လူတွေမှာ ဆံပင်ဖြူတယ်ဆိုတာ သဘာဝပါပဲ။ အသက်ကြီးလာရင် ဆံပင်ဖြူမယ်လေ။ ဒါပေမယ့် ကိုယ့်အသက်က ငယ်ငယ်လေးနဲ့ ဆံပင်ဖြူတွေရှိနေရင် ဘယ်လိုလုပ်မလဲ။
လူတွေမှာ ဆံပင်ဖြူတယ်ဆိုတာ သဘာဝပါပဲ။ အသက်ကြီးလာရင် ဆံပင်ဖြူမယ်လေ။ ဒါပေမယ့် ကိုယ့်အသက်က ငယ်ငယ်လေးနဲ့ ဆံပင်ဖြူတွေရှိနေရင် ဘယ်လိုလုပ်မလဲ။

ဒီလိုငယ်ရွယ်တုန်းအချိန်မှာ ဆံပင်ဖြူတွေရှိလာတာကို အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းလို့ခေါ်ပါတယ်။ သဘာဝအတိုင်းမဟုတ်တော့တာကြောင့်ဆေးပညာအရ သိထားသင့်တဲ့အချက်တွေကိုဖော်ပြလိုက်ပါတယ်။ ဆံပင်ဖြူရခြင်းအကြောင်းရင်းတွေကအများကြီးရှိပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အစားအစာ၊ ဆံသားထိန်းသိမ်းမှုနည်းလမ်းမမှန်တာစတဲ့ နေထိုင်မှုပုံစံတချိုကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူစေနိုင်ပါတယ်။နောက်ထပ်အကြောင်းရင်းတွေကတော့ ဗီတာမင် B12 ချို့တဲ့မှု၊ဟော်မုန်းမညီမျှမှုနဲ့ အရွယ်မတိုင်မီသွေးဆုံးခြင်း တို့ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ(ဆံပင်ကိုအနက်ရောင်ဖြစ်စေတဲ့) melanin pigment ပုံမှန်ပမာဏလောက်ကို ပေါင်းစပ်ဓါတ်ပြုနိုင်တဲ့စွမ်းရည်က ကျဆင်းလာပါတယ်။ ဒါ့ကြောင့်ပဲဖြူလွလွ ဆံနွယ်တွေဖြစ်လာရတာပေါ့။
ဒီတော့ ဒီလို ပုံမှန်မဟုတ်ဘဲဖြူလာရတဲ့အကြောင်းရင်းတွေကိုသိထားမှ သင့်တော်တဲ့ ကုသထိန်းသိမ်းမှုကိုလုပ်နိုင်မှာဖြစ်လို့ အသက်ငယ်ငယ်နဲ့ဆံပင်ဖြူနေပြီဆိုရင် ကိုယ့်မှာရှိနေနိင်လောက်တဲ့ အောက်ပါအချက်တွေကို သတိထားပါ။
ဆံပင်ဖြူရတဲ့အကြောင်းရင်းတွေထဲကတစ်ခုက သိုင်းရွိုက်ရောဂါဖြစ်ပါတယ်။ သိုင်းရွိုက်ရဲ့လှုပ်ရှားမှုများလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေက ဆံသားအတွင်း melanin ထွက်ရှိမှုကို ထိခိုက်စေပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကိုဖြစ်လာစေနိုင်ပါတယ်။
B12 ဓာတ်ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာဆံပင်ဖြူနိုင်ပါတယ်။ ဗီတာမင်B12၊ ဇင့်နဲ့ ကော့ပါးတို့က ဆံသားအားဖြည့်ပေးတဲ့ဓာတ်တွေဖြစ်တာကြောင့် B12 ကြွယ်ဝတဲ့အစားအစာတွေကို နေ့စဉ်အာဟာရမှာ အမြဲထည့်စားပါ။
မိဘတွေမှာ ငယ်ငယ်လေးနဲ့ ဆံပင်ဖြူရှိခဲ့ဖူးရင် မွေးလာတဲ့သားသမီးမှာလည်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။
ခန္ဓာကိုယ်မှာ ဗီတာမင်Cနဲ့ E ချို့တဲ့နေရင်လည်း ဆံပင်ဖြူလာနိုင်ပါတယ်။ ဒီလိုချို့တဲ့ရင် melanin ထုတ်ပေးတဲ့ဆဲလ်တွေရဲ့ပမာဏကိုလျော့နည်းစေပြီး ဆံပင်ဖြူလာစေပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူစေတဲ့အကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ သောက်သုံးသူရဲ့ခန္ဓာကိုယ်ထဲမှာfree radicals ဓာတ်တွေထွက်ရှိစေပြီး melanin ကို လျော့နည်းစေပါတယ်။
