backup og meta

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့

မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် အတူတူရှိနေတဲ့ပါတီတွေ ဧည့်ခံပွဲတွေမှာ ဆေးလိပ် ဒါမှမဟုတ် အရက်ကို သောက်ဖို့ သူတို့က သင့်ကို တိုက်တွန်းတောင်းဆိုနိုင်ပါတယ်။ သင့်အနေနဲ့ ငြင်းဆန်နေရင်တောင် သင်မသောက်မချင်း ထပ်မံပြီး တွန်းအားပေးတိုက်တွန်းတာမျိုးတွေလည်း မကြာခဏကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ လူမှုဆက်ဆံရေးလည်း မပျက်ပြားစေဘဲ ဘယ်လို ကျော်လွှားသင့်သလဲ ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့

ရိုးရိုးသားသားနဲ့ ထိရောက်အောင်ဖြေပါ။

သင်ပါတီပွဲကိုရောက်လို့ မသောက်တာမြင်ရင် ဘာလို့မသောက်တာလဲဆိုတာ သူငယ်ချင်းတွေကမေးနိုင်ပါတယ်။ ဒါကို ဖြေရင် ရိုးရိုးလေပဲဖြေလိုက်ပါ။ “ငါဒီနေ့တော့မသောက်တော့ဘူး” “ငါမသောက်ဖို့ ကြိုးစားနေတာ” ဒီလိုဖြေပြီးတာနဲ့ သူတို့ကို တခြားမေးခွန်းပြန်မေးတာသော်လည်းကောင်း သင်ပြောချင်တာသော်လည်းကောင်း ဆက်ပြောပြီး စကားလမ်းကြောင်းလွဲနိုင်ပါတယ်။ သူတို့က ဆက်ပြောနေလည်း ခိုင်ခိုင်မာမာ ငြင်းပါ။ ကြာလာတာနဲ့အမျှ ပြောရသူတွေ မောသွားပါလိမ့်မယ်။

ဆေးလိပ်သောက်ဖို့ တိုက်တွန်းနေရင်လည်း ဒီအတိုင်းပဲ ငြင်းဆန်နိုင်ပါတယ်။

ဆေးလိပ်နဲ့အရက်ကြိုက်သူတွေကို ဘယ်တော့မှ အချေအတင်မပြောပါနဲ့။

ဆေးလိပ်ဒါမှမဟုတ် အရက်သောက်တာက မှားနေတယ်လို့ သူတို့ကိုပြောရင် မကြိုက်ကြပါဘူး။ အရင်းနီးဆုံးသူငယ်ချင်း ဒါမှမဟုတ် မိသားစုကလွဲလို့ ကျန်တဲ့သူတွေကို တရားချဖို့ ကြိုးစားတာက ကောင်းတဲ့အကြံမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ ပါတီပွဲမဆင်နွှဲခင်မှာကို သူတို့တွေက စိတ်ဆိုးကုန်ကြမှာမို့လို့ပါပဲ။ ပိုကြိုက်တဲ့လူက ပိုပြီး စိတ်ဆိုးတတ်ပါတယ်။

စိတ်တူသဘောတူအပေါင်းအသင်းရွေးပေါင်းပါ

လူမှုပေါင်းသင်းဆက်ဆံရေးအတွက် စိတ်တူကိုယ်တူဖြစ်မယ့်လူကိုရွေးချယ်ပါ။ ပါတီနဲ့ ဧည့်ခံပွဲတွေမှာ အရက်နဲ့ ဆေးလိပ် သောက်တဲ့လူတွေများတာမှန်ပေမယ့် သင့်လိုမျိုး မသောက်တွေလူတွေလည်း ရှိပါသေးတယ်။ ဒီလိုလူတွေတွေ့ရင် မိတ်ဆွေဖွဲ့နိုင်ပါတယ်။ လူတော်တော်များများက သင်အရက်နဲ့ ဆေးလိပ်သောက်သလား မသောက်သလားဆိုတာ သတိထားမိမှာတောင်မဟုတ်ပါဘူး။

ပါတီအတွက် သောက်ဖို့ တစ်ခုခုလက်ထဲအမြဲရှိပါစေ

ဒီအကြံက တမျိုးကြီးဖြစ်နေနိုင်ပေမယ့် လက်ထဲမှာ အရက်လိုမျိုးသောက်စရာတစ်ခုခုရှိထားရင် သင့်ကို အရက်သောက်ဖို့ ဘယ်သူမှ ထပ်မတိုက်တွန်းနိုင်တော့ပါဘူး။

ကိုယ်နဲ့ကိုက်မယ့်ဆိုင် (နေရာ) ကို ရွေးချယ်တတ်ပါစေ

အရက်ဘားတွေ ကလပ်တွေထက်စာရင် အထာကျတဲ့ ကော်ဖီဆိုင်သွားဖို့ အကြံပေးပါ။ သီချင်းငြိမ့်ငြိမ်းလေးဖွင့်တတ်တဲ့ ကော်ဖီဆိုင်ထိုင်ပြီး စကားစမြည်ပြောရတာက ဘားတွေ ကလပ်တွေသွားသလိုပဲ ကျေနပ်ဖို့ ကောင်းပါတယ်။

ဆေးလိပ်သောက်ခွင့်မပြုတဲ့ ဆိုင်တွေသွားခြင်းဖြင့်လည်း ဆေးလိပ်ကို ရှောင်ရှားနိုင်ပါတယ်။

အရက်နဲ့ဆေးလိပ်ကြောင့်တော့ ကိုယ့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို အပျက်မခံသင့်ပါဘူး။ ကိုယ်သောက်မသောက်ဆိုတာလည်း ဘယ်သူမှ ကြည့်နေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပျော်ရွှင်ဖွယ်အချိန်ကို သင်ကိုယ်တိုင်ခွင့်မပြုဘဲ ဘယ်သူကမှ မနှောက်ယှက်နိုင်ပါဘူး။ ဟုတ်ပါတယ်။ ဆေးလိပ်တွေ အရက်တွေမပါဘဲနဲ့လည်း ပျော်စရာကောင်းတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုကို သင်ရနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 ways to go out and have fun without drinking alcohol! http://www.goodbyedrinking.com/8-ways-go-out-have-fun-without-drinking-alcohol/. Accessed March 19, 2017.
How to Socialize Without Alcohol: 7 Tips. http://ivyleagueinsecurities.com/2014/10/how-to-socialize-without-alcohol-7-tips/. Accessed March 19, 2017.
How to Socialize When you Don’t Drink. http://www.futurescopes.com/finding-date/9376/how-socialize-when-you-dont-drink. Accessed March 19, 2017.
How can you resist cigarettes when you are with smokers? http://www.stop-tobacco.ch/en/how-can-you-resist-cigarettes-when-you-are-with-smokers. Accessed March 19, 2017.

ယခုပုံစံ

12/05/2020

Written by Dr. Phio Thiha

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းရောင်ရောဂါရှိပါက အရက်ကိုရှောင်သင့်ပါသလား

အရက်မသောက်သူ၏ အသည်းအဆီဖုံးရောဂါဆိုတာ ဘာလဲ


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