အဝလွန်ခြင်းဆိုတာကိုယ်ခန္ဓါထဲမှာအဆီပါဝင်တာ လိုအပ်တာထက် ပိုများလာခြင်းပါပဲ။ အဝလွန်နေတဲ့၊ ကိုယ်အလေးချိန်များနေတဲ့ သူတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
အဝလွန်ခြင်းဆိုတာကိုယ်ခန္ဓါထဲမှာအဆီပါဝင်တာ လိုအပ်တာထက် ပိုများလာခြင်းပါပဲ။ အဝလွန်နေတဲ့၊ ကိုယ်အလေးချိန်များနေတဲ့ သူတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

သင်ဖြစ်စေ၊ သင့်ဝန်းကျင်က တယောက်ယောက် ဖြစ်စေခွဲစိတ်မှုခံယူမယ်ဆိုရင်မေ့ဆေးပေးရတာမျိုးကိုခက်ခဲစေပါတယ်။
မေ့ဆေးထိုးမယ့်အချိန်၊ အရေးပေါ်ကုသမှု လိုအပ်ချိန် အကြောရှာပြီးဆေးသွင်းဖို့ ခက်ခဲစေပါတယ်။
လူနာအတွက် အမှန်တကယ် လိုအပ်တဲ့ ဆေးပမာဏကိုဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။
အဝလွန်သူတွေမှာ လည်ချောင်းနောက်ပိုင်းနေရာလွတ်မရှိလို့ အသက်ရှူ ပစ္စည်းကိရိယာများတပ်ဆင်ဖို့ ခက်ခဲပါတယ်။
အောက်ဆီဂျင်ပမာဏနည်းတာမို့ အဆုတ်မှာ ပိုးဝင်နိုင်ပါတယ်၊ တခြားနောက်ဆက်တွဲ ပြသနာတွေ ဖြစ်နိုင်ပါတယ်။
လူနာဟာသတိပြန်ရဖို့ အချိန်ပိုယူရပါတယ်။
အဝလွန်သူတွေရဲ့ နှလုံးဟာများသောအားဖြင့် နံရိုးကြားက ကြွက်သားတွေရဲ့ ဖိအားအောက် ရောက်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်း၊ အောက်ဆီဂျင်မရခြင်း၊ လေဖြတ်ခြင်းစတာတွေအတွက် ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် မေ့ဆေးဟာနှလုံးနဲ့သွေးကြောဆိုင်ရာ ပြသနာတွေအတွက် ဘေးထွက်ဆိုးကျိုးကို မြင့်တက်လာစေပါတယ်။
သင့်ရဲ့ ကျန်းမာရေးအခြေအနေတိုးတက်မှု အသေးစိတ်အတွက် ဆရာဝန်ဟာ ဘေးကင်းတဲ့၊ ကောင်းမွန်တဲ့ခွဲစိတ်မှုဖြစ်အောင် သင့်တော်တဲ့ အကြံဉာဏ်ပေးနိုင်ပါတယ်။ အရေးပါတဲ့ လိုအပ်ချက်တွေ မပြည့်စုံဘဲဆုံးဖြတ်တာမျိုးမလုပ်ပါနဲ့။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။