brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အပ်စိုက်ကုထုံး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးနိုင်သလဲ

အပ်စိုက်ကုထုံး ဆိုတာ ရာစုနှစ်တွေတိုင်အောင် သိရှိလာခဲ့ကြတဲ့ တရုတ်တိုင်းရင်းဆေးနည်းပညာတစ်မျိုး ဖြစ်ပါတယ်။ ဒီကုထုံးက acupuncture points (အပ်စိုက်တဲ့နေရာများ) လို့ခေါ်တဲ့ ခန္ခါကိုယ်ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေကို လှုံ့ဆော်ပေးပါတယ်။

အပ်စိုက်ကုထုံး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးနိုင်သလဲ

ဒီနည်းနဲ့ ခန္ဓါကိုယ်လုပ်ဆောင်မှုကို တိုးတက်စေတယ်၊ သဘာဝအတိုင်း မိမိကိုယ်မိမိ ပြန်လည်ကုသတဲ့ ဖြစ်စဉ် တိုးတက်စေတယ်လို့ ယုံကြည်ကြပါတယ်။

အပ်စိုက်ကုထုံး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးနိုင်သလဲ

နိုင်ငံအတော်များများက အသုံးပြုပြီးတဲ့နောက်မှာ အပ်စိုက်ကုထုံးဟာ ခေတ်မီဆေးလောကမှာ နေရာရလာပါတယ်။ ဒီကုထုံးက ခန္ဓါကိုယ်ရဲ့ စနစ်အမျိုးမျိုးကို လှုံ့ဆော်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာအောင်၊ အိပ်ပျော်အောင်၊ အစာကြေအောင်၊ နေထိုင်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။

နာတာရှည် နာကျင်မှုကို သက်သာစေခြင်း

Acupuncturists တွေက ဆေးအပ်တွေကို ခန္ဓါကိုယ်အရေပြားရဲ့ သတ်မှတ်ထားတဲ့ အမှတ်တွေမှာ ထိုးစိုက်လိုက်ပါတယ်။ ကုသမှုခံယူဖူးသူရဲ့အဆိုအရ ကုသမှုအပြီး နာကျင်မှု မခံစားရဘူးလို့ ဆိုပါတယ်။ အပ်စိုက်တယ်ဆိုတာ ချီ (qi) ခန္ဓါကိုယ်စွမ်းအားမညီမျှမှုကို ပြန်ထိန်းညှိပေးတယ်လို့ ဆိုပါတယ်။

အပ်စိုက်ကုထုံးရဲ့ သက်ရောက်မှုက ကျော၊ လည်ပင်းနဲ့ ပခုံးနာကျင်မှု၊ အဆစ်ရောဂါ၊ နာတာရှည်ခေါင်းကိုက်ခြင်း စတဲ့ နာတာရှည်နာကျင်မှုတွေကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ ၂၀၀၆ခုနစ်၊ University Medical Center of Berlin မှ လေ့လာချက်ထဲမှာ နာတာရှည်နာကျင်မှု ကုသတဲ့အခါ အပ်စိုက်ကုထုံးက တခြားကုသမှုတွေထက် ပိုပြီး ထိရောက်တယ်လို့ သက်သေပြထားပါတယ်။

ဒါပေမယ့် နာကျင်မှုအသစ်တွေအတွက် အပ်စိုက်ကုထုံးက သင့်ပထမ ဦးစားပေး မဖြစ်သင့်ပါဘူး။ သိပ္ပံပညာရှင်တွေက လူတစ်ယောက်နဲ့တစ်ယောက်က မတူညီတဲ့ နာကျင်စေသော အကြောင်းအရင်းတွေရှိတတ်ပြီး သင့်တော်သလို ကုသသင့်တယ်၊ တကယ်လို့ လိုအပ်ရင် အပ်စိုက်ကုထုံး အသုံးပြုပါ လို့ ဆိုထားပါတယ်။

