brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)

Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) ဟာ ခြေထောက်ဆီမှ သွေးများ နှလုံးဆီမပြန်နိုင်တဲ့အခါ ရတတ်တဲ့ အနာတစ်မျိုးဖြစ်တယ်။ ခြေထောက်ဘေးဘက်၊ ခြေကျင်းဝတ်၊ ခြေသလုံးကြွက်သားအောက်ဖက်နားမှာ ဖြစ်လေ့ရှိပါတယ်။ ဖြေးဖြေးချင်း အနာကျက်ပြီး မကာကွယ်ပါက ပြန်ဖြစ်နိုင်ချေလည်းရှိပါတယ်။

Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)

လူကြီးတွေမှာဖြစ်တဲ့အနာတွေက လူငယ်တွေထက် ပိုဆိုးလေ့ရှိတယ်။ အပေါ်ယံရေပြားပျက်စီးသွားတဲ့အခါ အနာတွေဖြစ်လာပါတယ်။ ထိုအခြေအနေအဖြစ်များဆုံးက Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)တွေဖြစ်တယ်။ အများစုကနာကျင်မှုကင်းပေမယ့် တချို့ကတော့အလွန်နာကျင်ပါတယ်။ အထူးသဖြင့် မကုသတဲ့အခါပေါ့…။ မကုသတဲ့အနာတွေဟာ ပိုကြီးမားပြီး အရေပြားရောင်ရမ်းခြင်းကဲ့သို့ တခြားပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။

Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) နဲ့ကွာခြားတဲ့ အခြား အရေပြားပြည်တည်နာနှစ်မျိုးရှိတယ်။

Arteral skin ulcer (သွေးလွှတ်ကြောကြောင့်ဖြစ်သော ပြည်တည်နာ) – အဖြစ်နည်းပြီး၊ တခါတလေ နဲ့ပေါင်းဖြစ်တတ်ပါတယ်။ သွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့အခါ ဖြစ်ပေါ်တတ်ပြီး အလွန်အမင်းနာကျင်တတ်ပါတယ်။

Neuropathic skin ulcer (အာရုံကြောကြောင့်ဖြစ်သောပြည်တည်နာ) – သွေးချိုဆီးချိုကြောင့် အာရုံကြောထိခိုက်ပြီး ခြေထောက်အထိအတွေ့မသိသောသူများမှာ ဖြစ်တတ်ပါတယ်။

လက္ခဏာများ

ပထမဆုံးလက္ခဏာတွေကတော့ သွေးပြန်ကြောမှသွေးစိမ့်ထွက်နေသော နေရာတဝိုက်က အရေပြားမှာအနီရောင်၊ ခရမ်းပုတ်အရောင်ပြောင်းလာပါတယ်။ ခြေကျင်းဝတ်အပေါ်ဘက် အတွင်းပိုင်းမှာဖြစ်လေ့ရှိတယ်။ အရေပြားထူလာ၊ ခြောက်သွေ့လာပြီး ယားယံကာ အရေပြားများလန်လာတတ်ပါတယ်။ ခြေထောက်မှာ ရောင်ရမ်းနာကျင်မှုတွေလည်း ရှိနိုင်တယ်။ ထိုပြည်တည်နာများပေါက်သွားတဲ့အခါ နာကျင်ရောင်ရမ်းပြီး အနာကျက်ဖို့ တစ်လနဲ့အထက်ကြာနိုင်ပါတယ်။ အနံ့ဆိုးများလည်း ထွက်နိုင်တယ်။

ဒါ့အပြင် ဘတ်တီးရီးယားဝင်နိုင်ချေလည်း များပါတယ်။ တကယ်လို့ အနာရှိသူမှာ ဖျားလာမယ်၊ အနာကနေ အစိမ်းရောင် သို့မဟုတ် အရည်များထွက်လာမယ်၊ ပိုဆိုးလာမယ်၊ အနာတဝိုက်ရောင်ရမ်းလာမယ် ဆိုရင်တော့ ဆရာဝန်ချက်ခြင်းသွားပြသင့်ပါတယ်။

ဖြစ်စေသောအချက်များ

အဓိကပြဿနာကတော့ ခြေထောက်သွေးလွှတ်ကြောမှာ သွေးဖိအားတက်ခြင်းဖြစ်တယ်။ သွေးလွှတ်ကြောထဲက အဆို့များပျက်စီးပြီး သွေးများပြန်မတက်နိုင်ဘဲ သွေးကြောထဲနဲ့ အနားတဝိုက်က တစ်သျှူးတွေမှာ သွေးတွေပုံသွားစေပါတယ်။ ထိုအခါရောင်ရမ်းပြီး အရေပြားပျက်စီးကာ ပြည်တည်နာကဲ့သို့ ဖြစ်လာစေတယ်။

ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အဝလွန်ခြင်းကဲ့သို့ အချက်တွေက Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) များဖြစ်စေနိုင်ပါတယ်။ အချိန်ကြာ မတ်တပ်ရပ်ရသော အလုပ်လုပ်သူများမှာလည်း ဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr.Aye Myat Myat Noe · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။