backup og meta

နှလုံးခွဲစိတ်ခြင်း

နှလုံးခွဲစိတ်မှုဆိုတာ ဘာလဲ။

နှလုံးခွဲစိတ်မှုဆိုသည်မှာ သင့် နှလုံးတွင် ရောဂါရှိသောကြောင့် ကုသရန် ခွဲစိတ်ခြင်းဖြစ်သည်။ သင့်ရင်ခေါင်းကိုဖွင့်ပြီး နှလုံးကိုခွဲစိတ်ခြင်း၊ နှလုံးကြွက် သားများ အဆို့ရှင်များ၊ သွေးကြောများကို ခွဲစိတ်ခြင်း ဖြစ်သည်။ ၎င်းကို ရင်ခေါင်းဖွင့်ပြီး နှလုံးခွဲစိတ်ခြင်းဟု ခေါ်သည်။ နောက်ပိုင်းတွင် ဆေးပညာတိုးတက်မှုကြောင့် တချို့သောနှလုံးခွဲစိတ်မှုများသည် ခွဲကြောင်းသေးသေးဖြင့် နှလုံးခွဲစိတ်မှု ပြုလုပ်နိုင်သည်။

နှလုံးခွဲစိတ်ခြင်း

ဘာကြောင့်နှလုံးခွဲစိတ်မှုကို လုပ်ရသလဲ။

နှလုံးခွဲစိတ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်သည်။ နှလုံးသွေးကြော ကျဉ်းရောဂါဆိုသည်မှာ နှလုံးသွေးကြောထဲတွင် အဆီဖတ် များစုပုံလာပြီး သွေးကြောမာ လာကာ ကျဉ်းမြောင်းသွားပြီး သွေးကောင်းကောင်း မစီးနိုင်ခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် နှလုံးသွေးကြောလမ်းကြောင်းလွှဲ ကုသနည်း (coronary artery by pass surgery) ကို လုပ်ဆောင်ရပါသည်။

တခြားသောနှလုံးခွဲစိတ်မှုများမှာ နှလုံးအဆို့ရှင်ကို ပြု ပြင်ခြင်း၊ ပျက်စီးနေသော နှလုံးကြွက်သားများကို ပြုပြင်ခြင်း၊ နှလုံးခုန်နှုန်းမှန်စေရန် နှလုံးထဲတွင် စက် ထည့်ခြင်း၊ နှလုံးအစားထိုးကုသခြင်းတို့ ဖြစ်သည်။

နှလုံးခွဲစိတ်ရာတွင် ဘာဆိုးကျိုးများ ဖြစ်နိုင်ပါသလဲ။

ခွဲစိတ်မှုတိုင်းတွင် နောက်ဆက်တွဲဆိုးကျိုးများရှိသည်။ နှလုံးခွဲစိတ်ရာတွင် ဖြစ်နိုင်သောအခြေအနေ များမှာ –

• ချုပ်ရိုးပိုးဝင်ခြင်း (ဆီးချိုလူနာ၊ အဝလွန်သောသူ နှင့် ယခင်ခွဲစိတ်မှုပြုလုပ်ဖူးသော သူများတွင် အဖြစ်များနိုင်သည်။)

• ရုတ်တရက် နှလုံးဖောက်ခြင်း

• လေဖြတ်ခြင်း

• နှလုံးခုန်နှုန်းမမှန်ခြင်း

• ကိုယ်အင်္ဂါလုပ်ဆောင်ချက် ချို့ယွင်းခြင်း (အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်)

• သွေးထွက်များခြင်း၊ သွေးခဲခြင်း

သင်နှလုံးခွဲစိတ်မှု မပြုလုပ်မီ အထက်ပါဆိုးကျိုးများကို နားလည်သဘောပေါက်ရန် အရေးကြီးသည်။ သင့်တွင် မေးမြန်းစရာရှိလျှင် သင့်ဆရာဝန် (သို့) ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။

နှလုံးခွဲစိတ်မှုအတွက် ဘယ်လိုပြင်ဆင်သင့်ပါသလဲ။

တိကျသေချာသော ရောဂါရာဇဝင်အပြင် သောက်သုံး နေသောဆေးဝါးများနှင့် ရောဂါများအကြောင်းလည်းဖော်ပြ ရန်လိုအပ်ပါသည်။ ဆေးလိပ်သောက်လျှင် ခွဲစိတ် မှုမလုပ်ခင် (၂)ပတ် ကြိုတင်၍ ဆေးလိပ်ဖြတ်ရပါမည်။ အရက်သမားများလည်း ထိုနည်းတူပင် ဖြစ်ပါသည်။ ခွဲစိတ်မည့်ရက်နားနီးမှ ဆေးလိပ်၊ အရက်ဖြတ်လျှင် ခွဲစိတ်နေစဉ်တွင် တက်ခြင်း၊ လက်တုန်ခြင်း အစရှိ သော လက္ခဏာများ ခံစားရပြီး အသက်အန္တရာယ်ရှိ နိုင်သည်။ ထိုအခြေအနေများ မဖြစ်အောင် သင့်ဆရာဝန်ဆီမှ အကူအညီ လိုပါလိမ့်မည်။ ထို့ပြင် သင်သည် သွေးကျဲဆေးများ သောက်နေပါက ရပ်ဖို့လိုပါသည်။ ခွဲစိတ်စဉ် ပိုးမဝင်ရလေအောင် မစိတ်မီ တစ်ရက်တွင် ပိုးသတ်ဆေးဖြင့် ဆေးကြောရန် လိုအပ်သည်။ ညသန်းခေါင် စားသောက်ခြင်းကို ခွင့်မပြုပါ။

