
ပျမ်းမျှပုံမှန်အရပ်ထက်နိမ့်တဲ့သူတွေက ကင်ဆာရောဂါတချို့ကိုဖြစ်လာနိုင်တဲ့အန္တရာယ်ပိုနည်းနိုင်ပါတယ်။ ဥပမာ ဥရောပနဲ့မြောက်အမေရိကမှာရှိတဲ့ အမျိုးသမီး၁၀၀၀၀၀ကျော်ကိုလေ့လာခဲ့တဲ့သုတေသနအရ အရပ်ပုတဲ့အမျိုးသမီးတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေပိုနည်းတယ်လို့တွေ့ရှိထားပါတယ်။ဗြိတိန်အမျိုးသား ၉၀၀၀ကျော်ပါဝင်တဲ့လေ့လာမှုတစ်ခုမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေပိုနည်းသူတွေဟာ အရပ်ပုသူတွေဖြစ်ကြပါတယ်။
ပုသလား၊ ရှည်သလားဆိုတာက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေနဲ့ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။ လူ ၆၀၀၀ ကို ၅ နှစ်တာလေ့လာတွေ့ရှိမှုအချက်အလက်တွေအရ အရပ်ရှည်တဲ့သူတွေက ဆီးချိုဖြစ်နိုင်ခြေပိုနည်းတယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။