brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိုင်းလိုင်နာ (eye liner) ကြောင့်ဘာတွေထိခိုက်နိုင်သလဲ

အိုင်းလိုင်နာ (eye liner) သုံးတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကဘာတွေဖြစ်မလဲ

အိုင်းလိုင်နာ (eye liner) ကြောင့်ဘာတွေထိခိုက်နိုင်သလဲ

ဒါပေမယ့် အိုင်းလိုင်နာကို မျက်လုံးနဲ့တအားကပ်ပြီးဆွဲမယ်ဆိုရင်တော့ရေရှည်မှာ မျက်စိကိုထိခိုက်မှုတွေဖြစ်လာစေနိုင်တာကို သိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။ အိုင်းလိုင်နာခဲတံကို မျက်ခမ်းအတွင်းသားမျာ ဆိုးတာက အိုင်းလိုင်နာအမှုန်တွေကို မျက်စိထဲဝင်စေပြီးမြင်အာရုံဆိုင်ရာပြဿနာတွေကိုဖြစ်စေနိုင်တယ်၊လို့လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။

အိုင်းလိုင်နာတွေမှာ များသောအားဖြင့် ဖယောင်း။ အဆီ၊ဆီလီကွန်ဒြပ်ပေါင်းတွေနဲ့ သဘာဝသစ်စေးလိုအရာတွေပါဝင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းတွေကို မျက်ခမ်းမှာ အိုင်းလိုင်နာကိုကြာရှည်ခံစေဖို့အသုံးပြုထားတာဖြစ်ပါတယ်။

မျက်လုံးကို ခိုးလိုးခုလုဖြစ်စေခြင်း

မျက်ခမ်း အတွင်းပိုင်းကိုရော အပြင်ဘက်ကိုပါ အိုင်းလိုင်နာဆိုးစေပြီး ၁၅ မိနစ်ကြာထားပြီးတဲ့နောက်မှာတော့ အိုင်းလိုင်နာမှာပါတဲ့ အမှုန်တွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်မျက်စိထဲဝင်သွားတာကိုတွေ့ရှိခဲ့ရပါတယ်။ အိုင်းလိုင်နာကို မျက်ခမ်းအတွင်းပိုင်းမှာ အသုံးပြုတာက မျက်ခမ်းအပြင်ဘက်မှာဆိုးတာထက် မျက်လုံးထဲမှာ အလွှာပါးလေးတစ်ခုကွယ်နေသလိုဖြစ်ပေါ်စေတယ်ဆိုပါတယ်။

အိုင်းလိုင်နာမှာပါတဲ့ အမှုန်တွေက မျက်စိခြောက်သွေ့တတ်တဲ့သူတွေနဲ့ မျက်လုံးက အချို့ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်တာနဲ့ မျက်ကပ်မှန်တပ်သူတွေအနေနဲ့ မျက်ခမ်းအတွင်းပိုင်းမှာ အိုင်းလိုင်နာဆိုးတာက မျက်လုံးအတွင်းမှာခိုးလိုးခုလုဖြစ်စေနိုင်ပါတယ်။ မျက်လုံးတွေကျိန်းစပ်တာနီရဲတာတွေကိုလည်းဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ မျက်ခမ်းအတွင်းပိုင်းမှာ အိုင်းလိုင်နာဆိုးတာက မျက်စိရောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သက်တမ်းကြာနေတဲ့ အိုင်းလိုင်နာတွေမှာ ဘက်တီးရီးယားတွေရှိနေနိုင်ခြင်း

သက်တမ်းကြာနေတဲ့ အိုင်းလိုင်နာတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားနေနိုင်ပါတယ်။ အိုင်းလိုင်နာ ခဲတံကို ဆိုးခါနီးတိုင်း ချွန်ပြီးထိပ်ပိုင်းလေးကိုအနည်းငယ်ချိုးပေးတာက မျက်လုံးထဲကို ပိုးကူးစက်ဝင်ရောက်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးထဲကို ပိုးတွေမဝင်ရောက်စေဖို့ အိပ်ခါနီးတိုင်းအိုင်းလိုင်းနာတွေနဲ့ မျက်လုံးနားတဝိုက်မှာလိမ်းထားတဲ့ မိတ်ကပ်တွေကိုဖျက်ပစ်ပါ။

အိုင်းလိုင်နာ ဆိုးနည်းမမှန်တာကလည်း မျက်လုံးကိုထိခိုက်စေနိုင်ပါတယ်။

အိုင်းလိုင်နာကို သန့်ရှင်းအောင်ထားပါ။

အိုင်းလိုင်နာနဲ့ မျက်လုံးအနီးတဝိုက်မှာ အသုံးပြုတဲ့ အလှကုန်တွေက ဝယ်ဝယ်ချင်းမှာဘေးကင်းပေမယ့်သေသေချာချာမထိန်းသိမ်းရင် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေပေါက်ဖွားလာနိုင်ပါတယ်။ ထိုအလှကုန်တွေကို မျက်စိအနားတဝိုက်မှာအသုံးပြုမိမယ်ဆိုရင် မျက်စိထဲကို ပိုးဝင်ကူးစက်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ အိုင်းလိုင်နာကနေ ပိုးကူးစက်တာကြောင့် အမျိုးသမီးတွေမှာ အမြင်အာရုံခေတ္တ ဆုံးရှုံးသွားတာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

