဒီဂရီစင်တီဂရိတ် ထက် ကျော်သောအခါ ဆေးအမြန်ဆုံးကုသနိုင်ပါသ
လူနာ၏ အခြေအနေ
မေ့ဆေးဆရာဝန်သည် လူနာ၏ အခြေအနေကို သုံးသပ်နေပြီး ပုံမှန်မဟုတ်သည်များ ဖြစ်သောအခါ သတင်းပို့ရပါမည်။
အောက်ပါတို့သည် မေ့ဆေးပေးခြင်း၏ အဆင့် ၅ ဆင့်ဖြစ်ပါသည်။
ပထမဆင့်- မေ့ဆေးမပေးခင်
ဒုတိယဆင့်- မေ့ဆေးမပေးခင် Excitatory phase
တတိယဆင့်
• အစီအစဉ် ၁ – မေ့ဆေးပမာဏ နည်းနည်း စပေးသည်။
• အစီအစဉ် ၂- မေ့ဆေးပမာဏ အသင့်အတင့် ဆက်ပေးသည်။
• အစီအစဉ် ၃- မေ့ဆေး ပမာဏများများ ဆက်ပေးသည်။
စတုတ္ထဆင့်- ဆေးလွန်ခြင်း
ပဉ္စမဆင့်- သေဆုံးခြင်း
လူနာ၏ အခြေအနေကို နားလည်ပြီး ဘေးကင်းသော မေ့ဆေးပေးခြင်း ဖြစ်ရန် အရေးကြီးပါသည်။ လူနာ၏ အခြေအနေကို သိရန် လူနာကိုသေချာစွာ စောင့်ကြည့်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။
[embed-health-tool-bmi]

















