သိထားဖို့လိုမယ့် ကျန်းမာရေး အာမခံ အကြောင်း
အာမခံ ဆိုတဲ့ စကားရပ်က မြန်မာ လူမျိုးတွေနဲ့ အရင်က သိပ်မရင်းနှီးခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အာမခံ လုပ်ငန်းတွေ များပြားလာတာနဲ့အတူ အာမခံဆိုတဲ့ စကားရပ်ကို တဖြည်းဖြည်းတော့ ရင်းနှီးလာကြပါပြီ။ ဒီလို ရင်းနှီးလာပေမယ့်လည်း အာမခံ အမျိုးအစား တစ်မျိုးချင်းစီကို သေသေချာချာ ရင်းနှီးသူကတော့ နည်းနေဆဲပါ။ ဒီတစ်ခေါက်တော့ လူတိုင်းအတွက် အရေးကြီးတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေး အာမခံ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ကျန်းမာရေး အာမခံဆိုတာ ကျန်းမာရေးအာမခံဆိုတာက ဆေးကုသမှု ကုန်ကျစရိတ်တွေ၊ ခွဲစိတ်ကုသမှုတွေအတွက် ပေးချေရမယ့် ကုန်ကျစရိတ်တွေကို ကာမိစေဖို့ လုပ်ဆောင်ထားတဲ့ အာမခံ တစ်မျိုးပါ။ အာမခံ ထားထားတာကြောင့် ကျန်းမာရေး ပြဿနာ တစ်ခုခု ကြုံလာတဲ့အခါ အာမခံထားထားတဲ့ ကုမ္ပဏီ ဘက်က အပြည့်အဝကို ဖြစ်စေ ကုန်ကျစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ပေးချေပေးမှာ […]




















