လူအများသိထားကြတဲ့ အဝလွန်တာ၊ သွေးတိုးရောဂါနဲ့ အထိုင်များတဲ့နေထိုင်မှုပုံစံတို့လို အန္တရာယ်အချက်တွေကြောင့်ချည်းပဲ ဆီးချို ဖြစ်နိုင်ခြေများစေတာမဟုတ်ပါဘူး။
လူအများသိထားကြတဲ့ အဝလွန်တာ၊ သွေးတိုးရောဂါနဲ့ အထိုင်များတဲ့နေထိုင်မှုပုံစံတို့လို အန္တရာယ်အချက်တွေကြောင့်ချည်းပဲ ဆီးချို ဖြစ်နိုင်ခြေများစေတာမဟုတ်ပါဘူး။

စိတ်ဖိစီးမှုဟာလည်း အမျိုးသမီး တွေရဲ့ ဆီးချိုသွေးချိုဖြစ်ပွားမှုမှာ အရေးပါတဲ့သက်ရောက်မှုရှိနေတာကို သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။
ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍကွန်ဖရင့်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။
ဒီသုတေသနအရ စိတ်ဒဏ်ရာဖြစ်စေတဲ့ကိစ္စတွေကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ အိမ် ဒါမှမဟုတ် အလုပ်ခွင်မှာ ကြာရှည်ခံစားရတဲ့ စိတ်ဖိစီးမှုကြောင့် အမျိုးသမီးတွေမှာ အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။
ဆီးချိုကာကွယ်ရာမှာ စိတ်ဖိစီးမှုအန္တရာယ်ကိုလည်း တခြားအချက်တွေလိုပဲ အလေးထား ဖြေရှင်းသင့်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် သုတေသီတွေက သတိပေးခဲ့ပါတယ်။
ပုံမှန်အားဖြင့်တော့ ကိုယ့်မှာ –
ဒါပေမယ့် ဒီတခါ သုတေသနအသစ်မှာတော့ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေးနဲ့ ဆီးချိုအန္တရာယ် တို့ ကြားက ဆက်နွှယ်မှုကို ဦးစားပေးလေ့လာခဲ့တာပါ။
အရင်သုတေသနတွေက အလုပ်ခွင် သို့မဟုတ် စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းလက္ခဏာတွေလို စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတစ်ခုချင်းကိုသာ လေ့လာခဲ့တာဖြစ်ပါတယ်။
ဒီလေ့လာမှုမှာတော့ အမျိုးသမီးတွေမှာ ကာလတာရှည် စိတ်ဖိစီးနေစေတဲ့အရာတွေအားလုံးရဲ့ ချိတ်ဆက်မှုကို နားလည်အောင် အဖြေရှာခဲ့တာဖြစ်ပါတယ်။
နှလုံးရောဂါမရှိတဲ့ ပျမ်းမျှအသက် ၇၂ နှစ်အရွယ် အမျိုးသမီး ၂၂၇၀၆ ဦးရဲ့အချက်အလက်တွေကို လေ့လာခဲ့ကြပြီး ခဏတာနဲ့ ကာလတာရှည် စိတ်ဖိစီးစေတဲ့အရာတွေကို စစ်တမ်းကောက်၊ သုံးနှစ်အချိန်ယူ စောင့်ကြည့်ခဲ့ပါတယ်။
စိတ်မကောင်းဖြစ်ရတဲ့ ဒါမှမဟုတ် စိတ်ဒဏ်ရာဖြစ်ရတဲ့ဘဝဖြစ်ရပ်တွေ က ခဏတာ စိတ်ဖိစီးမှု ဖြစ်စေပြီး အလုပ်၊ မိသားစု၊ အချစ်ရေး၊ ငွေကြေးကိစ္စ၊ ခွဲခြားဆက်ဆံခံရခြင်း စတာတွေနဲ့ ဆက်နွှယ်ရင်တော့ ကာလတာရှည်စိတ်ဖိစီးမှုထဲ ပါဝင်ပါတယ်။
လေ့လာမှုအရ ခဏတာရော၊ ကာလတာရှည် စိတ်ဖိစီးမှုအခြေအနေ အမြင့်ဆုံးအမျိုးသမီးတွေဟာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာနိုင်ခြေ နှစ်ဆနီးပါးပိုများနေတာတွေ့ရပါတယ်။
နောက်တစ်ဆင့်အနေနဲ့တော့ အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ်လျှော့ချနိုင်ဖို့ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကို ရည်ရွယ်ဦးတည်တဲ့ ဖြေရှင်းမှုဗျူဟာတွေကို ရှာဖွေအတည်ပြုနိုင်ဖို့ လုပ်ရမယ်လို့ သုတေသီတွေက ဆိုပါတယ်။