မျက်ခွံတွေက နုနယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်သလို ဓာတ်မတည့်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့မျက်လုံးအနီးတဝိုက်မှာ အခြားထိခိုက်မှုဗတွဖြစ်စေနိုင်တာကြောင့် အိုင်းလိုင်နာအပါအဝင် မျက်လုံးခြယ်သဖို့အတွက်အသုံးပြုတဲ့ အလှကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေကို အရင်ဆုံးသေချာကြည့်ရှု့သင့်ပါတယ်။

အိုင်းလိုင်နာနဲ့ မျက်လုံးခြယ်သတဲ့ အလှကုန်တွေအသုံးပြုတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးပါ။

  • မျက်လုံးခြယ်သရာမှာအသုံးပြုတဲ့ အလှကုန်တွေ စပ်ဖျဉ်းဖျဉ်းဖြစ်တယ်လို့ခံစားရရင် ဆက်မသုံးပါနဲ့။ မသက်သာဘဲအချိန်ကြာမြင့်စွာခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။
  • မျက်စိမှာကူးစက်ရောဂါ ခံစားနေရရင်ဖြစ်ဖြစ် မျက်လုံးတဝိုက်မှာ ကျိန်းစပ်တာမျိုးတွေဖြစ်နေမယ်ဆိုရင် မျက်စိခြယ်သတဲ့အလှကုန်တွေကို မသုံးပါနဲ့။ အနာပျောက်ကင်းတဲ့အထိ မသုံးဘဲနေပေးပါ။
  • လက်မှာရောဂါပိုးတွေရှိနေနိုင်တာကြောင့် မျက်လုံးကို လက်နဲ့ထိမိရင် ပိုးတွေမျက်စိထဲဝင်ရောက်နိုင်တာကြောင့် မျက်လု့းကိုခြယ်သတဲ့ အလှကုန်တွေအသုံးမပြုခင်မှာ လက်သေချာဆေးပါ။
  • မျက်လုံးတဝိုက်မှာအသုံးပြုမယ့် အလှပြင်ပစ္စည်းတွေကို သန့်ရှင်းအောင်ထားပေးပါ။
  • အလှကုန်တွေကို အခြားသူတွေနဲ့မျှမသုံးပါနဲ့။ အခြားသူတွေဆီကနေရောဂါတွေကူးစက်ခံရနိုင်ပါတယ်။
  • အလှပြင်ပစ္စည်းတွေရော အလှကုန်တွေမှာပါ ဖုန်တွေကပ်နေတာမျိုးမဖြစ်အောင်သတိပြုပါ။
  • သက်တမ်းကြာနေပြီဖြစ်တဲ့ အိုင်းလိုင်နာတွေကို အသုံးမပြုပါနဲ့။ မျက်တောင့်ကော့ဆေးတွေကို ဝယ်ပြီး ၂ လကနေ ၄လအတွင်းပဲအသုံးပြုပါ။
  • ခြောက်သွားတဲ့ မျက်တောင့်ကော့ဆေးတွေကိုလွှင့်ပစ်လိုက်ပါ၊တံတွေးစွတ်ပြီးသုံးမျိုးတွေရေစွတ်ပြီးသုံးတာမျိုးတွေ မလုပ်ပါနဲ့။ရေစွတ်တာကပိုးတွေကိုပေါက်ပွားစေနိုင်ပါတယ်။
  • အလှကုန်တွေကို အပူချိန် ၈၅ ဒီဂရီ ဖာရင်ဟိုက်အထက်မှာ မသိမ်းပါနဲ့။ အလှကုန်တွေကို အပူချိန်ပြင်းနေတဲ့ကားတွေထဲမှာ အချိန်ကြာမြင့်စွာထားတာမျိုးမလုပ်ပါနဲ့။
  • မျက်လုံးအလှခြယ်ပစ္စည်းတွေကို ခြယ်သတဲ့အခါမှာပဲဖြစ်ဖြစ် ဖျက်တဲ့အခါမှာပဲဖြစ်ဖြစ် မျက်လုံးအတွင်းသားနဲ့ မျက်လုံးရဲ့အခြားနေရာတွေကို ထိခိုက်မိနိုင်တာကြောင့် ကားတွေနဲ့ရွေ့လျားနေတဲ့အရာတွေပေါ်မှာမလုပ်ပါနဲ့။
  • မျက်လုံးအတွက်အသုံးပြုဖို့ထုတ်ထားတာမဟုတ်တဲ့ အလှကုန်တွေကို မျက်လုံးအနီးတဝိုက်မှာအသုံးမပြုပါနဲ့။ lipliner ကို အိုင်းလိုင်နာ အဖြစ်အသုံးမပြုပါနဲ့။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/06/2022 ဖြစ်ပါသည်။