brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်သောက်တဲ့အခါမှာ အသက်အရွယ်ကလည်း စကားပြောတယ်

Happy weekend…. ပါ။ ဘာကိုအရင်ဆုံးစဉ်းစားမိလဲ၊ မနက်ဖြန်ရုံးပိတ်တယ်၊ Super Friday Nightလေးလုပ်မယ်လို့ပေါ့။သောက်မယ်စားမယ်။ လူစုကြပြီလေ။ လူစုံတဲ့အခါသောက်ဖို့စဉ်းစားမိတယ်၊သောက်ရတာကိုလည်း ကြိုက်ပါတယ်ဆိုတဲ့ ကိုကိုတွေနဲ့လေဒီလေးတွေကို ဒီဆောင်းပါးလေးကနေ သတင်းစကားပါးချင်တာက အရက်သောက်တဲ့အခါ အသက်အရွယ်က စကားပြောတယ်ဆိုတာပါ။ ဘယ်လိုစကားပြောတာလဲ၊ ငယ်ရင် ပိုသောက်နိုင်တယ်၊ အသက်ရလာရင် မသောက်နိုင်ဘူးဆိုတဲ့ ကိစ္စလို့များတွေးနေလား။ မဟုတ်ပါဘူးနော်။ ဘာများဖြစ်မလဲ သိချင်ရင်ဆက်ပြီး ကြည့်လိုက်ပါနော်။

အရက်သောက်တဲ့အခါမှာ အသက်အရွယ်ကလည်း စကားပြောတယ်

အရက်ေသာက်ရာမှာ အသက်အရွယ်ကစကားပြောတယ်

မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုအရ အရက်သောက်သုံးတဲ့အခါ အသက်အရွယ်ကွာခြားသလို ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုချင်းလည်းကွာခြားပါတယ်။ အသက် ၅၀ကျော်တွေမှာ အရက်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေက အခြားအသက်အရွယ်အပိုင်းအခြားတွေထက် ပိုနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
အရက်ကကျန်းမာရေးကိုထိခိုက်စေတာ အမှန်ပါပဲ။ အရက်အလွန်အကျွံသောက်သုံးတာကြောင့် ကင်ဆာ၊ အသည်းရောဂါ၊ နှလုံးရောဂါတွေခံစားရနိုင်သလို ဦးနှောက်အပါအဝင် အာရုံကြောစနစ်တွေကိုပါထိခိုက်စေပြီး ပြင်းထန်တဲ့ကျန်းမာရေး အကျိုးဆက်တွေကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအကျိုးဆက်တွေက အသက် ၅၀ကျော်တဲ့အသက်အရွယ်တွေမှာတော့ဖြစ်နိုင်ခြေတော်တော်လေးနည်းသွားပြီဆိုပါတယ်။
အယ်လ်ကိုဟောနဲ့ပတ်သက်ပြီး အများကလက်ခံထားတဲ့နောက်ထပ်အယူအဆတစ်ခုရှိပါသေးတယ်၊ ဒါကတော့ အလွန်အကျွံမဟုတ်ဘဲ အနည်းအကျဉ်းလောက်သောက်ရင် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါ။လေ့လာဆန်းစစ်မှုတွေအရတော့ ဒီအယူအဆကမှန်တယ်လို့ဆိုရပါမယ်။ အယ်လ်ကိုဟောကို ဆေးဖြစ်ဝါးဖြစ်လောက်သောက်တာက ကျန်းမာရေးကိုထိခိုက်စေတာမျိုးမရှိဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတောင်ရရှိစေနိုင်ပါတယ်။
ဒီအဆိုကိုသေချာချင်လို့ ထပ်မံလုပ်ဆောင်ခဲ့တဲ့လေ့လာမှုမှာတော့လေ့လာသူတွေက အရက်သောက်သုံးတဲ့အခါ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုက အသက်အရွယ်ကိုလိုက်ပြီးကွာခြားမှုရှိတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။လေ့လာမှုလုပ်ဖို့ အသက် ၅၀ကျော်အရွယ် အယ်လ်ကိုဟောနှစ်သက်သူတွေကို စုစည်းခဲ့ပါတယ်။နောက်ထပ်တွေ့ရှိခဲ့တာတစ်ခုက အသက် ၅၀ကျော်နေပြီ အရက်လည်းကြိုက်တယ်၊သောက်လည်းသောက်တယ်၊ ဒါပေမယ့် ဘာကျန်းမာရေးပြဿနာမှ သိပ်မရှိဘူးဆိုတဲ့သူတွေက အရက်သောက်တာနဲ့ ပတ်သက်ပြီး နည်းကောင်းလမ်းမှန်လေးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်နော်။

အရက်သောက်တာကြောင့်သေဆုံးသူတွေထဲက ၄၀ ရာခိုင်နှုန်းနီးပါးက အသက် ၅၀ မတိုင်ခင်အရွယ်တွေပါ။ အရက်က အသက်သေဆုံးတာနဲ့ အရွယ်မတိုင်ခင်သေဆုံးတာတွေကိုလည်းဖြစ်စေနိုင်ပါသေးတယ်နော်။ ဒါပေမယ့် အသက်အရွယ်ရလာတဲ့သူ (အထူးသဖြင့် အသက် ၅၀ကျော်)တွေမှာတော့ အရက်သောက်သုံးတာကြောင့် အသက်သေဆုံးနိုင်ခြေက အခြားအသက်အရွယ်အပိုင်းအခြားတွေနဲ့နှိုင်းစာရင်တော်တော်လေးနည်းပြီး ရာခိုင်နှုန်းအနေနဲ့ပြောရမယ်ဆိုရင် ၄.၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အသက် ၂၀ ကနေ ၄၉ နှစ်အတွင်းအရက်သောက်သုံးမှုကြောင့်သေဆုံးသူအရေအတွက်ဟာ ၃၅.၈ ရာခိုင်နှုန်းလောက်အထိကိုရှိတယ်။ လို့လေ့လာမှုစစ်တမ်းအရသိရပါတယ်။

အသက်ငယ်တဲ့သူတွေမှာတော့ အရက်မသောက်လို့သေတာထက် အရက်သောက်လို့သေတဲ့သူအရေအတွက်ကပိုများတာဆိုပေမယ့် အသက်အရွယ်ရလာတဲ့သူတွေမှာတော့ အယ်လ်ကိုဟောကိုဆေးဖြစ်ဝါးဖြစ်လောက်သောက်ပေးတာက ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်၊လု့ိလေ့လာသုံးသပ်သူတွေကပြောကြားထားကြပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ အရက်အလွန်အကျွံသောက်တာက အသက်အရွယ်တိုင်းအတွက် မကောင်းပေမယ့်ဆေးဖြစ်ဝါးဖြစ်လောက်သောက်တာကတော့ အသက် ၅၀ကျော်အရွယ်တွေမှာ ကျန်းမာရေးအထောက်အကူပြုပေးပါသတဲ့နော်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။