brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပလတ်စတစ်ဟာ ဘာ‌ကြောင့် အန္တရာယ်ရှိတာလဲ

ပလတ်စတစ်တွေရဲ့ သက်တမ်းဟာ အလွန်ကြာရှည်ပါတယ်။ ။ လူသားတွေသုံးစွဲနေကြတဲ့ ပလတ်စတစ်တွေ ပျက်စီးဖို့ နှစ်ပေါင်းများစွာကြာပါတယ်။ (၃၃) ရာခိုင်နှုန်းသော ပလတ်စတစ်အသုံးအဆောင်တွေ (ဥပမာ-ရေသန့်ဘူး၊ ပလတ်စတစ်အိတ်နဲ့ ပိုက် စတဲ့ အရာတွေ)ကို တစ်ခါသုံးပြီးတာနဲ့ လွှင့်ပစ်လိုက်ကြပါတယ်။ ပလတ်စတစ်ဟာ သဘာဝအတိုင်း ပျက်စီးဖို့ရန် အလွန့်အလွန်ကြာပါတယ်။ ပြိုကွဲပျက်စီးခဲ့သည့်တိုင် ပလတ်စတစ်ဒြပ်ပေါင်း အပိုင်းအစလေးတွေအဖြစ် ကျန်ရှိနေဦးမှာပါ။

ပလတ်စတစ်ဟာ ဘာ‌ကြောင့် အန္တရာယ်ရှိတာလဲ

လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ပလတ်စတစ်အသုံးအဆောင်တွေက နေထွက်လာတဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေကိုလူတွေရဲ့ သွေးကြောနဲ့ တစ်ရှူးတွေမှာ စမ်းသပ်တွေ့ရှိနိုင်ပါတယ်။ ပလတ်စတစ်ရေသန့်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ပူလောင်နေတဲ့ စားစရာတွေကို သယ်ဆောင်တဲ့ အခါမှာ ပလတ်စတစ်က စိမ့်ထွက်လာတဲ့ဓာတုပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပါတယ်။ ဒီလိုအဆိပ်အတောက်တွေကြောင့် ကင်ဆာရောဂါ၊ မွေးရာပါချို့တဲ့မှုတွေ၊ ကိုယ်လက်အင်္ဂါမစုံမှုတွေ၊ ကိုယ်ခံအားကျဆင်းမှုတွေ၊ ဟော်မုန်းဆိုင်ရာပျက်စီးမှုတွေနဲ့ အစာလမ်းကြောင်းတလျှောက် ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။

ရေအောက်ရေအရင်းအမြစ်ကိုပျက်စီးစေပါတယ်။ မြောင်းတွေကတစ်ဆင့် လွှင့်ပစ်ခဲ့ကြတဲ့ ပလတ်စတစ်အမှိုက်တွေဟာ မြစ်ချောင်းကန်နဲ့ပင်လယ်ထဲထိ စီးဆင်းသွားကြပြီး ရေအရင်းအမြစ်ကို ထိခိုက် စေပါတယ်။

ပလတ်စတစ်ဟာ တခြားညစ်ညမ်းပစ္စည်းတွေကိုလည်း ဆွဲဆောင်ပါတယ်။ ပလတ်စတစ်မှာ ပါဝင်တဲ့ ဒြပ်မှုန်တွေဟာ ရေကိုတွန်းကန်လိုက်ပြီး တခြားတခြားသော ဆီများနဲ့ ဖုံးလွှမ်းနေတဲ့ အဆိပ် တွေကို ဆွဲငင်နိုင်ပါတယ်။ ပလတ်စတစ်အချင်းချင်းလည်း စုပုံပေါင်းစည်းနိုင်ပါတယ်။ သမုဒ္ဒရာတွေမှာ ပလတ်စတစ်တွေစုပုံနေရတဲ့အကြောင်းရင်းပါပဲ။

တောရိုင်းတိရစ္ဆာန်တွေကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။ တောရိုင်းသတ္တဝါတွေဟာ ပလတ်စတစ်ကို အစာနဲ့မှားပြီး စားတတ်ကြသလို သူတို့ရဲ့သားသမီးတွေကိုလည်း မှားယွင်းစွာ ကျွေးတတ်ကြတာကြောင့် သေဆုံးပျက်စီးကြရပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းစေပါတယ်။ အမေရိကန်နိုင်ငံမှာ တစ်နှစ်အတွင်း ပလတ်စတစ် တန်(၃၀)ကျော် စွန့်ပစ်ရလေ့ရှိပါတယ်။ သန်း (၃၀)ထဲကမှ (၈)သန်းလောက်ကိုသာ ပြန်လည်သုံးစွဲ နိုင်ပါတယ်။ ကျန် (၂၂)သန်းကျော်ကတော့ ပင်လယ်၊ သမုဒ္ဒရာတွေထဲမှ စုံပုံသွားပါတယ်။

ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း၊ အပန်းဖြေနိုင်တဲ့လှပတဲ့နေရာ တွေ၊ စီးပွားရေး၊ လူ့ကျန်းမာရေး၊ တောရိုင်းသတ္တဝါတွေ၊ ငှက်တွေနဲ့ ပင်လယ်သတ္တဝါတွေကို အမျိုးမျိုး ထိခိုက်စေပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေးစနစ်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ခြင်း အားဖြင့်သော်လည်းကောင်း ပျက်စီးစေနိုင်ပါတယ်။

ပလတ်စတစ်သုံးစွဲမှုကို ဘယ်လိုလျော့ချနိုင်မလဲ

စတိုးဆိုင်တွေ Supermarket တွေ သွားတော့မယ်ဆို ပြင်ဆင်ပါ။ ဘယ်လိုပြင်ဆင်ရမလဲ

ပြန်အသုံးပြုနိုင်တဲ့ အိတ်တွေယူသွားပါ။ စတိုးဆိုင်မှ မဟုတ်ပါဘူး။ အစားအသောက်ဆိုင်တွေ သွားရင် ဘယ်ဆိုင်ဖြစ်ဖြစ် (ဥပမာ – မုန့်ဟင်းခါးဆိုင် ၊ မုန့်တီဆိုင်) စတဲ့ဆိုင်တွေသွားရင် ဟင်းချိုထည့်ဖို့ရန် ချိုင့်ဖြစ်စေ၊ ခွက်ဖြစ်စေ ယူသွားပါ။ ပလတ်စတစ်အိတ်ကို တတ်နိုင်သမျှငြင်းပါ။ ပလတ်စတစ်ခွက်တွေ ပန်းကန်တွေကို တတ်နိုင်သမျှရှောင်ပြီး ဖန်ခွက်တွေနဲ့အစားထိုးပါ။ ပေါင်မုန့်ဝယ်မယ်ဆိုင်ရင်လည်း ပလတ်စတစ်အစား စက္ကူအိတ်ကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။

သင့်ရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပါ။

အပြင်သွားရင်းနဲ့ ရေသန့်ဘူးဝယ်သောက်နေမယ့်အစား ရေဘူးထည့်သွားပါ။ စတီးနဲ့ လုပ်ထားတဲ့ သင့်ရဲ့ကိုယ်ပိုင်ရေဘူးကို ဆိုလိုတာပါ။ ဒါဆိုရင်တော့ သင့်အလုပ်ထဲကဖြစ်စေ၊ ကျောင်းထဲ ကဖြစ်စေ ရှိတဲ့ရေစင်တွေ၊ water cooler တွေကနေ အလွယ်တကူဖြည့်နိုင်မှာပါ။ ကော်ဖီဆိုင်တွေကို သွားရင်လည်း ကိုယ်ပိုင်ခွက်ယူသွားပါ။ ပလတ်စတစ်ပိုက်အသုံးပြုခြင်းကို တတ်နိုင်သမျှရှောင်ပါ။ မုန့်စားရင်လည်း မိမိကိုယ်ပိုင် ပန်းကန်၊ ထမင်းဘူးစတဲ့အရာ တွေနဲ့သာထည့်စားပါ။ အလှအပနဲ့တစ်ကိုယ်ရေအသုံးအဆောင်တွေမှာလည်း ပလတ်စတစ်ကင်းစင်ပစ္စည်းတွေသုံးပါ။ ပလတ်စတစ်ဘူးတွေနဲ့ ထည့်ထားတဲ့ဆပ်ပြာရည်တွေအစား ဆပ်ပြာခဲကိုသာသုံးပါ။ အလှအပ (Cosmetic) တွေကိုလည်း သဘာဝထုတ်ကုန်တွေနဲ့ ထုတ်လုပ်ထားတာတွေပဲသုံးပါ။ ဖန်ပုလင်းနဲ့ထည့်ထားတဲ့ထုတ်ကုန်တွေကိုသာ ဝယ်ယူပါ။ လစဉ်သုံး အမျိုးသမီးအသုံးအဆောင်တွေကိုလည်း ပြန်လည်အသုံးပြုနိုင်တဲ့ menstrual Cup လို အရာမျိုးကို ပိုသုံးပေးပါ။

သင့်ဗီရိုကို ပြန်လည်ဆန်းစစ်ပါ။

လူတွေတုပပြုလုပ်ထားတဲ့ ချည်မျှင် တွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေအစား သဘာဝချည်မျှင်တွေ၊ သိုးမွှေးထည်တွေကိုသာ ဝတ်ဆင်ပါ။ အနောက်တိုင်းနိုင်ငံတွေမှာဆို အဝတ်အစားအသစ်ဝယ်မယ့်အစား (Second hand) တစ်ပတ်ရစ် အဝတ်အစားတွေကိုသာ ဝယ်ယူအသုံးပြုဖို့အထိ ပြောထားကြပါတယ်။

ဒီလိုအစားထိုးနေထိုင် စားသောက်မှုတွေနဲ့ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချလိုက်ရအောင်နော်

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။