brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ်

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ်

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ်

ဇီကာ၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ချီကန်ဂူညာ (ဆင်တုပ်ကွေး) တို့က ကြောက်ဖို့ကောင်းတယ်ထင်ပါသလား။

ဒါဆို ခြင်ကိုက်မခံပါနဲ့၊ ခြင်မရှိအောင် ကြိုးစားရှင်းလင်းပါ၊ ကြိုတင်ကာကွယ်ပါ။

ကမ္ဘာကြီးပူနွေးမှုကြောင့် နောက်လာမယ့် နှစ် ၅၀ အတွင်းမှာ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်တွေဆီကနေ ကူးစက်ပျံ့နှံ့ခံရသူ ကမ္ဘာ့လူဦးရေ ၁ ဘီလျံအထိ ရှိလာနိုင်တယ်လို့ သုတေသနက သတိပေးထားပါတယ်။

ရောဂါပိုးသယ်ဆောင်မှုအများဆုံးခြင်မျိုးစိတ်နှစ်ခုဖြစ်တဲ့ Aedes aegypti နဲ့ Aedes albopictus တို့က သွေးလွန်တုပ်ကွေး၊ ဇီကာနဲ့ ဆင်တုပ်ကွေး တို့လို ဗိုင်းရပ်စ်တွေကို သယ်ဆောင်ပျံ့နှံ့စေတာဖြစ်ပါတယ်။

ကမ္ဘာအနှံ့မှာ တစ်လထက်တစ်လပြောင်းလဲလာတဲ့ အပူချိန်ကြောင့် ဆယ်စုနှစ်တွေအတွင်း ဒီခြင်တွေမှာ ဘယ်လိုပြောင်းလဲမှုရှိလာမလဲ သုတေသီတွေက လေ့လာခဲ့ကြပါတယ်။

“ ကိန်းဂဏန်းအတိအကျထွက်ဖို့ မလွယ်ပေမယ့် တစ်ချိန်ချိန်တော့ ဒါပြဿနာဖြစ်လာမယ်ဆိုတာ သိပါတယ်။ ကြောက်စရာကောင်းတဲ့ အတိုင်းအတာပါပဲ။ “ လို့ ဝါရှင်တန်ဒီစီ၊ ဂျော့ဂျ်တောင်းတက္ကသိုလ်မှ သုတေသီ Colin Carlson ကပြောပါတယ်။

ကမ္ဘာအနှံ့မှာ အပူချိန်မြင့်တက်လာတာနဲ့အမျှ အပူပိုင်းဒေသတွေမှာ ခြင်ကတဆင့်ကူးစက်တဲ့ရောဂါတွေ ပျံ့နှံ့လာနိုင်တယ်။ ရာသီအလိုက် ရောဂါပြန့်ပွားမှုတွေက နေရာတိုင်းလိုလိုမှာ ရှိလာနိုင်တယ်။ နောက် အနှစ် ၅၀ အတွင်း ကမ္ဘာ့လူဦးရေအများစုမှာ ဒီရောဂါတွေဖြစ်ပွားစေနိုင်တယ်လို့ သုတေသနက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်ရဲ့ပူနွေးတဲ့ဒေသတွေထဲ ဇီကာရောဂါဖြစ်ပွားမှုတွေရှိခဲ့ပေမယ့် အခုတော့ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေးတို့ကိုလည်း ပိုအန္တရာယ်များလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

အပူချိန်မြင့်တက်မှု ပိုဆိုးလာတဲ့ အနောက်အာဖရိကနဲ့ အရှေ့တောင်အာရှတို့လို ဧရိယာတွေမှာတော့ ရောဂါပိုးခြင်တွေအတွက် အရမ်းကိုပူပြင်းလာနိုင်တယ်လို့ တွေ့ရှိရပါတယ်။

ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ခြင်တွေတင်မကဘဲ သန်းနဲ့မွှားလို တခြားပိုးမွှားတိရိစ္ဆာန်တွေရှင်သန်ပေါက်ဖွားမှုတွေကလည်း ပိုပြီးကျယ်ပြန့်၊ များပြားလာနိုင်တယ်လို့ ဆိုပါတယ်။

မွှားကိုက်ခံရတာကတဆင့် ကူးစက်ပြန့်ပွားတတ်တဲ့ Lyme disease ဟာ အပူချိန်မြင့်တက်မှုနဲ့ ဆက်နွှယ်တဲ့ အင်းဆက်တဆင့်ရောဂါဖြစ်ပွားပျံ့နှံ့မှု ဥပမာတစ်ခုပဲဖြစ်ပါတယ်။ အတ္တလန္တိတ်အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းနိုင်ငံတွေမှာပဲ အတန်အသင့် ဖြစ်လေ့ရှိတဲ့ မွှားရောဂါဟာ အခုဆို အမေရိကန်ရဲ့ ပြည်နယ်တိုင်းနီးပါးမှာ ဖြစ်ပွားနေပြီလို့ သိရပါတယ်။

ဒါ့ကြောင့် ရာသီဥတုပြောင်းလဲမှု နဲ့ ရောဂါအပေါ်သက်ရောက်မှုတို့ကို နိုင်ငံတွေအလို အခြေခံကျကျ တုံ့ပြန်လုပ်ဆောင်ကြနိုင်ဖို့ အစီအစဉ်ဆွဲရာမှာ ဒီသုတေသနကို အသုံးချစေလိုတာဖြစ်တယ်လို့ သုတေသီ Carlson ကပြောခဲ့ပါတယ်။

သုတေသနကို PLOS Neglected Tropical Diseases ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။