brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

ကိုယ်ဝန်ဆောင်ချိန် ငါးကြီးဆီမှာပါတဲ့ Omega -3 fatty acid (DHA)သောက်သုံးတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ သွေးတိုးရောဂါ ဖြစ်လာနိုင်တဲ့အန္တရာယ် လျော့နည်းတယ်လို့ သုတေသန အသစ်က ဖော်ပြခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

မိခင်လောင်းတွေရဲ့Omega -3 သောက်သုံးမှုက ကလေးတွေရဲ့ နောက်ပိုင်းသက်တမ်းအထိ ရေရှည် အကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်တယ် လို့ University of Kansas မှ အာဟာရဗေဒ ပါမောက္ခဖြစ်တဲ့ တွဲဖက်သုတေသီ ဆူဆန်ကာလ်ဆန်က ပြောပါတယ်။

ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

သုတေသနမှာ Kansas City ဧရိယာအတွင်း မွေးဖွားခဲ့တဲ့ကလေး ၁၇၁ ဦးကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ မိခင်လောင်းတွေ သောက်သုံးနေကျ ဗီတာမင် အားဆေးတွေ၊ ငါးကြီးဆီတို့မှာ ပါတတ်တဲ့ DHA (docosahexaenoic acid) တစ်နေ့ ၆၀၀ မီလီဂရမ်သောက်သုံးတာက တစ်ဖွဲ့၊ ဗလာဆေး တိုက်ကျွေးခဲ့တာ တစ်ဖွဲ့နဲ့ အုပ်စု နှစ်ခုခွဲပြီး စောင့်ကြည့်ခဲ့ပါတယ်။

အဖွဲ့နှစ်ဖွဲ့ရဲ့မွေးဖွားလာတဲ့ ကလေးတွေကို အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်း သွေးဖိအား စစ်ဆေးမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကိုယ်အလေးချိန်များ ဒါမှမဟုတ် အဝလွန်နေတဲ့ ကလေးတွေအနက် မိခင်က DHA ဖြည့်စွက်အားဆေး သောက်သုံးခဲ့သူတွေထက် ဗလာဆေး သောက်သုံးခဲ့သူတွေဟာ သွေးဖိအား မြင့်တက်နေတာတွေ့ရပါတယ်။

ပျမ်းမျှအားဖြင့် ဗလာဆေးသောက်ခဲ့တဲ့ မိခင်အုပ်စုရဲ့ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ အပေါ်သွေး 3.94 mm Hg ပိုများနေပြီး အောက်သွေး4.97 mm Hg ပိုများနေတာပဲ ဖြစ်ပါတယ်။

ဒီကွာခြားချက်က သိသာထင်ရှားတဲ့ ရလဒ် ဖြစ်နေတယ်လို့ သုတေသီအဖွဲ့က ဆိုပါတယ်။ DHA ရဲ့အာနိသင်ဟာ မွေးဖွားပြီး ကိုယ်အလေးချိန် များခြင်း ဖြစ်စဉ်မှာ ပုံမှန်သွေးဖိအားကို ထိန်းသိမ်းပေးမယ့် နှလုံးလုပ်ဆောင်ချက်ကို စီစဉ်ပေးတာ ပါဝင်နိုင်တယ်လို့ တွဲဖက်သုတေသီ ဂျွန်ကိုလမ်ဘိုက ပြောပါတယ်။

“ဒီသုတေသနဟာ မိခင်လောင်းတွေနဲ့ ကလေးဆရာဝန်တွေအနေနဲ့ကလေးမမွေးဖွားခင် ကျန်းမာရေးနဲ့အပြုအမူပိုင်းဆိုင်ရာဂရုစိုက်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ် “လို့ ကိုလမ်ဘိုကပြောပါတယ်။

ကိုယ်ဝန်ဆောင်အားဆေးတော်တော်များများမှာ DHA ပါဝင်ပေမယ့် အများစုက ၆၀၀ မီလီဂရမ်ထက်တော့မကျော်ပါဘူး။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဗီတာမင်အားဆေးတွေမှာ DHA က200-300 mgလောက်ပါဝင်ပါတယ်။ လမစေ့ဘဲမွေးဖွားနိုင်တဲ့ အန္တရာယ်ကိုလျော့နည်းစေတာအပါအဝင် DHA ရဲ့တခြားအကျိုးအာနိသင်တွေရှိနေတော့ ကိုယ်ဝန်ဆောင်ကာလမှာ တစ်နေ့တာDHA ပမာဏကို များများသောက်ဖို့လိုအပ်ပါတယ်လို့New York City၊Lenox Hill Hospital မှ သားဖွားမီးယပ်အထူးကုဒေါက်တာ ဂျနီဖာဝူ ကပြောပါတယ်။

DHA ဟာ ကလေးတွေရဲ့ အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ကောင်းတယ်ဆိုတာ သိထားပြီးဖြစ်လို့ အခုလိုသွေးတိုးကာကွယ်တယ်ဆိုတာ သိရတော့ သတင်းကောင်းတစ်ခုဖြစ်နေပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်တွေမှာမှဖြစ်လာတတ်တဲ့ ကျန်းမာရေးပြဿနာတွေအများကြီးရှိတာကြောင့် နှစ်ရှည်သုတေသနတွေ ဆက်လုပ်ဖို့လိုသေးတယ်လို့ သုတေသီတစ်ဦးကပြောပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။