နေလောင်မှာကို စိုးရိမ်ကြတာက ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။နေပူထဲ ထွက်ထွက် မထွက်ထွက် အတွင်းမှာနေလည်း ခရမ်းလွန်ရောင်ခြည်ထိနိုင်တာပဲဆိုပြီးနေလောင်ကာခရင်မ်တွေ လိမ်းရပါတယ်။ သူက နှစ်နာရီခြားတစ်ကြိမ် လိမ်းရမယ်/ဖျန်းရမယ်ဆိုလို့လည်းနေလောင်ကာကွယ်အောင် ထပ်ထပ်သုံးရပါတယ်။
ဒါပေမယ့် မကြာသေးခင်က အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ထုတ်ပြန်ချက်အသစ်တွေအရနေလောင်ကာခရင်မ်မှာပါတဲ့ဓါတုပစ္စည်းတွေကို လူ့ခန္ဓါကိုယ်ထဲစုပ်ယူလိုက်တဲ့ပမာဏက အဆိပ်အတောက်ဖြစ်စေတဲ့အဆင့်ထိမြင့်မားနေတယ်လို့ သိရပါတယ်။
ဖျန်းဆေး၊ လိုးရှင်း၊ ခရင်မ်တို့ကို အညွှန်းအတိုင်း လေးရက်ကြာသုံးပြီးနောက် စစ်ဆေးမှုတွေမှာ နေလောင်ကာခရင်မ်ပါ ဓါတုပစ္စည်းလေးမျိုးရဲ့သွေးကြောထဲရောက်ရှိမှုပမာဏက ပိုမြင့်တက်နေတာတွေ့ရပါတယ်။
ဒီပမာဏကဘေးကင်းမှုရှိတယ်လို့ သတ်မှတ်ထားတဲ့အတိုင်းအတာအဆင့်ကိုကျော်လွန်နေတယ်လို့University of California၊ San Francisco School of Medicine မှဒေါက်တာKanade Shinkai ကပြောပါတယ်။
ဒါပေမယ့် ဒီလေ့လာမှုရလဒ်ကြောင့်နေလောင်ကာခရင်မ်တွေကိုမသုံးသင့်ဘူးလို့ပြောဖို့စောသေးတယ်လို့ ပညာရှင်တွေကပြောပါတယ်။ ဘာလို့ဆိုနေရောင်ခြည်ကနေထိခိုက်မယ့်အန္တရာယ်က ဒီဓါတုပစ္စည်းကနေ ရမယ့်အန္တရာယ်ထက် ပိုဆိုးတာကြောင့်ဖြစ်ပါတယ်။
ဒီပမာဏက များနေတာ မှန်ပေမယ့် လူ့ကျန်းမာရေးကိုဘယ်လိုသက်ရောက်မှုရှိနိုင်လဲသေချာမသိရသေးတာကြောင့် ဒီလေ့လာမှုတစ်ခုတည်းနဲ့နေလောင်ကာခရင်မ်တွေမသုံးရဲကြတော့မှာကို စိုးရိမ်တယ်လို့ သုတေသီတွေကပြောပါတယ်။
နေလောင်ကာခရင်မ်အများစုမှာရောင်ခြည်တွေဒဏ်က ကာကွယ်ပေးဖို့oxybenzone၊ avobenzone နဲ့ octocrylene တို့လို ဓါတုပစ္စည်းတွေသုံးထားပါတယ်။ အဲဒီအော်ဂင်းနစ်ဓါတုပစ္စည်းတွေက ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပြိး အနည်းငယ်သောအပူပမာဏအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။
ဒါပေမယ့် တိရစ္ဆာန်တွေနဲ့သုတေသနရလဒ်တွေအရ oxybenzone ဟာ လူတွေမှာရှိတဲ့ဟော်မုန်းပုံမှန်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ စိုးရိမ်ခဲ့ကြပါတယ်။
လေ့လာမှုမှာ ပါဝင်သူတွေကိုနေလောင်ကာဖျန်းဆေး၊လိုးရှင်းနဲ့ခရင်မ်တစ်ခုခုကို တစ်နေ့လေးကြိမ်နဲ့လေးရက်ကြာသုံးစေခဲ့ပြီး သူတို့ရဲ့သွေးနမူနာကို စစ်ဆေးခဲ့တာပါ။
သွေးစစ်ချက်ရလဒ်တွေမှာ သွေးတွင်း oxybenzone၊ avobenzone ၊ octocrylene နဲ့ecamsuleတွေများနေတာကိုတွေ့ရပါတယ်။
ဒီသုတေသနက အသေးစားလေးသာဖြစ်ပြီး နောက်ထပ်လေ့လာစမ်းသပ်မှုတွေထပ်လုပ်ရဦးမှာဖြစ်တယ်လို့ သုတေသီတွေကပြောပါတယ်။ FDA အနေနဲ့တော့နေလောင်ကာခရင်မ်တွေထဲက ဓါတုပစ္စည်းတွေရဲ့ဘေးကင်းမှုကို ဆက်လက်လေ့လာသွားမယ်လို့ ဆိုပါတယ်။
နေလောင်ကာခရင်မ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့လည်း ကုန်ပစ္စည်းတွေရဲ့ဘေးကင်းမှုကို စမ်းသပ်စစ်ဆေးကြည့်ကြဖို့FDA ကတိုက်တွန်းလျက်ရှိပါတယ်။
ဓါတု စုပ်ယူမှုဆန်းစစ်ချက်၊ ဓါတုပစ္စည်းကြောင့်ကင်ဆာဖြစ်နိုင်ခြေ၊ မျိုးဆက်ပွားကျန်းမာရေးအတွက် သက်ရောက်မှု အပါအဝင်နေလောင်ကာခရင်မ်ရဲ့ဘေးကင်းစိတ်ချရမှုအချက်အလက်တွေကို ၂၀၁၉ နိုဝင်ဘာမှာနောက်ဆုံးထား တင်ပြဖို့FDA က ညွှန်ကြားထားပါတယ်။
ခုချိန်မှာနေလောင်ကာခရင်မ်တွေကိုကြောက်ပြီးမသုံးရြဲဖစ်စရာမလိုသေးပေမယ့် mineralsunscreens အမျိုးအစားတွေကိုရွေးလို့တော့ရတယ်လို့ ဆိုပါတယ်။
ဒီsunscreensတွေကzinc oxide နဲ့titanium dioxide တို့ကို အဓိကထားပြီး အသားအရေပေါ် စုပ်ယူစေတာမဟုတ်၊ နေရောင်ခြည်အလင်းပြန်စေတာဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။