brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ထိခိုက်ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါတွေပြန်လည်ဖွံ့ဖြိုးလာအောင်အထောက်အကူပြုပေးနိုင်မယ့် ထိုးသွင်းနိုင်တဲ့ တစ်သျှူးအလွှာငယ်

ကိုယ်အင်္ဂါပြန်လည်ဖွံ့ဖြိုးရေးအထောက်အကူပြုတစ်သျှူးလွှာ

တော်ရန်တို တက္ကသိုလ်က သုတေသီတွေက သွေးကြောတွေပါဝင်ပြီးသား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲကို ထိုးသွင်းပြီး အသုံးပြုနိုင်မယ့် နှလုံးတစ်သျှူးအလွှာငယ်လေးတစ်ခုကိုတီထွင်ခဲ့ပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါတွေပြန်လည်ဖွံ့ဖြိုးလာအောင်အထောက်အကူပြုပေးနိုင်မယ့် ထိုးသွင်းနိုင်တဲ့ တစ်သျှူးအလွှာငယ်

Invasive open-heart surgery အန္တရာယ်ရှိတဲ့ နှလုံးဖွင့်ခွဲစိတ်မှု လုပ်တဲ့အခါ အသစ်ဖြစ်ပေါ်လာတဲ့ ဆဲတွေ (သို့) တစ်သျှူးကိုအသုံးပြုပြီး ရုတ်တရက်နှလုံးရပ်တာနဲ့အခြားရောဂါတွေကြောင့် ပျက်စီးသွားတဲ့နှလုံးတစ်သျှူးတွေကို ပြန်လည်ဖွံ့ဖြိုး လာအောင်လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။

Nature Materials ဂျာနယ်မှာ သြဂုတ်လ ၁၄ ရက်နေ့ကဖော်ပြခဲ့တဲ့ လေ့လာမှုသစ်တစ်ရပ်မှာ တော်ရန်တို တက္ကသိုလ်က biomedical engineering ဇီဝဆေးသိပ္ပံပြုပြင်ပြောင်းလဲခြင်း သုတေသီတွေတီထွင်ခဲ့တဲ့ 3D နည်းပညာကိုအသုံးပြုပြီးပြုလုပ်ထားတဲ့ လူ့တစ်သျှူးအလွှာတွေကိုအသုံးပြုထားတဲ့ နည်းပညာတစ်ရပ်က ခွဲစိတ်စရာမလိုဘဲ လူသားတွေရဲ့နှလုံး တစ်သျှူးတွေကိုပြန်လည်ဖွံ့ဖြိုး လာအောင်လုပ်ဆောင်ပေးနိုင်တယ်၊ လို့ဖော်ပြခဲ့ပါတယ်။

သုတေသနအဖွဲ့က နှလုံးကုသမှုပေးဖို့အတွက် လူနာရဲ့ရင်ဘတ်ကိုခွဲစိတ်တာမျိုးလုံးဝမလုပ်ဘဲ ဆဲလ် နဲ့တစ်သျှူးတွေကို ပြန်လည်ဖွံ့ဖြိုးလာစေမယ့် တစ်သျှူးအလွှာလေးကို ထိုးသွင်းနိုင်ဖို့အတွက် အပ် အသေးစားလေးတွေကိုပဲအသုံးပြုသွားမှာဖြစ်ပါတယ်။

“နှလုံးအစားထိုးကုသဖို့အတွက် ဆိုရင် ခွဲစိတ်မှုလုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်၊ ဒီကုသမှုကိုလူနာတွေ ကိုကုသရာမှာတွင်တွင်ကျယ်ကျယ်အသုံးမပြုနိုင်သေးပါဘူး။” လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တော်ရန်တို တက္ကသိုလ် Faculty of Applied Science & Engineering ဌာနရဲ့ ပါမောက္ခ Milica Radisic ကပြောကြားခဲ့ ပါတယ်။

သုတေသီတွေက နှလုံးတစ်သျှူးတွေနဲ့ အလားသဏ္ဍန်တူတဲ့ပုံစံတစ်ရပ်ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ တီထွင်ထားတဲ့သွေးကြောလေးတွေပါဝင်တဲ့ ထိုးသွင်းနိုင်တဲ့တစ်သျှူးလွှာကလေးက အပ်ရဲ့ထိပ်ဖျား ကနေထွက်သွားတဲ့အခါ ပတ်တီးလိပ်ကလေးဖြည်လိုက်သလို ပြန့်သွားပြီး လိုအပ်နေတဲ့ ပုံစံအတိုင်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။

ကြွက်တွေနဲ့ဝက်တွေမှာ စမ်းသပ်ကြည့်ပြီးပြီဖြစ်ပြီး သုတေသီတွေက တစ်သျှူးအလွှာလေးထဲမှာ နှလုံး ဆဲလ်အစစ်တွေကို ထည့်သွင်းလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တိရစ္ဆာန်တွေမှာ ထိုးသွင်းစမ်းသပ်တာတွေ ကိုလည်းလုပ်ဆောင်ပြီးပြီဖြစ်ပါတယ်။

လေ့လာမှုအတွင်း တစ်သျှူးလွှာကိုထိုးသွင်းမှုက ရုတ်တရက်နှလုံးရပ်သွားတဲ့ကြွက်တစ်ကောင်ရဲ့ နှလုံးလုပ်ငန်းစဉ်တွေကို တိုးတက်ကောင်းမွန်စေခဲ့တယ်လို့တွေ့ရှိခဲ့ရပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။