ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ
ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။
ပဋီဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးသောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ ဓာတုပစ္စည်းများ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ […]
































