ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဆိုတာ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ရရှိတဲ့ တွယ်ဆက်တစ်ရှုးရောဂါတစ်မျိုးဖြစ်ပြီး မျက်လုံးတွင်းမှန်မကောင်းခြင်း၊ အရပ်ပုခြင်း၊ ခေါင်းတိုပြီးပြားခြင်းနှင့် အဆစ်တောင့်ခြင်းတို့ပါဝင်ပါတယ်။
ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဆိုတာ အရမ်းရှားတဲ့ရောဂါတစ်မျိုးပါ။ ဖြစ်ပွားနှုန်းက တစ်သိန်းမှာ တစ်ယောက်နှုန်းဖြစ်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။
ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းလူနာတွေဟာ များသောအားဖြင့် ပုံမှန်ဉာဏ်ရည်ဉာဏ်သွေးပဲရှိကြပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းဟာ များသောအားဖြင့် ADAMTS10 မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ဖြစ်ရတာပါ။ တစ်ခါတစ်လေ FBN1 နဲ့ LTBP2 မျိုးရိုးဗီဇချို့ယွင်းမှုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းက ငုတ်လျိုးမျိုးဗီဇကြောင့်သော်လည်းကောင်း၊ လွှမ်းမိုးမျိုးရိုးဗီဇကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
ကလေးမှာ ထိုရောဂါရဲ့ ထင်ရှားလက္ခဏာတွေရှိနေမယ်ဆိုရင် ဆရာဝန်က ရောဂါရှာဖွေအတည်ပြုခြင်းကို ပြုလုပ်ပါလိမ့်မယ်။ မျိုးရိုးဗီဇစစ်ဆေးမှုတွေကနေ ရောဂါတွေ့ရှိနိုင်ပါတယ်။
ကလေးမှာ ထိုရောဂါရဲ့ ထင်ရှားလက္ခဏာတွေရှိနေမယ်ဆိုရင် ဆရာဝန်က ရောဂါရှာဖွေအတည်ပြုခြင်းကို ပြုလုပ်ပါလိမ့်မယ်။ မျိုးရိုးဗီဇစစ်ဆေးမှုတွေကနေ ရောဂါတွေ့ရှိနိုင်ပါတယ်။
ကုသမှုမရှိသေးသော်လည်း ဖြစ်လာမယ့် ရောဂါလက္ခဏာတော်တော်များများကို အနည်းဆုံးဖြစ်အောင် သို့မဟုတ် ပြန်လည်ကောင်းမွန်အောင်တော့ ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ ထိုရောဂါရှိသူတွေကို ဆရာဝန်တွေ ပူပေါင်းကုသစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ ကလေးဆရာဝန်များ၊ မျက်စိဆရာဝန်များ၊ အရိုးဆရာဝန်များနဲ့ နှလုံးဆရာဝန်များပါဝင်ပါတယ်။
မျက်လုံးစစ်ဆေးမှုပုံမှန်ပြုလုပ်ပေးခြင်းက မျက်လုံးရောဂါတွေကို စောစောတွေ့စောစောကုသမှုရရှိစေပါတယ်။ မျက်လုံးပြဿနာတွေကြောင့် အမြင်အာရုံဆုံးရှုံးမှုကို အနည်းဆုံးဖြစ်စေဖို့အတွက် အချိန်မှီသိအချိန်မှီကုသဖို့ အရေးကြီးပါတယ်။ မျက်မှန်တွေ၊ အမြင်အာရုံအကူပစ္စည်းတွေနဲ့ မျက်လုံးခွဲစိတ်ခြင်းတို့က အမြင်စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ Microspherophakia ဖယ်ရှားခြင်းကို မျက်လုံးတွင်းဖိအားတွေကို ထိန်းချုပ်နိုင်ဖို့၊ အမြင်အာရုံတိုးတက်စေဖို့ ပြုလုပ်သင့်ပါတယ်။ မျက်လုံးအတွင်းပိုင်းအရည်ဖိအားများခြင်း (ရေတိမ်ဖြစ်ခြင်း)ကို မျက်စဉ်းခတ်ခြင်း၊ လေဆာပြစ်ခြင်း၊ ခွဲစိတ်ခြင်းတို့ဖြင့် ဖြေရှင်းနိုင်ပါတယ်။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းလူနာတွေမှာ သူငယ်အိမ်ကျဉ်းခြင်း၊ကျယ်ခြင်းတွေက ရေတိမ်ဖြစ်စေနိုင်ပါတယ်။ သူငယ်အိမ်ကျဉ်းစေတဲ့ဆေးတွေကို ရှောင်ကျဉ်ရပါမယ်။ သူငယ်အိမ်ကျယ်စေတဲ့ဆေးတွေကိုတော့ သတိထားပြီး ပေးရပါမယ်။
ထုံးဆေးမေ့ဆေးတွေလိုအပ်လာပြီဆိုရင် အဆစ်တောင့်ခြင်း၊ အရိုးမကောင်းခြင်းတွေကြောင့် ထပ်တိုးပြဿနာတွေရှိလာနိုင်ပါတယ်။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်းလူနာတွေဟာ ဆရာဝန်၊ ခွဲစိတ်ကုနဲ့ မေ့ဆေးဆရာဝန်တို့ကို ရောဂါရှိကြောင်းအသိပေးသင့်ပါတယ်။ မေ့ဆေးနဲ့ ရောဂါပေါင်းစပ်သွားရင် လေပြွန်ပိတ်သွားနိုင်ပါတယ်။ ဝိုင်းလ်မာခီဆနီ ဆင်ဒရုန်း ရောဂါသည်ကလေးနဲ့ ကြုံတွေ့လာရင် အောက်ပါတို့ပြုလုပ်ဖို့ အကြံပြုထားပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။