Insomnia (အိပ်မပျော်သောရောဂါ) ကို ဘယ်လိုကူညီကုသပေးသလဲ။

အနောက်တိုင်းဆေးပညာအမြင်အရ အပ်စိုက်ကုထုံးက serotonin, melatonin, endorphins နဲ့ တခြားဟော်မုန်းတွေ လိုမျိုး အိပ်ပျော်စေဖို့ အဓိကကျတဲ့ hormones နဲ့ neurotransmitters အမျိုးမျိုးကို ထိန်းချုပ်ဖို့ ကူညီပေးပါတယ်။

အခြားတဖက်မှာတော့ တရုတ်တိုင်းရင်းဆေးပညာက လူနာရဲ့ qi ပိတ်ဆို့နေရင် မူမမှန်မှုအမျိုးမျိုး ဖြစ်နိုင်တယ်၊ အပ်စိုက်ကုထုံးက ခန္ဓါကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေရဲ့ သတ်မှတ်ထားသော acupuncture points တွေကို လှုံ့ဆော်ပေးခြင်းဖြင့် အဲ့ဒီပိတ်ဆို့မှုတွေကို ဖယ်ရှားပေးတယ် လို့ဆိုပါတယ်။

အပ်စိုက်ကုထုံးက အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ သိပ္ပံနည်းကျ သက်သေရှိပါတယ်။ ဥပမာ၊ Beijing University of Chinese Medicine က ၂၀၀၉ခုနစ်မှာ အပ်စိုက်ကုထုံးက အိပ်မပျော်တဲ့ ရောဂါလက္ခဏာကို လျှော့ချတဲ့နေရာမှာ အကျိုးသက်ရောက်မှုရှိကြောင်းကို တခြားကုသမှုတွေနဲ့ မယှဉ်ပဲ ကြီးမာတဲ့ meta-analysis တစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီ analysis (ခွဲခြမ်းစိတ်ဖြာလေ့လာမှု) မှာ ဆေးသောက်နေသော သို့မဟုတ် herbal treatment ခံယူနေတဲ့ လူနာတွေမှာ ဒီတိုင်းကုသမှုခံယူတာထက် အပ်စိုက်ကုထုံးရဲ့ အကူအညီပါယူတာက ပိုပြီးထိရောက်မှုရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါ့အပြင် အိပ်ပျော်စေတဲ့ ဆေးအတော်များများနဲ့ မတူတာက အပ်စိုက်ကုထုံးမှာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိတာပါ။

ခေါင်းကိုက်ခြင်း (headaches) နဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း (migraines) ကို သက်သာအောင် ဘယ်လိုကူညီနိုင်သလဲ။

Center for Complementary Medicine at the University of Munich မှ သုတေသနပညာရှင်တွေက အပ်စိုက်ကုထုံးက နာတာရှည် တင်းမာသော ခေါင်းကိုက်ခြင်း မကြာခဏ ဖြစ်တဲ့ လူနာတွေအတွက် ကောင်းမွန်တဲ့ ဆေးဝါးမပါသော ကုသမှုလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အပ်စိုက်ကုထုံးဟာ အနှောက်အယှက်မပေးတဲ့အပြင်၊ နာကျင်မှု မရှိသလောက်ပါပဲ။ Accupuncture professional က ကုသမှုခံယူမယ့် လူနာရဲ့ ရောဂါဝေဒနာသက်သာအောင် ကူညီဖို့ လူနာခန္ခါကိုယ်ရဲ့ တိကျတဲ့ အမှတ်တွေပေါ် အပ်စိုက်ပေးပါတယ်။

ဒါက ခန္ခါကိုယ်မှ ကုသပေးတဲ့ ဓါတုပစ္စည်းတွေ ထွက်စေပါတယ်။ ရပ်တန့် ပိတ်ဆို့နေတာတွေ ပွင့်စေပါတယ်။ နာတာရှည် ခေါင်းကိုက်ဝေဒနာခံစားနေရတဲ့ လူနာတွေအတွက် စိုးရိမ်စရာ မရှိပါပဲ ဘေးကင်းပြီး ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုလို့ သက်မှတ်ထားပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Wathun Myat Chal · 06/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။