နောက်ထပ် လိုအပ်သော ညွှန်ကြားချက်များကို သင့်အခြေအနေ ပေါ်မူတည်၍ ပေးပါလိမ့်မည်။

နှလုံးခွဲစိတ်စဉ်တွင် ဘာတွေဖြစ်ပွားနိုင်သလဲ။

ယေဘူယျအားဖြင့် မေ့ဆေးနှင့်ခွဲပါသည်။ ခွဲစိတ်ရာမှာ ၈လက်မ မှ ၁၀လက်မအထိ ရှည်နိုင်သည်။ ရင်ညွှန့်ရိုး ကိုဖြတ်ပြီးနောက် Heart Lung by pass machine (နှလုံး နှင့် အဆုတ် အစား ကိုယ်အင်္ဂါ သွေးလည်ပတ်မှု ကို အစားပြုလုပ်ပေးေသော ထိန်းချုပ်စက်) ဖြင့် အခြားသောကိုယ်အင်္ဂါများသို့ သွေးစီးဆင်းမှုကို ထိန်းသိမ်းထားပါသည်။ ထိုအခါ ခွဲစိတ်ဆရာဝန်သည် နှလုံး ကို ဆက်၍ ခွဲစိတ်ပါမည်။ နှလုံးသွေးကြောအစားထိုး ကုသမှုတွင် ခန္ဓါကိုယ်မှ တခြားကျန်းမာသော သွေး ပြန်ကြော (သို့) သွေးလွှတ်ကြောကိုယူ၍ နှလုံးသွေး ကြောနှင့်ဆက်ခြင်းဖြင့် ကျဉ်းနေသောနှလုံးသွေးကြော ကိုကျော်၍ သွေးစီးရန် လမ်းကြောင်းအသစ်တစ်ခုဖန်တီးပေးခြင်း ဖြစ်သည်။ ထို့နောက် Wire ဖြင့် အရိုးကို ချုပ်ပြီးနောက် အရေပြားရှိခွဲကြောင်းကို ပိတ်ပါသည်။ ခွဲစိတ်မှုသည် (၃)နာရီမှ (၆)နာရီအထိ ကြာမြင့်တတ်ပါသည်။ သင်သိချင်သည်များရှိပါက သင့်ဆရာဝန် (သို့) ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

ခွဲစိတ်မှုအပြီးတွင် ဘာတွေဖြစ်နိုင်ပါသလဲ။

ခွဲစိတ်ပြီးလျှင် စောင့်ကြည့်ရန် အထူးကြပ်မတ်ဆောင် သို့ ပို့ရပါမည်။ သင့်ရင်ဘတ်တွင် နှလုံးဘေးရှိ အရည် များကို ထုတ်ရန် ပြွန် နှစ်ချောင်း (သို့) သုံးချောင်း ရှိပါ မည်။ သင်သည် လှုပ်လှုပ်ရှားရှားလုပ်၍ မရသေးသော ကြောင့် အားဆေးသွင်းရန်နှင့် ဆီးအတွက် ဆီးပိုက် ထည့်ရပါမည်။ သင့်နှလုံးလုပ်ဆောင်ချက်များကို ရက်အနည်းငယ်နေပြီးနောက် တစ်စုံတရာ ပြင်းပြင်းထန်ထန်မဖြစ်ပါက ပုံမှန်လူနာခန်းသို့ ရွှေ့နိုင်ပါသည်။ ခွဲစိတ်ပြီး ဆရာဝန်ညွှန်ကြားသည်ကို လိုက်နာလျှင် အကောင်းဆုံးဖြစ်ပါသည်။ ထို့ပြင် အနာပိုးဝင်နိုင်သော ကြောင့် မိမိကိုယ်ကို သန့်သန့်ရှင်းရှင်း နေသင့်ပါ သည်။ အနာသက်သာသည့် ဆေးများကို ညွှန်ကြားပါလိမ့်မည်။ အိပ်စက်ခြင်းက အားပြည့်စေပြီး ရောဂါသက်သာစေနိုင်သောကြောင့် လုံလုံလောက် အိပ်ရန်ကြိုးစားပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“Open Heart Surgery”
http://www.healthline.com/health/open-heart-surgery#Recovery7

“What To Expect During Coronary Artery Bypass Grafting”
https://www.nhlbi.nih.gov/health/health-topics/topics/cabg/during

ယခုပုံစံ

01/02/2022

Dr. Sandar Lin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ



Dr. Sandar Lin မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