brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သတိမေ့ရောဂါကုသသည့်ဆေးဝါးများက အပြုအမူနှင့်စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပါ သက်သာစေနိုင်ကြောင်း သိကောင်းစရာ

Dementia မှာ ဖြစ်တတ်တဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေဟာ အလွန်အတွေ့ရများပြီး ရောဂါပိုဆိုးလာတာနဲ့ အမျှ ဖြစ်လာကြခြင်းဖြစ်ပါတယ်။ အချို့လူတွေအတွက် Dementia မှာ ပေးတဲ့ဆေးတွေဟာ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို သက်သာစေတယ်လို့ သက်သေပြနိုင်မှုတွေကလဲ မြင့်တက်လာခဲ့ပါတယ်။

သတိမေ့ရောဂါကုသသည့်ဆေးဝါးများက အပြုအမူနှင့်စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပါ သက်သာစေနိုင်ကြောင်း သိကောင်းစရာ

Dementia ရှိတဲ့လူတွေဟာ ဂနာမငြိမ်ခြင်း၊ စိတ်တိုခြင်း၊ ဂယောင်ခြောက်ခြား ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်တတ်ကြပါတယ်။ ဆေးမသောက်ပဲ ကုသခြင်းဟာ အကျိုးမရှိဘူးဆိုရင် ဒီလက္ခဏာတွေကို ပျောက်ကင်းသက်သာစေတဲ့ ဆေးတွေ အများကြီးလည်း ရှိပါတယ်။ သူတု့ိကို ဘယ်အချိန်မှာနဲ့ ဘယ်လိုသောက်သင့်လဲဆိုတာရယ်၊ ဘေးထွက်ဆိုးကျိုးဘာရှိလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

Dementia ဆေးတွေကို အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ကုသဖို့ ဘယ်အချိန်မှာ အသုံးပြုသင့်ပါသလဲ။

Memantine ဟာ စိတ်ချရတဲ့ ကုသမှုတစ်မျိုးဖြစ်ပြီး နေ့စဉ်ဘဝနဲ့ မှတ်ဉာဏ်တို့အတွက် အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ကုသဖို့ ဘယ်လို အစွမ်းထက်လဲဆိုတာ အတည်ပြုဖို့ သုတေသနတွေ နောက်ထပ်လိုအပ်သေးသော်လည်း ဒီဆေးဟာ စိတ်ကျပျောက်ဆေးတွေ၊ အအန်ပျောက်ဆေးတွေထက် ပိုအစွမ်းထက်ပါတယ်။

အခြား dementia ဆေးတွေကတော့ cholinesterase inhibitors တွေဖြစ်တဲ့ donepezil, rivastigmine နဲ့ galantamine တို့ပဲဖြစ်ပါတယ်။

cholinesterase inhibitors တွေဖြစ်တဲ့ rivastigmine and donepezil တို့ဟာ ပြင်းထန်တဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ သက်သာစေပြီးတော့ စတင်ဖြစ်ပေါ်မှုကို နှေးကွေးစေပါတယ်။ သူတို့ဟာ Lewy Body dementia နဲ့ Parkinson’s disease နဲ့ ဆက်စပ်နေတဲ့ dementia တို့မှာ စိတ်တိုခြင်းနဲ့ စိတ်ရောဂါ လက္ခဏာတွေကို သက်သာစေဖို့အတွက် အစွမ်းထက်ပါတယ်။

Nice Guideline အရ Lewy body dementia မှာ cholinesterase inhibitor တွေကို သူတို့ရဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေက ဆိုးဝါးလွန်းမှသာ အသုံးပြုခိုင်းထားပါတယ်။ Alzhimer’s disease မှာတော့ သူတို့ကို အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ကို ကုသဖို့အတွက် အသုံးပြုပါတယ်။

သွေးကြောဆိုင်ရာ ရောဂါနဲကြောင့် (သို့) ၎င်းနဲ့ Alzheimer’s တို့ကြောင့် Dementia ရှိတဲ့ လူတွေမှာ cholinesterase inhibitors ကို အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေအတွက် အသုံးမပြုသင့်ပါဘူး။

Dementia ကို ကုသဖို့ အခြားဆေးများ

ဘာဆေးမှမပေးခင် အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိတဲ့ Dementia ရောဂါဝေဒနာရှင်တွေကို စစ်ဆေးမှု အရင်ပြုလုပ်သင့်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်စေဖို့ ဘာအခံရှိနေလဲဆိုတာ အရင်ကြိုးစားဖေါ်ထုတ်သင့်ပါတယ်။

• စိတ်ရောဂါ ဆေးဝါးများ (စိတ်တိုခြင်းနဲ့ စိတ်ရောဂါ လက္ခဏာတွေကို ကုသရန် ပေးသော)

• စိတ်ကျမှု သက်သာစေသော ဆေးဝါးများနဲ့ အအန်ပျောက်ဆေးများ

• အိပ်ဆေး (အိပ်ရေးပျက်ခြင်း သက်သာစေဖို့)

Dementia ရှိတဲ့ လူတစ်ယောက်ဟာ ကိုယ်ခန္ဓါအရ ကျန်းမာပြီး သက်တောင့်သက်သာရှိဖို့နဲ့ ဂရုစိုက်ခံရဖို့ အရေးကြီးပါတယ်။ ဒီလူကို သူ့ရဲ့ သွက်လက်တဲ့ တစ်ခု ရရှိပြီး စိတ်ဝင်စားစရာ နေ့စဉ်အလုပ်တွေကို လုပ်နိုင်အောင် ကူညီသင့်ပါတယ်။ ဒီလိုနည်းအားဖြင့် ဆေးတွေအသုံးပြုမှုကို ရှောင်ကျဉ်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။