အသင့်အလွယ်စားအစားအစာတွေက အသက်ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသင့်စား သို့မဟုတ် ပြုပြင်စီမံထားတဲ့အစားအစာတွေဟာ ဆံသားအတွင်းက melanin ဓာတ်ကို လျော့နည်းစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒီအစားအစာတွေကို ကြာရှည်စွဲမြဲစားသုံးသူတွေဟာ အရွယ်မတိုင်မီ ဆံပင်ဖြူလာဖို့များပါတယ်။
စိတ်ဖိစီးမှုက လူကိုထိခိုက်မှုများစွာဖြစ်လာစေနိုင်ပြီး စိတ်တုန်လှုပ်ခြင်း၊ဝမ်းနည်းခြင်း၊စိတ်ပူပန်ခြင်းတို့ကmelanin ဆဲလ်တွေကို ပမာဏလျော့စေပြီး ငယ်ငယ်နဲ့ဆံပင်ဖြူလာစေပါတယ်။
ဘာလို့ ဆံပင်ဖြူတွေတွေ့နေရလဲ။ အာဟာရမညီမျှတဲ့စားသောက်ပုံအလေ့အထရှိရင် ချို့တဲ့နေတဲ့အာဟာရတွေလည်း အများကြီးရှိမှာပါပဲ။ ကိုယ့်ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်အလုံအလောက်မရနိုင်တဲ့အခါ လုပ်ဆောင်ချက်တွေ ချို့ယွင်းလာတတ်တာကြောင့် ဆံပင်ဖြူတာ အပါအဝင် တခြားကျန်းမာရေးပြဿနာတွေပါဖြစ်စေနိုင်ပါတယ်။
ဒီလိုအသုံးများခြင်းက ဆံသားကို အားနည်းစေပါတယ်။ ဒီစက်တွေကနေထွက်ရှိလာတဲ့ အပူရှိန်က melanin ထွက်ရှိမှုကို ထိခိုက်စေပြီး ဆံပင်ဖြူလာစေနိုင်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်းကြောင့်ဖြစ်လာတဲ့ ဦးရေပြားမသန့်ရှင်းမှုကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဆံပင်ကို ဂရုမစိုက်ရင်တော့ ဆံပင်ကဖြူလာမှာပဲဖြစ်ပါတယ်။
မကြာခဏဆံပင်ဆိုးရင် ဆံသားပျက်စီးစေနိင်ပါတယ်။ ဒီဆိုးဆေးတွေမှာ ဓာတုပစ္စည်းတွေပါဝင်တာကြောင့် melanin ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်.
အရွယ်မတိုင်မီသွေးဆုံးခြင်းလက္ခဏာခံစားနေရသူတွေဟာ ငယ်ရွယ်စဉ်မှာဆံပင်ဖြူလာစေနိုင်ပါတယ်။
ဖောလစ်အက်စစ်ဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်အတော်များများအတွက် မရှိမဖြစ်ဓာတ်တစ်မျိုးဖြစ်ပြီး သူချို့တဲ့ပြီဆိုရင် ဆံပင်သန်စွမ်းမှုကိုနှေးကွေးစေနိုင်ရုံမက ဆံပင်ပါဖြူစေပါတယ်။
၁) စိတ်ဖိစီးမှုကိုလျော့ပါ
၂) အစားအသောက်ရွေးချယ်မှုခိုင်မာပါစေ
၃)ဆေးလိပ်ဖြတ်ပါ
၄) သိုင်းရွိုက်အခြေအနေကို ဆန်းစစ်ပါ
၅)ခေါင်းလျှော်ရည်အပြင်းစားတွေမသုံးပါနဲ့
၆) ဆံပင်ကို ဆီလိမ်းပါ။
၇)ရေမွှေးပါတဲ့ခေါင်းလိမ်းဆီတွေကိုရှောင်ပါ။
ဗာဒံစေ့အပါအဝင် အစေ့အဆံတွေကို စားသုံးပေးရင် ဆံပင်ဖြူခြင်းကို သက်သာစေနိုင်ပါတယ်။ ချောကလက်၊ ငှက်ပျောသီး၊ ဗာဒံစေ့တို့ကို ဖျော်သောက်ပေးရင် ဆံပင်နဲ့ အရေပြားကျန်းမာရေးအတွက်ကောင်းပါတယ်။