brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဖခင်အသက်ကြီးနေရင် မွေးလာမယ့်ကလေးအတွက်တင်မက မိခင်ကျန်းမာရေးအတွက်ပါမကောင်းနိုင်

အမျိုးသမီးတွေကိုဆို အသက်ကြီးမှအိမ်ထောင်ကျရင် သားသမီးယူဖို့နောက်ကျလိမ့်မယ်၊ မွေးရခက်လိမ့်မယ်၊ ကလေးရဲ့ဖွံ့ဖြိုးမှုမှာ ထိခိုက်မှုရှိလိမ့်မယ်ဆိုပြီးစိုးရိမ်ကြလေ့ရှိပါတယ်။ မမွေးနိုင်မှာ ၊ မိခင်နဲ့ကလေးရဲ့ကျန်းမာရေးကိုအန္တရာယ်ရှိစေမှာကို စိုးရိမ်ကြလို့ မိခင်လောင်းအသက်ကြီးနေမှာကို မဖြစ်စေချင်ကြပါဘူး။ ဒါပေမယ့် အမျိုးသားတွေကျ ဘယ်လောက်အသက်ကြီးကြီး ကလေးယူဖို့ စိုးရိမ်ပူပန်မှုသိပ်မရှိကြဘူး။

ဖခင်အသက်ကြီးနေရင် မွေးလာမယ့်ကလေးအတွက်တင်မက မိခင်ကျန်းမာရေးအတွက်ပါမကောင်းနိုင်

ဒါပေမယ့် မကြာသေးခင်က သုတေသနတွေ့ရှိချက်အရ လမစေ့ဘဲကလေးမွေးဖွားခြင်း၊ ကလေးပေါင်မပြည့်ခြင်း၊ အတက်ရောဂါပါလာခြင်း ဖြစ်နိုင်ခြေတို့ အပြင် မိခင်လောင်းမှာ ကိုယ်ဝန်ဆောင်ဆီးချိြုဖစ်နိုင်တဲ့အန္တရာယ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများစေနိုင်တယ်လို့ သိရပါတယ်။

BMJဆေးသုတေသနဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ အသက် ၄၅ နှစ်အထက်ရှိတဲ့ ဖခင်တွေရဲ့ မွေးဖွားလာတဲ့ကလေးတွေမှာ ၁၂ ရာခိုင်နှုန်းလောက်က ဆိုးကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ Stanford University School Of Medicine မှ ဒေါက်တာ Michael LEisenberg နဲ့အဖွဲ့ကဒီသုတေသနကို ဦးဆောင်လေ့လာခဲ့တာပါ။

အသက် ၂၀နဲ့ ၃၀ ဝန်းကျင်မှာ ဖခင်ဖြစ်တဲ့သူတွေထက်စာရင် ၄၅ နှစ်နဲ့အထက် ဖခင်တွေရဲ့ သားသမီးတွေမှာ လမစေ့ဘဲမွေးဖွားနိုင်ခြေနဲ့ ပေါင်မပြည့်ဘဲမွေးဖွားလာနိုင်ခြေ ၁၄ ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပိုဆိုးတာက မိခင်ကျန်းမာရေးမှာပါထိခိုက်စေတာဖြစ်ပါတယ်။

အိမ်ထောင်ဘက်အသက်ကြီးတဲ့ မိခင်လောင်းတွေမှာ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်လာနိုင်ခြေ ၂၈ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ ဖခင်ရဲ့အသက်ပိုကြီးလေ ကလေးတွေမှာ ပြဿနာပိုများလေ၊ အထူးကြပ်မတ်ကုမှာ ထားရတာပိုများလေ ဖြစ်နိုင်ပါတယ်။

ဒီလေ့လာမှုရဲ့အစောပိုင်းသုံးသပ်ချက်အရဆိုရင် ဖခင်အသက်ကြီးခြင်းက ကလေးတွေမှာ စိတ်ရောဂါ၊ အရိုးမဖွံ့ဖြိုးမှုရောဂါ၊ အော်တစ်ဇင်ရောဂါတို့လို မွေးရာပါရောဂါတွေပါလာနိုင်တယ်လို့ ဖော်ပြခဲ့တာပါ။

ဥပမာအားဖြင့် ၁၉၈၀ ခုနှစ်တွေအတွင်း အစ္စရေးနိုင်ငံမှာ မွေးဖွားခဲ့တဲ့ အမျိုးသား၊အမျိုးသမီး ၄၀၀၀၀၀ နီးပါးကိုလေ့လာခဲ့တဲ့သုတေသနအရ အသက် ၄၀ ကျော်ဖခင်တွေက မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်ဖြစ်နိုင်ခြေ ခြောက်ဆပိုများတာတွေ့ရပါတယ်။ တခြားသုတေသနတွေမှာလည်း အသက်ကြီးတဲ့ဖခင်တွေကမွေးလာတဲ့ကလေးတွေမှာ သွေးကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆြာဖစ်လာနိုင်ခြေပိုများတာကို တွေ့ရပါတယ်။

အသက် ၃၅ နှစ်ကျော်တဲ့အမျိုးသမီးတွေမှာ ကလေးယူနောက်ကျတာကြောင့် ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုပဲ လူတွေက အာရုံစိုက်ကြတာဖြစ်ပေမယ့် အမျိုးသားတွေကြောင့် ကျန်းမာရေးပြဿနာ သက်ရောက်မှုရှိလိမ့်မယ် လို့ စိုးရိမ်ခဲ့ကြမှာမဟုတ်ပါဘူး။

“အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဖခင်ဖြစ်နိုင်တဲ့အစွမ်းကျဆင်းလာပါတယ်။ သုက်ရည်ရဲ့အရည်အသွေးကကျဆင်းလာတယ်၊ အသက်ကြီးလာတာနဲ့အမျှ ပမာဏလျော့လာတယ်၊ သုက်ပိုးရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ ပုံပန်းသဏ္ဍန်မှာ လျော့ကျလာတယ်”လို့ ဒေါက်တာ Eisenberg ကပြောပါတယ်။ ဒီလိုအပြောင်းအလဲတွေကြောင့် အမျိုးသားရဲ့ သုက်ပိုးက မမျိုးဥနဲ့ မျိုးအောင်နိုင်စွမ်းလျော့နည်းစေပါတယ်။

အသက်ကြီးတဲ့ဖခင်ကြောင့် မွေးလာမယ့်ကလေးကိုထိခိုက်စေတာမျိုးက ဖြစ်နိုင်ခြေအကြောင်းရင်းအများကြီးရှိပါတယ်။ အမျိုးသမီးတွေနဲ့မတူဘဲ သုက်ပိုးအသစ်တွေအမြဲထုတ်လုပ်နေတဲ့အတွက် သန္ဓေပြောင်းလဲမှုတွေဖြစ်စေပြီး သုက်ပိုးဖြစ်စေတဲ့ဆဲလ်တွေရဲ့ ဒီအန်င်အေအတွင်းမှာ စုမယ်၊ ပတ်ဝန်းကျင်ထိတွေ့မှုတွေကနေ မျိုးဗီဇတွေပြောင်းလဲစေနိုင်တယ်။

ကိုယ်ဝန်ကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ်သောက်တာ၊အရက်သောက်တာ စတဲ့ အပြုအမူတွေ၊ အဝလွန်ခြင်းနဲ့နာတာရှည်ရောဂါတွေလိုမျိုး အချက်တွေအပေါ် အမျိုးသားတွေရဲ့ အသိရှိမှု၊တာဝန်ယူမှုတို့နဲ့ဆိုင်မယ်လို့ ဆိုပါတယ်။

ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်တို့နဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေအတွက် ကြိုးပမ်းဖို့ ကလေးယူနောက်ကျကြတာဆိုပေမယ့် အခုပဲယူယူ၊ နောက်မှယူယူ ကောင်းကျိုးဆိုးကျိုးတော့ ရှိနိုင်မှာပါပဲ။

တကယ်တော့ ၂၀ ကျော်လောက်တည်းက ကလေးမွေးတာထက် အသက်ကြီးမှာ မွေးတဲ့ကလေးတွေအတွက်ကတော့ ရင့်ကျက်တဲ့မိဘတွေ၊ ငွေရေးကြေးရေးခိုင်မာတဲ့မိဘတွေ ကိုပိုင်ဆိုင်ရတာလိုမျိုး ကောင်းကျိုးကတော့ ပိုရှိနိုင်ပါတယ်။ နောက်တစ်ချက်က အတွေ့အကြုံလည်းပိုများတဲ့ အသက်ကြီးတဲ့မိဘတွေဟာ ကလေးတွေကို ပိုစိတ်ရှည်၊ ပိုအချိန်ပေးနိုင်ပါလိမ့်မယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Yun Sandi Nan Mon · 07/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။